Common Language Bible
ဗျာဒိတ် 21
ကောင်းကင်သစ်နှင့်ကမ္ဘာသစ်
ထိုနောက်ကောင်းကင်သစ်နှင့်ကမ္ဘာသစ်ကိုငါ မြင်ရ၏။ ယခင်ကောင်းကင်ဟောင်းနှင့်ကမ္ဘာ ဟောင်းသည်ကွယ်ပျောက်သွားလေပြီ။ ပင်လယ် သမုဒ္ဒရာသည်လည်းမရှိတော့ပေ။-1 ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။-2 ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-3 ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။4
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။- ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-5 အောင်မြင်သောသူသည်ဤကတိတော်ကိုခံစား ရလိမ့်မည်။ ငါသည်သူ၏ဘုရားဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။-6 သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့သစ်
ထိုနောက်နောက်ဆုံးဘေးဒဏ်ခုနစ်ပါးဖြင့် ပြည့်သောခွက်ဖလားခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက်တစ်ပါး သည်ငါ့ထံသို့လာ၍``လာပါ။ သိုးသူငယ်၏ ဇနီးတည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကိုသင့်အားငါပြမည်။'' ဟုဆို၏။- ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။-7 ထိုမြို့သည်ဘုရားသခင်၏ဘုန်းအသရေတော် နှင့်ထွန်းလင်း၍ကျောက်သလင်းသဖွယ်ကြည်လင် သည့်နဂါးသွဲ့ကျောက်မျက်ရတနာကဲ့သို့ အရောင်အဝါတောက်ပလျက်နေ၏။- ထိုမြို့တွင်တံခါးပေါက်တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီးရှိ၏။ ထိုတံခါးပေါက် တို့တွင်ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးစောင့် ၍ဣသရေလအမျိုးတစ်ဆယ့်နှစ်ပါးတို့၏ နာမည်များကိုတံခါးများပေါ်၌ရေးထား လျက်ရှိ၏။-8 အရှေ့ဘက်တွင်တံခါးပေါက်သုံးပေါက်၊ မြောက် ဘက်တွင်သုံးပေါက်၊ တောင်ဘက်တွင်သုံးပေါက်၊ အနောက်ဘက်တွင်သုံးပေါက်ရှိ၏။- မြို့ရိုးတွင်အုတ်မြစ်ကျောက်တစ်ဆယ့်နှစ်ခုရှိ၏။ ထိုကျောက်များအပေါ်တွင်သိုးသူငယ်တော်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏နာမည်များ ကိုရေးထားလျက်ရှိ၏။- ငါနှင့်စကားပြောသောကောင်းကင်တမန်၏လက် တွင်မြို့ကိုလည်းကောင်း၊ မြို့တံခါးများကိုလည်း ကောင်း၊ မြို့ရိုးကိုလည်းကောင်းတိုင်းထွာရန်ရွှေ ကူလုံးရှိ၏။-9 ထိုမြို့သည်အနားလေးဘက်ညီသောထောင့်မှန် စတုဂံပုံရှိ၍အလျားနှင့်အနံတူညီ၏။ ကောင်း ကင်တမန်သည်ကူလုံးဖြင့်မြို့ကိုတိုင်းထွာရာ အလျား၊ အနံ၊ အမြင့်မှာမိုင်တစ်ထောင့်ငါး ရာစီရှိကြောင်းတွေ့ရ၏။- ထိုနောက်မြို့ရိုးကိုတိုင်းရာကောင်းကင်တမန် အသုံးပြုသည့်လူတို့၏အတိုင်းအထွာအရ၊ အမြင့်နှစ်ရာတစ်ဆယ့်ခြောက်ပေရှိသတည်း။- မြို့ရိုးကိုနဂါးသွဲ့ကျောက်ဖြင့်ဆောက်လုပ်ထား၏။ မြို့တော်ကြီးကားဖန်ရောင်ထနေသောရွှေစင်ဖြင့် ပြီး၏။-10 မြို့ရိုးအုတ်မြစ်များကိုကျောက်မျက်ရတနာ အမျိုးမျိုးတို့ဖြင့်ခြယ်လှယ်ထား၏။ ပထမအုတ် မြစ်မှာနဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာမဟူရာ၊ စတုတ္ထ အုတ်မြစ်မှာမြ၊- ပဉ္စမအုတ်မြစ်မှာကြောင်၊ ဆဋ္ဌမအုတ်မြစ်မှာပတ္တမြား၊ သတ္တမအုတ်မြစ်မှာဂေါဒန်ကျောက်၊ အဋ္ဌမအုတ်မြစ် မှာမျက်ရွဲ၊ နဝမအုတ်မြစ်မှာဥဿဖရား၊ ဒသမ အုတ်မြစ်မှာမဟူရာစိမ်း၊ ဧကဒသမအုတ်မြစ် မှာစိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်မှာဂေါ် မုတ်ဖြစ်သတည်း။- မြို့တံခါးတစ်ခုလျှင်ပုလဲတစ်လုံးဖြင့်ပြုလုပ် ထားသဖြင့် မြို့တံခါးတစ်ဆယ့်နှစ်ခုတို့သည်ပုလဲ တစ်ဆယ့်နှစ်လုံးဖြစ်ကြ၏။ မြို့၏လမ်းတို့ကိုလည်း ကြည်လင်သည့်ဖန်ကဲ့သို့ရွှေစင်ဖြင့်ပြုလုပ်ထား လေသည်။
ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။- ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-11 လူမျိုးတကာတို့သည်ထိုမြို့၏အလင်းရောင်ကို အမှီပြု၍သွားလာကြလိမ့်မည်။ ကမ္ဘာပေါ်ရှိရှင် ဘုရင်တို့သည်လည်းမိမိတို့၏စည်းစိမ်ဥစ္စာများ ကိုထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။-12 မြို့တံခါးတို့ကိုတစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထို မြို့၌ညအချိန်မရှိသဖြင့်မြို့တံခါးတို့ကို အဘယ်အခါ၌မျှပိတ်ထားလိမ့်မည်မဟုတ်။-13 လူမျိုးတကာတို့သည်မိမိတို့၏ဘုန်းအသရေ နှင့်စည်းစိမ်ဥစ္စာများကိုထိုမြို့သို့ယူဆောင်လာ ကြလိမ့်မည်။- သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။14
Source notes (14)
- Cross-reference ဟေရှာ၊ ၆၅:၁၇၊ ၆၆:၂၂။ ၂ပေ၊ ၃:၁၃။
- Cross-reference ဟေရှာ၊ ၅၂:၁၊ ၆၁:၁၀။ ဗျာ၊ ၃:၁၂။
- Cross-reference ယေဇ၊ ၃၇:၂၇။ ဝတ်၊ ၂၆:၁၁-၁၂။
- Cross-reference ဟေရှာ၊ ၂၅:၈၊ ၃၅:၁၀၊ ၆၅:၁၉။
- Cross-reference ဟေရှာ၊ ၅၅:၁။
- Cross-reference ၂ရာ၊ ၇:၁၄။ ဆာ၊ ၈၉:၂၆-၂၇။
- Cross-reference ယေဇ၊ ၄၀:၂။
- Cross-reference ယေဇ၊ ၄၈:၃၀-၃၅။
- Cross-reference ယေဇ၊ ၄၀:၃။
- Cross-reference ဟေရှာ၊ ၅၄:၁၁-၁၂။
- Cross-reference ဟေရှာ၊ ၆၀:၁၉-၂၀။
- Cross-reference ဟေရှာ၊ ၆၀:၃။
- Cross-reference ဟေရှာ၊ ၆၀:၁၁။
- Cross-reference ဟေရှာ၊ ၅၂:၁။ ယေဇ၊ ၄၄:၉။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.