Skip to content
BibleKenya

Common Language Bible

ဆာ​လံ 73

အ​တွဲ ၃

(ဆာ​လံ၊၇၃-၈၉)

ဘု​ရား​သ​ခင်​၏​တ​ရား​မျှ​တ​မှု

ဘု​ရား​သ​ခင်​သည်​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း သူ​များ

ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မှန်​ပင် ကျေး​ဇူး​ပြု​တော်​မူ​၏။

သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကောင်း​စား​သည်​ကို မြင်​ရ​သော​အ​ခါ

မောက်​မာ​သူ​တို့​ကို​မ​ရှု​လို​စိတ်​ရှိ​သ​ဖြင့်​ငါ သည် ခ​လုတ်​တိုက်​၍​လဲ​လု​ပါ​ပြီ။

ငါ​၏​ခြေ​တို့​သည်​လည်း​တိမ်း​ချော်​လု​ပြီ။

ထို​သူ​တို့​သည်​ဝေ​ဒ​နာ​မ​ခံ​စား​ရ​ကြ။ ကျန်း​မာ​သန်​စွမ်း​သူ​များ​ဖြစ်​ကြ​၏။

သူ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့​ဝေ​ဒ​နာ မ​ခံ​ရ​ကြ။ အ​ခြား​သူ​များ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ရ​ကြ။

သို့​ဖြစ်​၍​သူ​တို့​သည်​မာန်​မာ​န​ကို​လည်​ဆွဲ တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း၊

အ​ကြမ်း​ဖက်​မှု​ကို​ဝတ်​လုံ​ကဲ့​သို့​လည်း ကောင်း ဝတ်​ဆင်​ကြ​၏။

သူ​တို့​၏​စိတ်​နှ​လုံး​မှ​မ​ကောင်း​မှု​များ​ကို ထုတ်​ဖော်​၍

သူ​တို့​၏​စိတ်​သည်​ယုတ်​မာ​သည့်​အ​ကြံ​အ​စည် များ​ကို​တွေး​တော​လျက်​နေ​ကြ​၏။

သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ပြက်​ရယ် ပြု​ကာ ညစ်​ညမ်း​သည့်​အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။

မောက်​မာ​လျက်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှဉ်း​ဆဲ​ရန်​ကြံ​စည်​ကြ​၏။

သူ​တို့​သည်​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ဘု​ရား သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို​လျက်၊

ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​အား​မောက်​မာ​စွာ​အ​မိန့်​ပေး ကြ​၏။

ထို​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ပင်​လျှင်

သူ​တို့​ဘက်​သို့​ပါ​လျက်​သူ​တို့​ပြော​သ​မျှ​သော စ​ကား​ကို​ယုံ​ကြ​လေ​သည်။1

သူ​တို့​က``ဘု​ရား​သ​ခင်​သည်​သိ​တော်​မူ​လိမ့်​မည် မ​ဟုတ်။

အ​မြင့်​မြတ်​ဆုံး​အ​ရှင်​သည်​တွေ့​မြင်​တော်​မူ လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​တတ်​ကြ​၏။

ဤ​ကား​သူ​ယုတ်​မာ​တို့​ပြု​ကြ​ပုံ​ပင်​ဖြစ်​ပေ​သည်။

သို့​သော်​သူ​တို့​သည်​ကောင်း​စား​၍​အ​စဉ်​ပင် စည်း​စိမ်​ချမ်း​သာ​တိုး​လျက်​နေ​ကြ​၏။

သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​စိတ်​နှ​လုံး​ကို

ဖြူ​စင်​သန့်​ရှင်း​စေ​လျက်​အ​ပြစ်​မ​ပြု​ဘဲ​နေ သည်​မှာ အ​ချည်း​နှီး​ပေ​လော။

အို ဘု​ရား​သ​ခင်၊

ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​တစ်​နေ့​လုံး ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။

ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​နံ​နက်​တိုင်း ဒဏ်​ခတ်​တော်​မူ​ပါ​ပြီ။

ကျွန်​တော်​မျိုး​သည်​ဤ​နည်း​အ​တိုင်း​ပြော​ဆို ခဲ့​လျှင်

ကိုယ်​တော်​၏​လူ​စု​တော်​ကို​ကိုယ်​စား​ပြု​၍ ပြော​ဆို​သည်​မ​ဟုတ်​ပါ။

သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဤ​အ​ခြင်း​အ​ရာ​ကို သိ​ရှိ​နား​လည်​ရန်​ကြိုး​စား​၍​စဉ်း​စား​ဆင်​ခြင် ပါ​၏။

သို့​ရာ​တွင်​ယင်း​ကို​နား​လည်​နိုင်​ရန်​လွန်​စွာ ခက်​ခဲ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော် ထဲ​သို့ ရောက်​ရှိ​သည့်​အ​ခါ​ကျ​မှ​သာ​လျှင်

သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​ရ​ကြ မည်​ကို သိ​ရှိ​နား​လည်​လာ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ခြေ​ချော်​တတ်​သည့်

နေ​ရာ​များ​တွင်​ခြေ​ချော်​စေ​တော်​မူ​၍ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​ပါ​မည်။

သူ​တို့​သည်​ချက်​ချင်း​ပင်​သေ​ကြေ​ပျက်​စီး ကြ​ပါ​၏။

သူ​တို့​၏​နောက်​ဆုံး​ဖြစ်​အင်​သည်​ကြောက်​မက်​ဖွယ် ကောင်း​လှ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

သူ​တို့​သည်​နံ​နက်​ချိန်​၌​ပျောက်​ကွယ် သွား​သည့် အိပ်​မက်​နှင့်​တူ​ပါ​၏။

ကိုယ်​တော်​ရှင်​နိုး​ထ​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ပျောက်​ကွယ်​သွား​ကြ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​၍ စိတ်​နာ​ကြည်း​သော​အ​ခါ

တိရစ္ဆာန်​ကဲ့​သို့​မိုက်​မဲ​သ​ဖြင့်​ကိုယ်​တော်​ရှင်​၏ ရှေ့​တော်​၌​အ​သိ​ပညာ​မ​ရှိ​ပါ။

သို့​သော်​လည်း​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော် ရှင်​၏ ထံ​တော်​ပါး​တွင်​အ​စဉ်​အ​မြဲ​နေ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ လက်​ကို​ဆွဲ​ကိုင်​ထား​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကြံ​ပေး​၍

လမ်း​ပြ​တော်​မူ​ပြီး​လျှင်​နောက်​ဆုံး​၌

ကျွန်​တော်​မျိုး​အား​ချီး​မြှင့်​ရန်​လက်​ခံ​တော်​မူ လိမ့်​မည်။

ကျွန်​တော်​မျိုး​မှာ​ကိုယ်​တော်​ရှင်​မှ​လွဲ​၍ ကောင်း​ကင်​ဘုံ​တွင်​အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။

ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​ရှိ​တော်​မူ​လျှင်

ကမ္ဘာ​မြေ​ပေါ်​၌​အ​ဘယ်​အ​ရာ​ကို​လို​ပါ​တော့ မည်​နည်း။

ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။

ကိုယ်​တော်​ရှင်​အား​စွန့်​ပစ်​ကြ​သူ​တို့​သည် အ​ကယ်​စင်​စစ် သေ​ကျေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​အား​သစ္စာ​ဖောက်​သူ​တို့​ကို

ကိုယ်​တော်​ရှင်​သည်​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

သို့​သော်​လည်း​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ဘု​ရား​သ​ခင်​၏ အ​ပါး​တော်​တွင်​နေ​ရ​ခြင်း၊

အ​ရှင်​ဘု​ရား​၏​ထံ​တော်​၌​ခို​လှုံ​ရ​ခြင်း​နှင့် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​ပေါင်း​ကို

ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​တို့​သည်​လွန်​စွာ​မြတ် နိုး​ဖွယ် ဖြစ်​ပါ​သည်​တ​ကား။

Source notes (1)
  1. Cross-reference ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​ပါ။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.