Skip to content
BibleKenya

Common Language Bible

ဆာ​လံ 52

ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကျေး​ဇူး​တော်

တန်​ခိုး​ကြီး​သော​အ​ချင်း​လူ၊အ​ဘယ်​ကြောင့် မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ကြွား​ဝါ​သ​နည်း။

ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည်​အ​စဉ်​အ​မြဲ​တည်​၏။

သင်​သည်​သူ​တစ်​ပါး​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို ကြံ​စည်​တတ်​၏။

သင်​၏​လျှာ​သည်​သင်​တုန်း​ဋ္ဌား​ကဲ့​သို့​ထက်​မြက်​၏။

သင်​သည်​မ​ဟုတ်​မ​မှန်​သည့်​စ​ကား​ကို​အ​စဉ်​ပင် လုပ်​ကြံ​ပြော​ဆို​တတ်​၏။

သင်​သည်​အ​ကောင်း​ထက်​အ​ဆိုး​ကို​လည်း​ကောင်း၊

သစ္စာ​စ​ကား​ထက်​မု​သား​စ​ကား​ကို​လည်း​ကောင်း ပို​၍​နှစ်​သက်​တတ်​၏။

အ​ချင်း​လူ​လိမ်၊သင်​သည်​မိ​မိ​၏​နှုတ်​အား​ဖြင့်

လူ​တို့​အား​ထိ​ခိုက်​နစ်​နာ​အောင်​ပြော​ဆို​ရန် နှစ်​သက်​ပါ​သည်​တ​ကား။

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင့်​အား​ထာ​ဝ​စဉ် ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည်​သင့်​ကို​နေ​အိမ်​မှ​ဆွဲ​ထုတ် တော်​မူ​လိမ့်​မည်။

သင့်​ကို​သက်​ရှင်​နေ​သူ​တို့​နေ​ထိုင်​ရာ​လူ့​ပြည်​မှ ဖယ်​ရှား​တော်​မူ​လိမ့်​မည်။

သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​လျှင် ကြောက်​လန့်​ကြ​လိမ့်​မည်။

သူ​တို့​သည်​သင့်​အား​ကြည့်​၍​ပြုံး​ရယ်​ကြ​လျက်

``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကို

အား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။

သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။

ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​အ​နီး​တွင် ပေါက်​သည့်​သံ​လွင်​ပင်​နှင့်​တူ​၏။

ငါ​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​ကို ကာ​လ​အ​စဉ်​အ​မြဲ​ကိုး​စား​၏။

အို ဘု​ရား​သ​ခင်၊

ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက်

ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။

ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ရှေ့​တွင်​ထုတ်​ဖော် ကြေ​ညာ​ပါ​မည်။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.