Common Language Bible
ဆာလံ 82
ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူသော ဘုရားသခင်
ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။
ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။
သူယုတ်မာတို့၏မျက်နှာကိုထောက်၍
တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။
ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။
ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။
သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။
``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။
သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။
တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
သင်တို့သည်ဘုရားများဖြစ်ကြောင်း၊
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။1
သို့ရာတွင်သင်တို့သည်လူသာမန်များနည်းတူ သေရကြမည်။
မင်းသားတို့နည်းတူအသက်ကုန်ဆုံးရကြမည်။''
အို ဘုရားသခင်၊
ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။
လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။
Source notes (1)
- Cross-reference ယော၊ ၁၀:၃၄။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.