Skip to content
BibleKenya

မြန်မာကျမ်းစာ

၄ ဓမ္မရာဇဝင် 13

ယုဒ ရှင်ဘုရင် အာခဇိ သား ယောရှ နန်းစံ နှစ်ဆယ် သုံး နှစ် တွင် ၊ ယေဟု သား ယောခတ် သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခုနစ် နှစ် စိုးစံ၏ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက် လေ၏ ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ၊ ယောခတ်မင်း လက်ထက်ကာလပတ်လုံး၊ ရှုရိ ရှင်ဘုရင် ဟာဇေလ နှင့် သူ၏သား ဗင်္ဟာဒဒ် လက် သို့ ဣသရေလအမျိုးကို အပ် တော်မူ၏ တဖန် ယောခတ် သည် ထာဝရဘုရား ကို တောင်းပန် လေ၏။ ရှုရိ ရှင်ဘုရင် ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန် ခံရကြောင်း ကို ထာဝရဘုရား သည် မြင် ၍ ယောခတ်စကားကို နားထောင် တော်မူ၏ ရှုရိ ရှင် ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး ၍ ၊ စပါးနင်း ရာတွင် လွင့်သောအမှုန့် ကဲ့သို့ ဖြစ် စေသဖြင့် ၊ မြင်းစီး သူရဲ၊ ငါးကျိပ် ၊ ရထား တဆယ် ၊ ခြေ သည်သူရဲတသောင်း ကိုသာ ယောခတ် ၌ ကြွင်း စေ၏ ထို့ကြောင့် ထာဝရဘုရား သည် ကယ်တင် သော သခင်ကိုပေး တော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက် မှ ထွက်မြောက် ၍ အထက် ကနည်းတူ မိမိ တို့နေရာ ၌ နေ ရကြ၏ သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် မင်းမျိုး ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက်ကြ၏။ ရှမာရိ မြို့၌ လည်း အာရှရ ပင် ရှိသေး၏ ယောခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ ယောခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သားတော် ယဟောရှ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏ ယုဒ ရှင်ဘုရင် ယောရှ နန်းစံ သုံးဆယ် ခုနစ် နှစ် တွင် ၊ ယောခတ် သား ယဟောရှ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခြောက် နှစ် စိုးစံ၏ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကိုမ ရှောင် ၊ အကုန်အစင် လိုက်လေ၏ ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ ၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ရာတွင် ၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏ ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်း ကိုခံ လေ၏။ သားတော်ယေရောဗောင် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏ ထိုအခါ ဧလိရှဲ သည် သေနာ စွဲ၍ နာ နေစဉ် တွင်၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သည်လာ ၍ သူ့ ရှေ့ မှာ ငိုကြွေး လျက် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဆို ၏ ဧလိရှဲ ကလည်း ၊ လေး နှင့် မြှား တို့ကို ယူ လော့ဟု ဆို သည်အတိုင်း ရှင်ဘုရင်ယူ ၏ လေး ကိုတင် လော့ဟု တဖန် ဆို သည်အတိုင်း လေးကိုတင် ၍ ၊ ဧလိရှဲ သည် မိမိ လက် ကို ရှင်ဘုရင် လက် ပေါ် မှာ တင် လျက်၊ “ အရှေ့ ပြတင်းပေါက် ကို ဖွင့် လော့ဟုဆို ၍ ဖွင့် လေ၏။ ပစ် လော့ဟုဆို သည်အတိုင်း ရှင်ဘုရင်သည် ပစ် လေ၏။ ဧလိရှဲ ကလည်း ၊ ထာဝရဘုရား ကယ်တင် တော်မူရာမြှား ၊ ရှုရိ မင်းလက်မှ ကယ်နှုတ် ရာမြှား ဖြစ်၏။ အာဖက် မြို့၌ ရှုရိ လူတို့ကို အကုန်အစင် လုပ်ကြံ ရ လိမ့်မည်ဟု ဆို ၏ မြှား တို့ကိုယူ ဦးလော့ဟု တဖန် ဆို သည်အတိုင်း ၊ ရှင် ဘုရင်သည် ယူ ၏။ မြေ ပေါ်သို့ ရိုက် လော့ဟုဆို ၍ သုံး ကြိမ် ရိုက် လေ၏ ထိုအခါ ဘုရား သခင်၏လူ သည် အမျက် ထွက်၍ ၊ အဘယ်ကြောင့်ငါး ကြိမ်ခြောက် ကြိမ်မရိုက် သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိ လူတို့ကို အကုန်အစင်လုပ်ကြံ ရ လိမ့်မည်။ ယခု မူကား ၊ သုံး ကြိမ် သာ လုပ်ကြံ ရလိမ့်မည်ဟု ဆို ၏ ဧလိရှဲ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံပြီးမှ ၊ နောင် နှစ် တွင် မောဘ တပ်သား တို့သည် ဣသရေလပြည် ကို တိုက်လာ ကြ၏ ဣသရေလလူတို့သည် လူ တယောက်ကို သင်္ဂြိုဟ် စဉ်တွင်၊ မောဘတပ် လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲ သင်္ချိုင်း တွင်း၌ ချ ထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲ အရိုး တို့ကို ထိ သောအခါ ၊ အသက်ရှင် ပြန်သဖြင့် မတ်တတ်ထ ၏ ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ယောခတ် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ညှဉ်းဆဲ ၏ ထာဝရဘုရား သည် သူ တို့ကို သနား စုံမက်၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ် ကို အောက်မေ့ လျက် သူ တို့ကို မ ဖျက်ဆီး ၊ အထံ တော်မှ မ နှင်ထုတ် သေးဘဲ ကြည့်ရှု ပြုစုတော်မူ၏ ရှုရိ ရှင်ဘုရင် ဟာဇေလ သေ ၍ ၊ သားတော် ဗင်္ဟာဒဒ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏ ဟာဇေလသည် စစ်တိုက်၍ ယောခတ် မင်း လက် မှ နှုတ်ယူ သော မြို့ ရွာတို့ကို ယောခတ် သား ယဟောရှ သည် ဟာဇေလ သား ဗင်္ယာဒဒ် လက် မှ နှုတ်ယူ ၏။ သုံး ကြိမ် တိုင်အောင်ယဟောရှ သည်နိုင်၍ ဣသရေလ မြို့ ရွာတို့ကို ရပြန်လေ၏

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.