Skip to content
BibleKenya

ဗျာ​ဒိတ်

Revelation

Introduction from this edition

ဗျာ​ဒိတ်​ကျမ်း

နိဒါန်း

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်​ကိုး​ကွယ်​မှု ကြောင့် ခ​ရစ်​ယာန်​တို့​ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း ခံ​ကြ​ရ​ချိန်​၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ယော​ဟန် မြင်​ရ​၍​ဗျာ​ဒိတ်​ကျမ်း​ကို​ရေး​သား​ခြင်း​ဖြစ် ပေ​သည်။ ကျမ်း​ပြု​သူ​၏​အ​ဋ္ဌိ​က​ရည်​ရွယ်​ချက်​မှာ ဤ​ကျမ်း​ကို​ဖတ်​ရှု​ရ​သူ​တို့​သည်​မျှော်​လင့် ချက်​ရှိ​ပြီး​စိတ်​အား​တက်​စေ​ရန်​နှင့်​ဆင်း​ရဲ ဒုက္ခ​ရောက်​ချိန်၊ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ ချိန်​တို့​၌ သူ​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ စေ​ရန်​ဖြစ်​ပေ​သည်။

ဤ​ကျမ်း​တွင်​ထို​ခေတ်​ထို​အ​ခါ​က​ခ​ရစ်​ယာန် များ​မှ​လွဲ​၍​အ​ခြား​သူ​အ​ပေါင်း​တို့​နား​လည် နိုင်​ရန် ခက်​ခဲ​သည့်​အ​မှတ်​လက္ခ​ဏာ​များ​ဖြင့် ဖော်​ပြ​ထား​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​များ အ​ပြား​ပါ​ရှိ​၏။ ဤ​ကျမ်း​၏​အ​ဋ္ဌိ​က​အ​ကြောင်း အ​ရာ​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​မျိုး​မျိုး​ဖြင့် အ​ဖန် ဖန်​အ​ထပ်​ထပ်​တင်​ပြ​ထား​လေ​သည်။ ယ​နေ့ ခေတ်​တွင်​ဤ​ကျမ်း​ကို​အ​သေး​စိတ်​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖွင့်​ဆို​ရာ​တွင် သ​ဘော​ကွဲ​လွဲ​မှု များ​ရှိ​သည်။ သို့​ရာ​တွင်​ဤ​ကျမ်း​၏​အ​ဋ္ဌိ က​အ​ကြောင်း​အ​ရာ​သည်​ကား ရှင်း​လင်း ပြတ်​သား​လျက်​ရှိ​ပေ​သည်။ ယင်း​အ​ဋ္ဌိ​က အ​ကြောင်း​အ​ရာ​မှာ​ထာ​ဝ​ရ​ဘု​ရား​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် စာ​တန် အ​ပါ​အ​ဝင်​ရန်​သူ​အ​ပေါင်း​တို့​အား​နောက် ဆုံး​သော​ကာ​လ​၌ အ​ပြီး​အ​ပြတ်​နှိမ်​နင်း အောင်​မြင်​တော်​မူ​ပြီး​နောက်​သစ္စာ​စောင့်​သော ကိုယ်​တော်​၏​လူ​စု​တော်​အား​မိုး​ကောင်း​ကင် သစ်၊ ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​ယှဉ်​သော​သု​ခ ချမ်း​သာ​ကို​ခံ​စား​စေ​တော်​မူ​မည်​ဖြစ် ကြောင်း​တည်း။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း ၁:၁-၈*

ပ​ဏာ​မ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ၊ အ​သင်း​တော် (၇) ပါး​သို့​ပေး​ပို့ သည့်​စာ​များ ၁:၉-၃:၂၂*

ချိပ်​တံ​ဆိပ်​ခု​နစ်​ခု​ပါ​သည့်​စာ​စောင် ၄:၁-၈:၁*

တံ​ပိုး​ခ​ရာ​ခု​နစ်​ခု ၈:၂-၁၁:၁၉*

မြွေ​န​ဂါး​နှင့်​သား​ရဲ​နှစ်​ကောင် ၁၂:၁-၁၃:၁၈*

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​မျိုး​မျိုး ၁၄:၁-၁၅:၈*

ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ပါ​ရှိ​သည့် ဖ​လား​ခု​နစ်​လုံး ၁၆:၁-၂၁*

ဗာ​ဗု​လုန်​မြို့​ပျက်​စီး​ခြင်း၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​နှင့်

စာ​တန်​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ခြင်း ၁၇:၁-၂၀:၁၀*

နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ၂၀:၁၁-၁၅*

ကောင်း​ကင်​သစ်၊ မြေ​ကြီး​သစ်၊ ယေ​ရု​ရှ​လင်​မြို့​သစ် ၂၁:၁-၂၂:၅*

နိ​ဂုံး ၂၂:၆-၂၁ *

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.