Skip to content
BibleKenya

Common Language Bible

ဆာ​လံ 72

ရှင်​ဘု​ရင်​အ​တွက်​ဆု​တောင်း​ပတ္ထနာ

အို ဘု​ရား​သ​ခင်၊

ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​နှင့်​အ​ညီ စီ​ရင်​ဆုံး​ဖြတ် နိုင်​ရန်​မင်း​ကြီး​အား​သွန်​သင်​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​တ​ရား​မျှ​တ​စွာ အုပ်​ချုပ်​နိုင်​စေ​ရန်​လည်း​ကောင်း၊

ဆင်း​ရဲ​သော​သူ​တို့​ကို​တ​ရား​တော်​နှင့်​အ​ညီ အုပ်​စိုး​နိုင်​စေ​ရန်​လည်း​ကောင်း

ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​အ​တိုင်း စီ​ရင်​နိုင်​ခွင့်​ကို​မင်း​ကြီး​အား​ပေး​တော် မူ​ပါ။

တိုင်း​ပြည်​တွင်​သာ​ယာ​ဝ​ပြော​၍​တ​ရား မျှ​တ​မှု စိုး​မိုး​ခြင်း​ရှိ​ပါ​စေ​သော။

မင်း​ကြီး​သည်​ဆင်း​ရဲ​သူ​တို့​အား​မျှ​တ​စွာ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ပါ​စေ​သော။

ချို့​တဲ့​နွမ်း​ပါး​သူ​တို့​အား​ကူ​မ​တော်​မူ​ပါ စေ​သော။

ဖိ​စီး​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း​တော်​မူ​ပါ စေ​သော။

နေ​သည်​ထွန်း​လင်း​လျက်၊လ​သည်​အ​လင်း​ရောင် ပေး​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်

ကိုယ်​တော်​ရှင်​အား​ကာ​လ​အ​စဉ်​အ​ဆက် ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။

မင်း​ကြီး​သည်​လယ်​ယာ​များ​အ​ပေါ်​သို့ ရွာ​ချ​သည့် မိုး​ကဲ့​သို့​လည်း​ကောင်း၊

မြေ​ပြင်​ပေါ်​သို့​ကျ​ရောက်​လာ​သည့်​မိုး​ပေါက် များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​စေ​သော။

မင်း​ကြီး​၏​လက်​ထက်​၌​တ​ရား​မျှ​တ​မှု စိုး​မိုး​ပါ​စေ​သော။

လ​သည်​အ​လင်း​ရောင်​ပေး​လျက်​နေ​သ​မျှ ကာ​လ​ပတ်​လုံး​သာ​ယာ​ဝ​ပြော​မှု​ရှိ​ပါ စေ​သော။

မင်း​ကြီး​သည်​ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင် တိုင်​အောင်​လည်း​ကောင်း၊

ဥ​ဖ​ရတ်​မြစ်​မှ​မြေ​ကြီး​စွန်း​တိုင်​အောင် လည်း​ကောင်း အုပ်​စိုး​လိမ့်​မည်။1

သဲ​ကန္တာ​ရ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် မင်း​ကြီး​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ကြ​ပါ​လိမ့်​မည်။

မင်း​ကြီး​၏​ရန်​သူ​များ​သည်​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။

စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။

အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ

ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

ဘု​ရင်​အ​ပေါင်း​တို့​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။

လူ​မျိုး​တ​ကာ​တို့​သည်​လည်း​မင်း​ကြီး​၏ အ​စေ​ကို ခံ​ကြ​ပါ​လိမ့်​မည်။

မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊

ချို့​တဲ့​နွမ်း​ပါး​၍​ခို​ကိုး​ရာ​မဲ့​သူ​တို့ အား​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​၏။

ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။

သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့်

အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။

မင်း​ကြီး​သည်​သက်​တော်​ရှည်​ပါ​စေ​သော။

အာ​ရေ​ဗျ​ပြည်​မှ​ရွှေ​များ​ကို​လက်​ဆောင်​ပဏ္ဏာ အ​ဖြစ်​ရ​ရှိ​ပါ​စေ​သော။

လူ​တို့​သည်​မင်း​ကြီး​၏​အ​တွက်​အ​စဉ်​ဆု​တောင်း ပတ္ထ​နာ​များ​ပြု​ကြ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အ​စဉ်​အ​မြဲ ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

တိုင်း​ပြည်​အ​တွင်း​၌​စား​နပ်​ရိက္ခာ​ပေါ​များ​ပါ စေ​သော။

လေ​ဗ​နုန်​တောင်​တွင်​သစ်​တော​များ​ဖြင့် ဖုံး​အုပ်​လျက်​ရှိ​သ​ကဲ့​သို့

တောင်​ကုန်း​များ​သည်​ကောက်​ပဲ​သီး​နှံ​များ ဖြင့် ဖုံး​အုပ်​လျက်​ရှိ​ပါ​စေ​သော။

မြို့​ကြီး​များ​ရှိ​လူ​ဦး​ရေ​သည်​ကွင်း​ပြင်​ရှိ မြက်​ကဲ့​သို့​ထူ​ထပ်​ပေါ​များ​ပါ​စေ​သော။

မင်း​ကြီး​၏​နာ​မ​တော်​သည်​တည်​မြဲ​ပါ စေ​သော။

ဂုဏ်​သ​တင်း​တော်​သည်​နေ​ကဲ့​သို့​အ​စဉ်​အ​မြဲ တည်​နေ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​ကောင်း​ချီး ပေး​တော်​မူ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​တို့​သည်

မိ​မိ​တို့​အား​လည်း​ကောင်း၊ကောင်း​ချီး​ပေး​တော် မူ​ရန် ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ကြ​ပါ​စေ​သော။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။

ကိုယ်​တော်​သာ​လျှင်​ဤ​သို့​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​တို့​ကို​ပြု​တော်​မူ​၏။

ဘုန်း​ကြီး​သော​နာ​မ​တော်​ကို​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ကြ​လော့။

ကမ္ဘာ​မြေ​ကြီး​တစ်​ပြင်​လုံး​၌​ဘုန်း​တော်​နှင့် ပြည့်​ပါ​စေ​သော။

အာ​မင်။ အာ​မင်။

ဤ​တွင်​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​ဆု​တောင်း​ပတ္ထနာ များ​ပြီး​ဆုံး​၏။

Source notes (1)
  1. Cross-reference ဇာ၊ ၉:၁၀။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.