Skip to content
BibleKenya

Common Language Bible

တော​လည် 34

ခါ​နာန်​ပြည်​၏​နယ်​နိ​မိတ်​များ

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊- ``သင်​တို့​သည်​ငါ​ပေး​မည့်​ခါ​နာန်​ပြည်​သို့ ဝင်​ရောက်​ကြ​သော​အ​ခါ သင်​တို့​ပိုင်​နက် နယ်​နိ​မိတ်​ကို​ဤ​သို့​သတ်​မှတ်​ရ​မည်။- တောင်​ဘက်​နယ်​နိ​မိတ်​သည်​ဇိ​န​တော​ကန္တာ​ရ မှ ဧ​ဒုံ​ပြည်​နယ်​စပ်​တစ်​လျှောက်​ဖြစ်​၏။ ထို နယ်​နိ​မိတ်​သည် ပင်​လယ်​သေ​တောင်​ဘက်​စွန်း အ​ရှေ့​ဘက်​မှ​အ​စ​ပြု​ရ​မည်။- ထို​မှ​တစ်​ဖန်​တောင်​ဘက်​သို့​လှည့်​၍​အာ​က ရဗ္ဗိန်​တောင်​ကြား​သို့​သွား​ပြီး​လျှင် ဇိ​န​တော ကန္တာ​ရ​ကို​ဖြတ်​လျက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ ဗာ​နာ​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ဟာ​ဇရဒ္ဒါ​သို့​လည်း​ကောင်း၊ တစ်​ဖန် အာ​ဇ​မုန်​သို့​လည်း​ကောင်း၊- ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။

``အ​နောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​ဖြစ်​ရ​မည်။

``မြောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ​ပင်​လယ် ကမ်း​ခြေ​မှ​ဟော​ရ​တောင်​သို့​လည်း​ကောင်း၊- ထို​မှ​တစ်​ဆင့်​ဟာ​မတ်​တောင်​ကြား​သို့​လည်း ကောင်း ဖြတ်​သွား​၍​ထို​မှ​တစ်​ဖန်​ဇေ​ဒဒ်​နှင့် ဇိ​ဖြုန်​ကို​ဖြတ်​ပြီး​လျှင်​ဟာ​ဇ​ရေ​နန်​၌ အ​ဆုံး​သတ်​ရ​မည်။

``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် ဟာ​ဇ​ရေ​နန်​မှ ရှေ​ဖံ​သို့​လည်း​ကောင်း၊- ထို​မှ​တစ်​ဖန်​တောင်​ဘက်​အ​ဣ​န​အ​ရှေ့​သို့ လည်း​ကောင်း၊ ထို​နောက်​ဂါ​လိ​လဲ​အိုင်​အ​ရှေ့ ဘက်​ကမ်း​ခြေ​ရှိ တောင်​ကုန်း​များ​ကို​ဖြတ် ကျော်​ပြီး​လျှင်၊- တောင်​ဘက်​ယော်​ဒန်​မြစ်​တစ်​လျှောက်​သွား​၍ ပင်​လယ်​သေ​တွင်​အ​ဆုံး​သတ်​ရ​မည်။

``သင်​တို့​ပြည်​၏​နယ်​နိ​မိတ်​တို့​သည်​ကား အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​ဖြစ်​သည်'' ဟူ ၍​ဖြစ်​၏။

သို့​ဖြစ်​၍​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ဤ​နယ်​မြေ​သည်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အ​နွယ်​ကိုး​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့ အား​သတ်​မှတ်​ပေး​သော​နယ်​မြေ​ဖြစ်​၍ သင်​တို့ သည်​မဲ​ချ​ယူ​ကြ​ရ​မည်။-1 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။2

မြေ​ကို​ခွဲ​ဝေ​ရန်​တာ​ဝန်​ကျ​သော​ခေါင်း​ဆောင်​များ

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊- ``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။- ထို့​ပြင်​အ​နွယ်​တစ်​မျိုး​မှ​ခေါင်း​ဆောင်​တစ်​ဦး စီ​တို့​ကို​ရွေး​၍ သူ​တို့​အား​ကူ​ညီ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​ပ္ဂိုလ် များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။

အ​နွယ်

ခေါင်း​ဆောင်

ယု​ဒ

ယေ​ဖုန္နာ​၏​သား​ကာ​လက်

ရှိ​မောင်

အ​မိ​ဟုဒ်​၏​သား​ရှေ​မွေ​လ

ဗ​င်္ယာ​မိန်

ခိ​သ​လုန်​၏​သား​ဧ​လိ​ဒဒ်

ဒန်

ယော​ဂ​လိ​၏​သား​ဗုက္ကိ

မ​နာ​ရှေ

ဧ​ဖုဒ်​၏​သား​ဟံ​ယေ​လ

ဧ​ဖ​ရိမ်

ရှိ​ဖ​တန်​၏​သား​ကေ​မွေ​လ

ဇာ​ဗု​လုန်

ပါ​နက်​၏​သား​ဧ​လိ​ဇ​ဖန်

ဣသ​ခါ

အဇ္ဇန်​၏​သား ပါ​လ​တေ​လ

အာ​ရှာ

ရှေ​လော​မိ​၏​သား​အ​ဘိ​ဟုဒ်

န​ဿ​လိ

အ​မိ​ဟုဒ်​၏​သား​ပေ​ဒ​ဟေ​လ

ဤ​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား ခါ​နာန်​ပြည်​ကို​ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​ခန့်​အပ်​တော်​မူ​သော​ပ္ဂိုလ်​များ​ဖြစ် ကြ​သည်။

Source notes (2)
  1. Cross-reference တော၊ ၂၆:၅၂-၅၆။
  2. Cross-reference ယောရှု၊ ၁၄:၁-၅။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.