Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ ကောရိန္သု 1

ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ယေသျှုခရစ်တော်၏ တမန်တော်အဖြစ် ခေါ်ခြင်းခံရသောသူ ပေါလုနှင့် ငါရို့၏ညီ သုဿင်ပါးမှ — 1

ကောရိန္သုမြို့၌ဟိသော ဘုရားသခင်၏ အသင်းတော်သို့ လည်းကောင်း၊ အရပ်ရပ်မှ ငါရို့နှင့် သူရို့၏အသျှင် ဖြစ်တော်မူသော အသျှင်ယေသျှုခရစ်တော်ကို ကိုးကွယ်သောသူ အပေါင်းရို့နှင့်တကွ ခရစ်တော်ယေသျှုအားဖြင့် ဘုရားသခင်၏ သန့်ယှင်းသော လူများဟု ခေါ်ခြင်းကို ခံရကြသောသူ အပေါင်းရို့ထံသို့ လည်းကောင်း စာရီးလိုက်ပါ၏။

ငါရို့၏ အဖဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီသောဝ်။

ခရစ်တော်၌ ကောင်းကြီးမင်္ဂလာ

ငါသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့ကို ဘုရားသခင် ပီးတော်မူသော ကျေးဇူးတော်ကို ထောက်၍ သင်ရို့အဖို့အလို့ငှာ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်ချီးမွမ်းပါ၏။ အကြောင်းမူကား သင်ရို့သည် ခရစ်တော်၌ ဟိကြသဖြင့် နှုတ်သတ္တိ၊ ဉာဏ်သတ္တိနှင့်တကွ အစစအရာရာတွင် ကြွယ်ဝပြည့်စုံလျက် ဟိကြ၏။ ငါရို့ သက်သီခံဟောပြောသော ခရစ်တော်၏အကြောင်း သတင်းကောင်းသည် သင်ရို့အထဲတွင် တည်ဆောက်လျက် ဟိ၏။ သို့ဖြစ်၍ သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော် ပြန်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်နိန်စဉ် သင်ရို့မခံရသော ကောင်းကြီးမင်္ဂလာဟူ၍ မဟိ။ ငါရို့ အသျှင်ယေသျှုခရစ်တော်၏ တရားစီရင်တော်မူရာနိ့တွင် သင်ရို့သည် အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်စီရန် ကိုယ်တော်သည် သင်ရို့အား အဆုံးတိုင်အောင် ခိုင်ခံ့စီတော်မူလိမ့်မည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်ရို့အား မိမိ၏သားတော်တည်းဟူသော ငါရို့၏အသျှင် ယေသျှုခရစ်တော်နှင့် မိတ်သဟာယ ဖွဲ့စီခြင်းငှာ သင်ရို့ကို ရွီးကောက်တော်မူ၏။

အသင်းတော်ထဲ၌ စိတ်ဝမ်းကွဲခြင်းများ

ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။ ငါ့ညီအစ်ကိုမောင်နှမရို့၊ သင်ရို့၌ အချင်းချင်းခိုက်ရန်ဖြစ်လျက် ဟိကြကြောင်းကို ကလောဣ၏မိသားစုပါးမှ ငါ ကြားသိရ၏။ 2သင်ရို့တွင်၊ “ငါကား ပေါလု၏တပည့်ဖြစ်၏။ ငါသည်ကား အာပေါလု၏တပည့်ဖြစ်၏။ ငါသည် ကေဖ၏တပည့်ဖြစ်၏။ ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟု တစ်ယောက်တစ်မျိုးစီ ပြောဆိုနိန်ကြသောကြောင့် ငါဆိုလို၏။ ခရစ်တော်ကို ကွဲပြားစီသလော၊3 ပေါလုသည် သင်ရို့အဖို့ လက်ဝါးကပ်တိုင်ထက်မှာ အသီခံပါသလော။ ထိုသို့မဟုတ် သင်ရို့သည် ပေါလု၏နာမကို အမှီပြု၍ ဗတ္တိဇံကို ခံယူခကြပါသလော။ 4

ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ငါသည် ကရိပ္ပုနှင့် ဂါယုမှ လွဲ၍ သင်ရို့အထဲမှ ဇာသူ့ကိုမျှ ဗတ္တိဇံမပီးခပါ။ သို့ဖြစ်၍ သင်ရို့သည် ငါ၏နာမကို အမှီပြု၍ ဗတ္တိဇံခံယူကြသည်ဟု ဇာသူမျှ မပြောနိုင်။ 5ငါသည် သတေဖန်နှင့် သူ၏မိသားစုကိုလည်း ဗတ္တိဇံပီးခ၏။ ထိုသူရို့မှလွဲ၍ အခြားဇာသူ့ကို ဗတ္တိဇံပီးခသည်ကို ငါ မမှတ်မိ။ ခရစ်တော်သည် ငါ့အား စီရွှတ်တော်မူသည်မှာ ဗတ္တိဇံပီးခြင်းငှာ မဟုတ်၊ လက်ဝါးကပ်တိုင်ထက်တွင် ခရစ်တော်၏ အသီခံခြင်းတန်ခိုးသည် အ​ချည်း​နှီး​မဖြစ်စီခြင်းငှာ လူရို့၏ဉာဏ်ပညာနှင့် ယှဉ်သောစကားများကို အသုံးမပြုဘဲ သတင်းကောင်းတရားကို ဟောပြောရန်ပင် ဖြစ်၏။

ဘုရားသခင်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတော် ဖြစ်တော်မူသည့်ခရစ်တော်

အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ ဇာကြောင့်ဆိုသော် ကျမ်းစာ၌ လာသည်ကား၊

“ပညာဟိရို့၏ ဉာဏ်ပညာကို ငါဖျက်ဆီးမည်။

ပညာတတ်ရို့၏ အသိပညာကိုလည်း ငါပယ်ယှားမည်” ဟူ၍ ဖြစ်၏။ ထို့ကြောင့် ပညာဟိကား ဇာမှာနည်း။ ကျမ်းတတ်ဆရာရို့ကား ဇာမှာဟိသနည်း။ ဤလောက၌ ပညာအလိမ္မာဖြင့် စကားငြင်းခုံတတ်သောသူရို့ကား ဇာမှာဟိသနည်း။ ဘုရားသခင်သည် လောကီပညာကို အချည်းနှီး ဖြစ်စီတော်မူယာ။

အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။ ယုဒလူရို့သည် သက်သီအဖြစ် နိမိတ်လက္ခဏာများကို တောင်းကြ၏။ ဟေလသလူရို့မူကား ဉာဏ်ပညာကို ရှာဖွီကြ၏။ ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။ သို့ရာတွင် ယုဒလူဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ဘုရားသခင် ခေါ်ထားတော်မူခြင်းကို ခံရကြသော သူရို့၌ကား ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြစ်ပေ၏။ အကြောင်းမူကား ဘုရားသခင်၏ အချည်းနှီးဖြစ်သော ဉာဏ်ပညာသည် လူရို့၏ဉာဏ်ပညာဟိခြင်းထက် သာ၍ ကောင်း၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူရို့၏ခွန်အားကြီးခြင်းထက် သာ၍ ကြီး၏။

ညီအစ်ကိုမောင်နှမရို့၊ ဘုရားသခင်သည် သင်ရို့အား ခေါ်သောအခါ လူ့အမြင်အားဖြင့် သင်ရို့တွင် ပညာဟိသူ၊ တန်ခိုးအာဏာဟိသူ၊ မျိုးရိုးကြီးမြင့်သူဟူ၍ များစွာမပါသည်ကို အောက်မိကြလော့။ ဘုရားသခင်သည် ပညာဟိရို့ကို အရှက်ရစီခြင်းငှာ လောက၌ မိုက်မဲသောသူရို့ကို ရွီးကောက်တော်မူ၏။ လောက၌ ခွန်အားကြီးသောသူရို့ကို အရှက်ရစီခြင်းငှာ ခွန်အားနည်းသောသူရို့ကို ရွီးကောက်တော်မူ၏။ လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ရှိ့တော်၌ ဇာသူမျှ ဝါကြွားစရာမဟိ။ သို့ရာတွင် ဘုရားသခင်အားဖြင့် သင်ရို့သည် ခရစ်တော်ယေသျှု၌ တည်နိန်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အား ငါရို့အတွက် ဉာဏ်ပညာ ဖြစ်စီတော်မူ၏။ ထိုအရာကား ငါရို့အတွက် ဖြောင့်မတ်ခြင်း၊ သန့်ယှင်းခြင်းနှင့် ရွီးနုတ်ခြင်း ဖြစ်တော်မူ၏။ ထို့ကြောင့် ကျမ်းစာလာသည်ကား၊ “ဝါကြွားလိုသောသူသည် သခင်ဘုရားပြုတော်မူပြီးသော အမှု၌သာ ဝါကြွားစီ” ဟု လာ၏။

Source notes (5)
  1. Cross-reference တ ၁၈.၁
  2. Cross-reference တ ၁၈.၂၄
  3. Footnote ခရစ်တော်ကို ကွဲပြားစီသလော၊ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် ခရစ်တော်သည် မကွဲပြားနိုင်ပေ၊ ဟူ၍ ပါဟိသည်။
  4. Cross-reference တ ၁၈.၈; တ ၁၉.၂၉; ရော ၁၆.၂၃
  5. Cross-reference ၁ ကော ၁၆.၁၅

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.