Skip to content
BibleKenya

Common Language Bible

ဆာ​လံ 130

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ

အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​ကြေ​ကွဲ​ရာ​မှ ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​ပါ။

ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​တောင်း​လျှောက် သံ​ကို နား​ထောင်​တော်​မူ​ပါ။

အ​ကယ်​၍​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ရေး​မှတ်​ထား​မည်​ဆို​ပါ​က

အ​ဘယ်​သူ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​နိုင်​ပါ​မည်​နည်း။

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။

ထို့​ကြောင့်​ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​အား ရို​သေ​ကျိုး​နွံ​ကြ​ပါ​၏။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကို စောင့်​မျှော်​လျက်​နေ​၏။

ကိုယ်​တော်​၏​က​တိ​တော်​ကို​ယုံ​ကြည်​ကိုး​စား​ပါ​၏။

ကင်း​စောင့်​တို့​သည်​အ​ရုဏ်​တက်​ချိန်​ကို စောင့်​မျှော်​သည်​ထက်

ငါ​သည်​ဘု​ရား​ရှင်​ကို​ပို​၍​စောင့်​မျှော်​လျက်​နေ​၏။

အို ဣ​သ​ရေ​လ၊ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည် ခိုင်​မြဲ​သည်​ဖြစ်​၍​ကိုယ်​တော်​သည်​ကယ်​တော်​မူ​ရန်

အ​ခါ​ခပ်​သိမ်း​အ​သင့်​ရှိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။

ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ဖြစ်​သော

ဣသ​ရေ​လ​အား​အ​ပြစ်​အ​ပေါင်း​မှ ကယ်​တော်​မူ​လိမ့်​မည်။1

Source notes (1)
  1. Cross-reference မ၊ ၁:၂၁။ တိ၊ ၂:၁၄။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.