Skip to content
BibleKenya

Common Language Bible

ဆာ​လံ 114

ပ​သ​ခါ​ပွဲ​တော်​သီ​ချင်း

ယာ​ကုပ်​၏​သား​မြေး​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်

နိုင်​ငံ​ရပ်​ခြား​အီ​ဂျစ်​ပြည်​မှ​ထွက်​သွား​ကြ သော​အ​ခါ၊1

ယု​ဒ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​တော် ပိုင်​တော်​မူ​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။

ပင်​လယ်​နီ​သည်​မြင်​၍​ထွက်​ပြေး​လေ​၏။

ယော်​ဒန်​မြစ်​သည်​မ​စီး​တော့​ဘဲ​ရပ်​တန့် သွား​၏။2

တောင်​ကြီး​တို့​သည်​ဆိတ်​များ​ကဲ့​သို့​လည်း​ကောင်း၊

တောင်​ငယ်​တို့​သည်​သိုး​များ​ကဲ့​သို့​လည်း​ကောင်း ခုန်​ပေါက်​ကြ​၏။

အ​ချင်း​ပင်​လယ်၊သင်​သည်​အ​ဘယ်​ကြောင့် ထွက်​ပြေး​ပါ​သ​နည်း။

အ​ချင်း​ယော်​ဒန်​မြစ်၊သင်​သည်​အ​ဘယ်​ကြောင့် မ​စီး​ဘဲ​ရပ်​တန့်​ပါ​သ​နည်း။

တောင်​ကြီး​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ဆိတ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ​သ​နည်း။

တောင်​ငယ်​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် သိုး​သ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ သ​နည်း။

အ​ချင်း​မြေ​ကြီး၊ယာ​ကုပ်​၏​ဘု​ရား၊

ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​၌ ရှေ့​တော်​တွင် တုန်​လှုပ်​လျက်​နေ​လော့။

ကိုယ်​တော်​သည်​ကျောက်​တောင်​ကို​ရေ​အိုင်၊ ကျောက်​ဆောင်​ကို​စမ်း​ချောင်း​ဖြစ်​စေ​တော် မူ​၏။3

Source notes (3)
  1. Cross-reference ထွ၊ ၁၂:၅၁။
  2. Cross-reference ထွ၊ ၁၄:၂၁။ ယောရှု၊ ၃:၁၆။
  3. Cross-reference ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.