Common Language Bible
ဆာလံ 81
ပွဲသဘင်သီချင်း
ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အား
ဝမ်းမြောက်စွာသီချင်းဆိုကြလော့။
ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။
လဆန်းနေ့နှင့်လပြည့်နေ့တွင်ပွဲသဘင်
ကျင်းပရန်အတွက်တံပိုးခရာမှုတ်ကြ လော့။1
ဤသို့ပွဲသဘင်ကျင်းပရန်ဣသရေလ အမျိုးသားတို့၌ဥပဒေရှိပေသည်။
ယာကုပ်၏ဘုရားသခင်ပေးတော်မူသော အမိန့်တော်လည်းဖြစ်ပေသည်။
ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်က
ယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။
မသိမကျွမ်းသောအသံကိုငါကြားရ၏။
ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက်
သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါ
ငါသည်သင်တို့အားကယ်ခဲ့၏။
မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။
မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။2
ငါ၏လူစုတော်တို့၊ငါသတိပေးသည်ကို နားထောင်စေချင်စမ်းပါဘိ။
ဣသရေလအမျိုးသားတို့၊သင်တို့သည်ငါ့ စကားကို နားထောင်ကြလော့။
သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။3
ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။
ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့်
သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။
ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။
သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။
သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍
တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။
Source notes (3)
- Cross-reference တော၊ ၁၀:၁၀။
- Cross-reference ထွ၊ ၁၇:၇။ တော၊ ၂၀:၁၃။
- Cross-reference ထွ၊ ၂၀:၂-၃။ တရား၊ ၅:၆-၇။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.