Common Language Bible
ဆာလံ 125
ဘုရားသခင်၏လူစုအတွက်ဘေးမဲ့လုံခြုံမှု
ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည်
မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
တောင်ရိုးတို့သည်ယေရုရှလင်မြို့ကိုဝန်းရံလျက် နေသကဲ့သို့ထာဝရဘုရားသည်
ယခုမှစ၍ကာလအစဉ်အဆက်မိမိ၏ လူစုတော်ကိုဝန်းရံလျက်နေတော်မူ၏။
သူယုတ်မာတို့သည်ဖြောင့်မတ်သောသူတို့၏ ပြည်ကို အစဉ်အမြဲအုပ်စိုးရလိမ့်မည်မဟုတ်။
အကယ်၍ယင်းသို့အုပ်စိုးရကြပါမူ၊
ဖြောင့်မတ်သောသူတို့ကိုယ်တိုင်ပင်လျှင် မကောင်းမှုကိုပြုကောင်းပြုကြပေလိမ့်မည်။
အို ထာဝရဘုရား၊
ဖြောင့်မတ်သူ၊ကိုယ်တော်ရှင်၏အမိန့်ကိုနာခံ သူများအားကျေးဇူးပြုတော်မူပါ။
သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ
နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။
ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.