Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

ဟေဗြဲ 10:23

Verse 23 is marked below, with the whole chapter around it. Read from the start

ပညတ်တရားဟ နောင်လာမဲ့ ကောင်းသောအရာများရဲ့ အရိပ်မျှသာ ဖြစ်ပင်း ၎င်းလို့ရဲ့ ပုံသဏ္ဌာန် အစစ်အမန် မဟုတ်သောကျောန့် နှစ်စဉ် အမြဲမပြတ် ပူဇော်နေလဲ့ တူညီသောယဇ်များအားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူလို့ဟို မစုံလင်စေနိန်၊ အကယ်ယွေ့ စုံလင်စေနိန်ခဲ့ရင် ကိုးကွယ်သောသူလို့ဟ တခါတည်းနဲ့ သန့်ဆှင်းခြင်းဟို ရောက်လျက် အပစ်ဆိတာဟု အသိစိတ် မဆိတော့သဖြင့် ယဇ်ပူဇော်ခြင်းဟို ရပ်တန့်ကြလိမ့်မယ် မဟုတ်လော။ အားပေမဲ့ ဟေလို ပူဇော်ခြင်းအားဖြင့် အပစ်များဟို နှစ်စဉ် ပြန်လည်အောက်မေ့ကြအယ်။ အကျောန်းမှာ နွားနဲ့ ဆိတ်လို့ရဲ့ အသွေးဟ အပစ်များဟို မဖယ်ဆှားနိန်။

အဲကျောန့် ခရစ်တော်ဟ ဟေလောကဟို ကြွလာသောအခါ ဘုရားသခင်အား၊

“ကိုယ်တော်ဟ ယဇ်နဲ့ ပူဇော်သကာဟို အလို မဆိဘဲ

ငါလို့အတွက် ကိုယ်ခန္ဓာဟို ပြင်ဆင်ထားအယ်။

မီးရှို့ရာယဇ်နဲ့ အပစ်ဖြေရာ ပူဇော်သကာလို့ဟို

ကိုယ်တော် နှစ်သက်တော်မမူ။

အဲကျောန့် ပညတ်ကျမ်းစာတွင် ငါ့အကျောန်းဟို ရေးသားထားလဲ့အတိုင်း

‘အို ဘုရားသခင်၊ ငါဟ အလိုတော်ဟို ဆောင်ရွက်ရန် ရောက်လာပီ’ ဟု

ငါ ဝန်ခံအယ်” ဟု ဆှောက်ထားအယ်။

ကိုယ်တော်ဟ “မီးရှို့ရာယဇ်နဲ့ အပစ်ဖြေရာယဇ် အစဆိသော ယဇ်များနဲ့ ပူဇော်သကာများ ပညတ်တရားအရ ပြုအပ်လဲ့ဝတ်များပင် ဖြစ်သော်လည်း အဲအရာများဟို ဘုရားသခင် အလိုမဆိကျောန်း အားရနှစ်သက်ခြင်းလည်း မဆိ” ဟု ဦးရင် ဖော်ပြအယ်။ အဲပင်းရင် “ကိုယ်တော်ရဲ့ အလိုတော်ဟို ဆောင်ရွက်ရန် ငါလာအယ်” ဟု ဆိုအယ်။ အေးလိုဖြင့် ကိုယ်တော်ဟ ဒုတိယ ပူဇော်ခြင်းဟို တည်စေရန် ပထမ ပူဇော်ခြင်းဟို ပယ်ဖျက်အယ်။ အေးအလိုတော်နဲ့အညီ ယေရှု ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တကြိမ်တည်းနဲ့အပီး ပူဇော်ခြင်းအားဖြင့် ငါလို့ဟ သန့်ဆှင်းစေခြင်း ခံရကြအယ်။

ယဇ်ပုရောဟိတ် အားလုံးဟ နေ့စဉ်နေ့တိုင်း ရပ်ယွေ့ ဝတ်ပြုကာ အပစ်များဟို မဖယ်ဆှားနိန်လဲ့ တူညီသောယဇ်ဟို အကြိမ်ကြိမ် ပူဇော်နေကြအယ်။ အားပေမဲ့ ခရစ်တော်ဟ တခုတည်းသောယဇ်ဟို အပစ်များအတွက် ထာဝစဉ် ပူဇော်ပင်းရင် အဲအချိန်မှစယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်လျက် မိမိရဲ့ ရန်သူလို့ဟ မိမိခြေတင်ရာအဖြစ် ချထားခြင်း ခံရလဲ့တိုင်အောန် စောင့်ဆိုင်းနေအယ်။ အကျောန်းမှာ ကိုယ်တော်ဟ တခါတည်းသော ပူဇော်သကာအားဖြင့် သန့်ဆှင်းစေခြင်း ခံရသောသူလို့အား ထာဝစဉ် စုံလင်စေအယ်။

သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း ငါလို့အား သက်သေခံယွေ့

“ထာဝရဘုရားဟ အဲနေ့ရက်များနောက်တွင်

သူလို့နဲ့ ငါပြုမဲ့ ပဋိညာဉ်ဟ ဟေလိုတည်း။

ငါဟ ငါရဲ့ ပညတ်တရားလို့ဟို သူလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်သွင်းယွေ့

သူလို့ရဲ့ နေလုံးသားပေါ်မှာ ရေးထားမယ်” ဟု ဦးရင် သက်သေခံအယ်။

အဲပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟ “သူလို့ရဲ့ အပစ်များနဲ့ ဆိုးသွမ်းမှုများဟို ငါ သတိရတော့မှာ မဟုတ်” ဟု မိန့်အယ်။ ဟေအပစ် ဖြေလွှတ်ခွင့် ရဆိကြသောအခါ ကျေးဇူးဆိလဲ့နေရာတွင် အပစ်အတွက် ပူဇော်သကာများဟို ဆက်သရန် လိုတော့မယ် မဟုတ်။

အထံတော်ဟို တိုးဝင်ချဉ်းကပ်

အဲလိုမို့ ညီအကို မောင်နှမလို့၊ ယေရှုရဲ့ အသွေးတော်အားဖြင့် ရမ်းဆာ့ အသန့်ဆှင်းဆုံး ဌာနထဲဟို ယုံကြည်စိတ်ချစွာဖြင့် ဝင်ခွင့်ဆိအယ်။ အဲအသွေးတော်အားဖြင့် ကိုယ်တော်ဟ မိမိကိုယ်ခန္ဓာ တည်းဟူသော ကန့်လန့်ကာမှ တဆင့် ငါလို့အတွက် အသက်ဆှင်လဲ့ လမ်းသစ်ဟို ပြင်ဆင်ပေးအယ်။ ငါလို့နှိုက် ဘုရားသခင်ရဲ့ အိုင်တော်ဟို အုပ်စိုးလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ် ဆိတာဖြစ်ယွေ့ ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။ ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်ဟို စိတ်ချယုံကြည်နိန်တာ ဖြစ်ယွေ့ မိမိလို့ ဝန်ခံသော မျော်လင့်ခြင်းဟို စွဲကိုင်ထားကြစို့။ အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။ အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။

အကျောန်းမှာ ငါလို့ဟ သမ္မာတရားနဲ့ဆိုင်လဲ့ စစ်မန်သော အသိပညာဟို ရဆိပင်း တမင်တကာ ဆက်ယွေ့ အပစ်ပြုရင် အပစ်ဖြေရာယဇ် မဆိတော့ဘဲ တရားစီရင်ခြင်းဟို လည်းကောင်း၊ ဘုရားသခင်ဟို အတိုက်အခံပြုသူလို့အား ကျွမ်းလောင်စေမဲ့ အမျက်တော် မီးဟို လည်းကောင်း၊ ကြောက်ရွံ့လျက် စောင့်မျော်နေကြရန် ဆိတော့အယ်။ မောရှေရဲ့ ပညတ်တရားဟို ငြင်းပယ်သောသူဟ သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ သက်သေခံချက်အားဖြင့် သနားခြင်း မဆိဘဲ သေဒဏ်ပေးခြင်းဟို ခံရကြအယ်။ ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။ အကျောန်းမှာ “ငါဟ လက်စားချေပိုင်သူ ဖြစ်ယွေ့ ငါဟ ဆပ်ပေးမယ်” ဟု လည်းကောင်း၊ “ထာဝရဘုရားဟ မိမိရဲ့ လူမျိုးလို့အား တရားစီရင်လိမ့်မယ်” ဟု လည်းကောင်း၊ မိန့်သောသူဟ စသူဖြစ်တာဟို ငါလို့ သိကြအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ လက်တော်ဟို ကျရောက်ခြင်းဟ ကြောက်လန့်ဖွယ် ကောင်းအယ်။

မခင် နေ့ရက်များဟို သတိရကြလော့။ အဲအခါ နင်လို့ဟ ဘုရားသခင်ရဲ့ အလင်းဟို ခံယူရဆိပင်းနောက် ဆင်းရဲဒုက္ခဟို ပြင်းထန်စွာ ခံစားကြရသော်လည်း ခံနိန်ရည် ဆိခဲ့ကြအယ်။ နင်လို့ဟ တခါတရံ လူလို့ဆေ့နှိုက် ကဲ့ရဲ့ညှဉ်းဆဲခြင်းဟို ခံကြရအယ်၊ တခါတရံ အခြားသူလို့ ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရသောအခါနှိုက် နင်လို့ဟလည်း ပါဝင် ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရန် အသင့်ဆိကြအယ်။ နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။ အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။ ဘုရားသခင်ရဲ့ အလိုတော်ဟို ဆောင်ရွက်ပင်း ကတိတော်ဟို ခံစားရဆိနိန်ရန် နင်လို့နှိုက် လိုအပ်သောအရာမှာ သည်းခံခြင်း ဖြစ်အယ်။ အကျောန်းမှာ

“ကြွလာမဲ့သူဟ မဆိုင်းမလင့်ဘဲ

ကတစ်အတွင်းနှိုက် ကြွလာလိမ့်မယ်

နှောင့်နှေးလျက် နေလိမ့်မယ် မဟုတ်။

အားပေမဲ့ ငါရဲ့ ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်မယ်။

သူဟ တွန့်ဆုတ်ရင် ငါရဲ့ စိတ်ဝိညာဉ်ဟ

သူ့ဟို နှစ်သက်မယ် မဟုတ်” ဟု ဖော်ပြထားအယ်။

အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.