Skip to content
BibleKenya

မြန်မာကျမ်းစာ

၄ ဓမ္မရာဇဝင် 14

ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ နန်းစံ နှစ် နှစ် တွင်၊ “ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည်အသက်နှစ်ဆယ် ငါး နှစ် ရှိ သော် နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား၊ ယေရုရှလင် မြို့သူ ယုဒ္ဒန် အမည် ရှိ၏ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကိုပြု သော်လည်း ၊ အဘ ဒါဝိဒ် ၏ အကျင့်ကိုမမှီ ၊ ခမည်းတော် ယောရှ ပြု သမျှ အတိုင်း ပြု ၏ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏ အာမဇိသည် မင်း အာဏာတည် သောအခါ ၊ ခမည်းတော် မင်းကြီး ကိုသတ် သော ကျွန် တို့ကိုသတ် လေ ၏ သား အတွက် အဘ သည် အသေ မ ခံရ။ အဘ အတွက် သားသည် အသေမ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟု မောရှေ ပညတ္တိ ကျမ်းစာ ၌ ရေးထား လျက်ရှိသောထာဝရဘုရား ၏ ပညတ်တော် ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သား များကိုမ သတ် ဘဲ နေ၏ အာမဇိမင်းသည် ဧဒုံ အမျိုးသားတသောင်း ကို ဆားချိုင့် ၌ သတ် ၍ သေလ မြို့ကို တိုက် သဖြင့် ၊ ယနေ့ တိုင်အောင် ယုဿေလ ဟူ၍သမုတ် လေ၏ ထိုအခါ ဣသရေလ ရှင်ဘုရင် ယေဟု သား ယောခတ် ၏ သား ယဟောရှ ထံသို့ သံတမန် ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာ ချင်းဆိုင် မိကြကုန်အံ့ဟု မှာလိုက် လျှင်၊” ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ထံသို့ စေလွှတ် ၍ ၊ သင့် သမီး ကို ငါ့ သား နှင့် ပေးစား ပါဟု ဆို စဉ်တွင် ၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ၍ ဆူး ပင်ကို နင်း မိ ၏ သင်သည် ဧဒုံ ပြည်ကို လုပ်ကြံ သောကြောင့် စိတ် မြင့် လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါအဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကိုပြန်၍ မှာလိုက်လေ၏ ထိုစကားကို အာမဇိ သည် နား မ ထောင်သောကြောင့် ၊ ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ၍ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည် ဗက်ရှေမက် မြို့၌ မျက်နှာ ချင်း ဆိုင်မိကြသဖြင့်၊ “ ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏ ဣသရေလ ရှင်ဘုရင် ယဟောရှ သည်၊ ယုဒ ရှင်ဘုရင် အာခဇိ သား ဖြစ်သော ယောရှ ၏ သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွား ပြီးလျှင် ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏ ဗိမာန်တော် ၌၎င်း ၊ နန်းတော် ဘဏ္ဍာ တိုက်၌ ၎င်း ၊ ရှိသမျှ သော ရွှေ ငွေ မှစ၍ တန်ဆာ အလုံးစုံ နှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှရှမာရိ မြို့သို့ ပြန် သွား၏ ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ၊ တန်ခိုး ကြီးခြင်း၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ခြင်း အရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယေရောဗောင် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏ ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သည်နောက် ၊ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏ အာမဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ ထိုမင်း တဘက် ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ ၊ သူသည် လာခိရှ မြို့သို့ ပြေး သည်တွင်၊ ထိုမြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ၊ “ မြင်း ပေါ် ၌တင် လျက် ယေရုရှလင် မြို့သို့ ဆောင် ခဲ့၍ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ကြ၏ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် အသက် တဆယ် ခြောက် နှစ်ရှိသောသားတော် ဩဇိ ကိုယူ ၍ ခမည်းတော် အာမဇိ အရာ ၌ နန်း တင်ကြ၏ ထိုမင်း သည် ခမည်းတော် သေ သည်နောက် ၊ ဧလတ် မြို့ကိုပြုစု၍ ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ နန်းစံဆယ် ငါး နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သား ယေရောဗောင် သည် ရှမာရိ မြို့၌ မင်း ပြု၍ လေးဆယ် တနှစ် စိုးစံ၏ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကို မ စွန့် ဘဲနေ၏ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် ဂါသေဖာ မြို့နေ၊ အမိတ္တဲ ၏ သား ပရောဖက် ယောန အားဖြင့် မိန့် တော်မူသော စကား တော် အတိုင်း ၊ ထို မင်းသည် ဣသရေလ နိုင်ငံ ကို ဟာမက် မြို့ ဝင်ဝမှ သည် ချိုင့် ပင်လယ် တိုင်အောင် ရန်သူလက်မှ နှုတ် ၍ပြုစုလေ၏ အကြောင်း မူကား၊ ဣသရေလ အမျိုးခံရသောညှဉ်းဆဲ ခြင်းအလွန် လေးလံ သည်ကို၎င်း၊ မြို့၌ အချုပ် ခံရသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ ၊ ဣသရေလ အမျိုး၌ မစ နိုင်သောသူ မ ရှိသည်ကို၎င်း ၊ ထာဝရဘုရား သည်မြင် လျှင်၊ “ ဣသရေလ အမျိုး၏ နာမ ကို မိုဃ်း ကောင်းကင်အောက် ၌ မပျောက်စေမည်အကြောင်းကြံတော်မူ၍၊ ယဟောရှ သား ယေရောဗောင် အားဖြင့် ကယ်တင် တော်မူ ၏ ယေရောဗောင် ပြုမူ သော အမှု အရာကြွင်း လေ သမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်း၊ အထက်က ယုဒ နိုင်ငံအဝင်ဖြစ်သော ဒမာသက် မြို့နှင့် ဟာမက် မြို့ကို ဣသရေလ အမျိုးအဘို့ ၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ ယေရောဗောင် သည် ဘိုးတော် ဘေးတော်ဣသရေလ ရှင် ဘုရင်တို့နှင့် အိပ်ပျော် ၍ သားတော် ဇာခရိ သည် ခမည်းတော် အရာ ၌နန်း ထိုင်၏

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.