Skip to content
BibleKenya

Common Language Bible

ဆာ​လံ 53

လူ​တို့​၏​ဆိုး​ညစ်​ယုတ်​မာ​မှု

(ဆာလံ၊ ၁၄။)

လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​တတ်​ကြ​၏။

သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​သော​အ​မှု​တို့​ကို​ပြု​ကြ​လေ​ပြီ။

မှန်​ရာ​ကို​ပြု​ကျင့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။

ဘု​ရား​သ​ခင်​သည်​အ​သိ​ပ​ညာ​ရှိ​သူ​များ၊ မိ​မိ​အား ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို​သိ​မြင် နိုင်​ရန်

ကောင်း​ကင်​ဘုံ​မှ​လူ​သား​တို့​အား​ကြည့်​တော် မူ​၏။

သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​ကုန်​လေ​ပြီ။

သူ​တို့​အား​လုံး​ပင်​လျှင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။

သူ​တို့​တွင်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​မ​ရှိ။

တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။1

ဘု​ရား​သ​ခင်​က

``သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။

ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။

သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ဝင်​များ​ထံ​မှ လု​ယူ​တိုက်​ခိုက်​၍​အ​သက်​မွေး​ကြ​ကုန်​၏။

ငါ့​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု​ကြ'' ဟု မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို

ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည်

တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည်​ဇိ​အုန်​တောင်​တော်​မှ

ထွက်​ပေါ်​လာ​စေ​ရန်​ငါ​သည်​စိတ်​အား​ထက်​သန်​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။

ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား

တစ်​ဖန်​ပြန်​လည်​၍​ကောင်း​စား​စေ​တော်​မူ​သော အ​ခါ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။

Source notes (1)
  1. Cross-reference ရော၊ ၃:၁၀-၁၂။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.