Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

ဟေဗြဲ 9

မြေကြီး တဲတော်နှိုက် ကိုးကွယ်ခြင်းနဲ့ ခေါန်းခင် တဲတော်နှိုက် ကိုးကွယ်ခြင်း

ပထမ ပဋိညာဉ်တွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စီရင်ချက်များနဲ့ လောကနှိုက်ဆိသော သန့်ဆှင်းရာ ဌာနတော်လည်း ဆိအယ်။ လူလို့ဟ သန့်ဆှင်းရာ ဌာနတော်ဟုခေါ်သော အပြင်တဲတော်ဟို တည်ဆောက်ကြအယ်။ အဲတဲတော်တွင် ဆီမီးခုံဟို လည်းကောင်း၊ ဘုရားသခင်အား ဆက်ကပ်သော မုန့်နဲ့ စားပွဲဟို လည်းကောင်း တွေ့ရအယ်။ ဒုတိယ ကန့်လန့်ကာနောက်နှိုက် ရမ်းဆာ့ သန့်ဆှင်းရာ ဌာနတော်ဟုခေါ်သော အခန်း ဆိအယ်။ အဲအထဲတွင် နံ့သာပေါင်းဟို မီးရှို့ရာ ဆွေပလ္လင်နဲ့ ဆွေဖြင့် မွမ်းမံထားလဲ့ ပဋိညာဉ် သေတ္တာ ဆိအယ်၊ အဲသေတ္တာအတွင်းနှိုက် မန္နမုန့်ထည့်ထားလဲ့ ဆွေအိုး၊ အဖူးထွက်လဲ့ အာရုန်ရဲ့ လှံတံနဲ့ ပညတ်တော်များ ရေးထားလဲ့ ကျောက်ပြားနေပြား ဆိအယ်။ သေတ္တာပေါ်တွင် ဘုန်းအသရေနဲ့ ပြေ့စုံသော ခေရုဗိမ်များ ဆိအယ်၊ အဲသူလို့ဟ ဘုရားသခင် ကိန်းဝပ်ခြင်းဟို သရုပ်ဖော်ကြအယ်၊ သူလို့ရဲ့ အတောင်များဟ အပစ်ဖြေရာ ပလ္လင်ဟို ဖြန့်လျက်နေအယ်။ အဲအရာများဟို အခု အသေးစိတ်ဖော်ပြရန် မလိုပေ။

အေးအရာလို့ဟို ပြင်ဆင်ပီးသောအခါ ယဇ်ပုရောဟိတ်လို့ဟ မိမိလို့ရဲ့ တာဝန်များဟို ဆောင်ရွက်ရာတွင် တဲတော်ရဲ့ ပထမအခန်းဟို နေ့စဉ် ဝင်ရကြအယ်။ အားပေမဲ့ ယဇ်ပုရောဟိတ်မင်း တပါးတည်းသာ တဲတော်ရဲ့ ဒုတိယအခန်းဟို ဝင်ရအယ်၊ သူဟ ဟေဟို ဝင်ရတာဟလည်း တနှစ် တကြိမ်သာ ဖြစ်ပင်း မိမိရဲ့ အတွက် လည်းကောင်း၊ လူလို့ မသိနားမလည်ယွေ့ ကျူးလွန်မိသော အပစ်များအတွက် လည်းကောင်း၊ ပူဇော်ရန် သွေးဟို ယူဆောင်ယွေ့ ဝင်ရအယ်။ ဟေထုံးစံအရ တဲတော်ရဲ့ ပထမခန်း တည်ဆိနေသမျှ ကာလပတ်လုံး ရမ်းဆာ့ သန့်ဆှင်းရာ ဌာနတော်ဟို ဝင်ရန် လမ်းဟ ပိတ်လျက်ဆိမယ်ဖြစ်ကျောန်း သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဆှင်းလင်းစွာ သွန်သင်အယ်။ အဲတဲတော်ဟ ဟေမျက်မှောက်ကာလအတွက် ပုံဥပမာ ဖြစ်ယွေ့ ပူဇော်သကာနဲ့ ယဇ်လို့ဟ ဝတ်ပြုသူရဲ့ စိတ်နေလုံးဟို မစုံလင်စေနိန်ကျောန်း ဖော်ပြအယ်။ အဲအရာလို့ဟ စားစရာ၊ သောက်စရာနဲ့ ဆေးကြောသန့်စင်ခြင်း ဝတ်များနဲ့ဆိုင်အယ်။ ဟေဟာဟ ပြင်ပနဲ့ ဆိုင်လဲ့ စည်းမျဉ်းများ ဖြစ်ယွေ့ ခပ်သိမ်းသောအရာလို့ဟို ဘုရားသခင် အသစ်ပြုပြင်မဲ့ ကာလတိုင်အောန်သာ တည်ဆိနေကြအယ်။

အားပေမဲ့ ခရစ်တော်ဟ ရောက်ဆိလာပင်းနောက်1 ကောင်းသောအရာများနဲ့ ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာပီ။ ကိုယ်တော်အမှုတော်ဆောင်ရာ တဲတော်ဟ ပိုယွေ့ ကြီးမြတ်ပင်း ပီးပြေ့စုံအယ်၊ အဲတဲတော်ဟ လူ့လက်ဖြင့် တည်ဆောက်တာ မဟုတ်၊ ဟေဖန်ဆင်းခံ လောကနဲ့ မဆိုင်။ ကိုယ်တော်ဟ ရမ်းဆာ့သန့်ဆှင်းရာ ဌာနတော်ထဲဟို တကြိမ်တည်း အပီး ဝင်သောအခါ ယဇ်ပူဇော်ရန် ဆိတ်နဲ့ နွားသငယ်လို့ရဲ့ အသွေးဖြင့် မဟုတ်ဘဲ၊ မိမိရဲ့ အသွေးတော်အားဖြင့် ဝင်ယွေ့ ငါလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးအယ်။ အကျောန်းမှာ ညစ်ညူးခြင်းဆိသော သူလို့အပေါ် ပက်ဖျန်းသော ဆိတ်အသွေး၊ နွားအသွေးနဲ့ နွားမသငယ်ရဲ့ ပြာလို့ဟ ကိုယ်ကာယဟို စင်ကြယ်စေယွေ့ သူလို့ဟို သန့်ဆှင်းစေတာဆိုရင်၊ ခရစ်တော်ရဲ့ အသွေးဟ အဲအရာလို့ထက် စလောက်ပိုယွေ့ သန့်ဆှင်းနိန်လိမ့်မလုန်း၊ ခရစ်တော်ဟ ထာဝရ ဝိညာဉ်တော်အားဖြင့် မိမိတတ်တိုင်း အပစ်အနာအဆာ ကင်းလဲ့ ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား ပူဇော်ဆက်သအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ အစေဟို ငါလို့ ဆောင်ရွက်နိန်ကြစေရန် ခရစ်တော်ရဲ့ အသွေးဟ အကျိုးမဲ့လဲ့ လုပ်ထုံးလုပ်နည်းများဟို လိုက်နာမှုကျောန့် မစင်ကြယ်သော ငါလို့ရဲ့ အသိစိတ်ဟို စင်ကြယ်စေလိမ့်မယ်။

အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။

သေတမ်းစာ အတည်ဖြစ်နိန်ရန် သေတမ်းစာဟို ရေးသားခဲ့သူဟ အမန်သေပီ ဖြစ်ကျောန်း အထောက်အထား ပြရမယ်။ သေတမ်းစာရေးသူ အသက်ဆှင်နေစဉ် သူရဲ့ သေတမ်းစာဟ အတည် မဖြစ်၊ အဲသူသေဆုံးပင်းမှသာ အတည် ဖြစ်အယ်။ အဲပထမ ပဋိညာဉ်2ပင် အသွေးဖြင့် အတည် ဖြစ်အယ်။ မောရှေဟ ပညတ်တရားတွင် ပါဆိလဲ့ ပညတ်ဆိသမျှလို့ဟို လူအားလုံးလို့အား နီမြန်းသော သိုးမွေးနဲ့ ဟုဿုပ်ပင်ခက်ဟို အသုံးပြုကာ ယေနဲ့ ရောသော နွားအသွေး၊ ဆိတ်အသွေးဖြင့် ပညတ်ကျမ်းစာဟို လည်းကောင်း၊ လူအားလုံးလို့ဟို လည်းကောင်း၊ ပက်ဖျန်းအယ်။ အေးနောက် မောရှေဟ “ဟေအသွေးဟ နင်လို့ လိုက်နာရန် ဘုရားသခင် ပေးအပ်သော ပဋိညာဉ်နဲ့ဆိုင်သော အသွေးဟို အတည် ဖြစ်စေအယ်” ဟု ဆိုအယ်။ အေးတိုင်းတိုင်း မောရှေဟ တဲတော်နဲ့တကွ ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုလဲ့ တန်ဆာဆိသမျှဟိုလည်း အသွေးဖြင့် ပက်ဖျန်းအယ်။ ပညတ်တရားအရ အရာခပ်သိမ်းဟ အသွေးအားဖြင့် သန့်ဆှင်းစေအယ်၊ အသွေး သွန်းလောင်းခြင်း မဆိရင် အပစ်ခွင့်လွှတ်ခြင်း မဆိ။

ခရစ်တော်ရဲ့ ပူဇော်ခြင်းဖြင့် အပစ်လွှတ်ခြင်း

အဲကျောန့် ခေါန်းခင်ဘုံနှိုက်ဆိသော အရာလို့ရဲ့ နမူနာများဟို အေးအရာများအားဖြင့် စင်ကြယ်စေရန် လိုအပ်အယ်။ အားပေမဲ့ ခေါန်းခင်နှိုက် ဆိသောအရာစစ်လို့ဟို အေးအရာများထက် သာယွေ့ မြတ်သောယဇ်အားဖြင့် သန့်ဆှင်းစေရန် လိုအပ်အယ်။ အကျောန်းမှာ ခရစ်တော်ဟ စစ်မန်သောအရာလို့ရဲ့ ပုံတူမျှသာဖြစ်လဲ့ လူ့လက်ဖြင့် တည်ဆောက်သော သန့်ဆှင်းရာ ဌာနထဲဟို မဝင်ဘဲ ငါလို့ကိုယ်စား အခု ဘုရားသခင်ရဲ့ ဆေ့နှိုက် ထင်ဆှားရန် ခေါန်းခင်ထဲဟို ဝင်အယ်။ ယဇ်ပုရောဟိတ်မင်းဟ တိရစ္ဆာန်များရဲ့ အသွေးဟို ယူယွေ့ နှစ်စဉ်နှစ်တိုင်း အသန့်ဆှင်းဆုံး ဌာနတော်ဟို ဝင်လေ့ဆိအယ်။ ခရစ်တော်ဟ ဟေလို ကြိမ်ဖန်များစွာ မိမိတတ်တိုင်း ပူဇော်ရန် မလို။ ဟေလို ပူဇော်ရရင် ကမ္ဘာတည်ချိန်မှ စယွေ့ ဒုက္ခဝေဒနာဟို အကြိမ်ကြိမ် ခံစားရလိမ့်မယ်။ အခုမှာ မိမိတတ်တိုင်း ပူဇော်ခြင်းအားဖြင့် အပစ်တရားဟို ပယ်လောရန် ကပ်ကာလအဆုံးနှိုက် တကြိမ်တည်း ပေါ်ထွန်းလာမယ်။ လူဟ တကြိမ်တည်း သေယွေ့ အေးနောက်မှ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းဟို ခံရအယ်။ အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။

Source notes (2)
  1. Footnote ရောက်ဆိလာပင်းနောက်၊ အချို့ လက်ရေးမူကျမ်းများတွင် လာလိမ့်မယ်၊ ဟု ပါဆိအယ်။
  2. Footnote ပဋိညာဉ်၊ ဟေလသဘာသာတွင် တူညီသော စကားလုံးမှာ အလိုတော်နဲ့ ပဋိညာဉ်ဟို ဆိုလိုအယ်။

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.