Skip to content
BibleKenya

Common Language Bible

ဆာ​လံ 124

လူ​စု​တော်​ကို​ကွယ်​ကာ​တော်​မူ​သော ဘု​ရား​သ​ခင်

အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ

ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း။

အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ဖြေ​ကြား​ကြ​လော့။

ငါ​တို့​အား​ရန်​သူ​များ​တိုက်​ခိုက်​ကြ​စဉ်​အ​ခါ​က

ထာ​ဝ​ရ​ဘု​ရား​သာ​ငါ​တို့​ဘက်​၌​ရှိ​တော် မ​မူ​ခဲ့​လျှင်

သူ​တို့​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍

ငါ​တို့​အား​အ​ရှင်​လတ်​လတ်​ဝါး​မျို​လိုက်​ကြ လိမ့်​မည်။

ထို​နောက်​ငါ​တို့​သည်​ရေ​စီး​ရာ​သို့​မျော​ပါ​သွား​၍ ရေ​သည်​ငါ​တို့​ကို​လွှမ်း​မိုး​လိမ့်​မည်။

ငါ​တို့​သည်​အ​ဟုန်​ပြင်း​သည့်​ရေ​စီး​ချောင်း​တွင် နစ်​မြုပ်​သွား​ကြ​လိမ့်​မည်။

ငါ​တို့​ကို​ရန်​သူ​များ​အုပ်​ဖမ်း​ကိုက်​စား​သည့်

အ​စာ​ဖြစ်​ခွင့်​ပေး​တော်​မ​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန်​စို့။

ငါ​တို့​သည်​မု​ဆိုး​၏​ကျော့​ကွင်း​မှ​လွတ်​မြောက် လာ​သော ငှက်​ကဲ့​သို့​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။

ကျော့​ကွင်း​ပြတ်​၍​ငါ​တို့​လွတ်​မြောက်​ရ​ကြ​၏။

ငါ​တို့​သည်​ကူ​ညီ​မ​စ​မှု​ကို​ကောင်း​ကင်​နှင့် ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော

ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ရှိ​ကြ သ​တည်း။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.