Skip to content
BibleKenya

Common Language Bible

ဆာ​လံ 115

တစ်​ဆူ​တည်း​စစ်​မှန်​သော​ဘု​ရား

အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်

သစ္စာ​တော်​ကြောင့်​ကိုယ်​တော်​တစ်​ပါး​တည်း ၌​သာ​လျှင် ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​ပါ​၏။

ကျွန်​တော်​မျိုး​တို့​၌​ဘုန်း​အ​သ​ရေ​မ​ရှိ​ပါ။

``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု

လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား မေး​ရ​ကြ​ပါ​သနည်း။

ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍

အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။

သူ​တို့​ဘု​ရား​များ​ကား​ရွှေ​ငွေ​ဖြင့်​ပြီး​၍ လူ့​လက်​ဖြင့် ပြု​လုပ်​သော​ဘု​ရား​များ​ဖြစ်​ကြ​၏။

ယင်း​တို့​သည်​နှုတ်​များ​ပါ​ရှိ​လျက်​နှင့်​စ​ကား မပြော​နိုင်။

မျက်​စိ​များ​ပါ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်။

နား​များ​ပါ​ရှိ​လျက်​နှင့်​မ​ကြား​နိုင်။

နှာ​ခေါင်း​များ​ရှိ​ပါ​လျက်​နှင့်​အ​နံ့​မ​ရ​နိုင်။

လက်​များ​ပါ​ရှိ​လျက်​နှင့်​မ​ထိ​မ​တွေ့​နိုင်။ ခြေ​များ​ရှိ​ပါ​လျက်​နှင့်​လမ်း​မ​လျှောက်​နိုင်။

သူ​တို့​သည်​အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​နိုင်။

ထို​ရုပ်​တု​တို့​ကို​ပြု​လုပ်​သူ​များ​နှင့်​ကိုး​စား သူ​တို့​သည်

မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။1

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ​ဘု​ရား ကို ကိုး​စား​ကြ​လော့။

ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

အ​ချင်း​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ် တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ကြ​လော့။

ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။

ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သ​တိ​ရ​တော် မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏

ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ကောင်း ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ

အ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။2

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်

သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။

ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။

ကောင်း​ကင်​ကို​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း သာ​လျှင် ပိုင်​တော်​မူ​၏။

ကမ္ဘာ​မြေ​ကြီး​ကို​မူ​ကား​လူ​သား​တို့​အား ပေး​တော်​မူ​၏။

သေ​လွန်​ကြ​သူ၊ဆိတ်​ငြိမ်​ရာ​သို့

သက်​ဆင်း​ကြ​သူ​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​မ​ပြု​ကြ။

သို့​ရာ​တွင်​အ​သက်​ရှင်​နေ​သူ​ငါ​တို့​မူ​ကား

ယ​ခု​မှ​စ​၍​အ​စဉ်​အ​ဆက်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

Source notes (2)
  1. Cross-reference ဆာ၊ ၁၃၅:၁၅-၁၈။ ဗျာ၊ ၉:၂၀။
  2. Cross-reference ဗျာ၊ ၁၁:၁၈၊ ၁၉:၅။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.