Common Language Bible
ဝတ်ပြု 20
ပညတ်များကူးလွန်ခြင်းအတွက်အပြစ်ဒဏ်များ
ထာဝရဘုရားသည်မောရှေမှတစ်ဆင့်၊- ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။- မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။- အကယ်၍လူထုတစ်ရပ်လုံးက ထိုသူအားအရေးမယူသေဒဏ်မစီရင်လျှင်၊- သူနှင့်သူ၏မိသားစုကိုလည်းကောင်း၊ ထိုသူနည်းတူငါ့အားသစ္စာဖောက်၍မောလုတ်ဘုရားအားကိုးကွယ်သူရှိသမျှကိုလည်းကောင်း ငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။- ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။- ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါသည်သင်တို့အားသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။''
ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။1
တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။- 2 ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-3 တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-4 ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-5 တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-6 တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။-7 မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-8 တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-9 တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမစပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန်သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-10 တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။- တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သားသမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူသည်ဘာသာတရားထုံးနည်းအရမသန့်ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏အသရေကိုဖျက်၏။11
တစ်ဖန်ထာဝရဘုရားက``ငါပို့ဆောင်၍သင်တို့ရောက်ရှိမည့်ခါနာန်ပြည်မှသင်တို့နှင်ထုတ်ခြင်းမခံရစေရန် ငါ၏ပညတ်အားလုံးတို့ကိုစောင့်ထိန်းရမည်။- ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။- အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန်ငါပေးမည်ဟုကတိထားသည့်အတိုင်းငါပြုမည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြားလူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ်ထားသောလူမျိုးဖြစ်၏။- သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။- ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်းသောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင်တို့အားလူမျိုးတကာမှငါသီးသန့်ရွေးချယ်တော်မူပြီ။
``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
Source notes (11)
- Cross-reference ထွ၊ ၂၁:၁၇။ မ၊ ၁၅:၄။ မာ၊ ၇:၁၀။
- Cross-reference ထွ၊ ၂၀:၁၄။ ဝတ်၊ ၁၈:၂၀။ တရား၊ ၅:၁၈။
- Cross-reference ဝတ်၊ ၁၈:၈။ တရား၊ ၂၂:၃၀။ ၂၇:၂၀။
- Cross-reference ဝတ်၊ ၁၈:၁၅။
- Cross-reference ဝတ်၊ ၁၈:၂၂။
- Cross-reference ဝတ်၊ ၁၈:၁၇။ တရား၊ ၂၇:၂၃။
- Cross-reference ထွ၊ ၂၂:၁၉။ ဝတ်၊ ၁၈:၂၃။ တရား၊ ၂၇:၂၁။
- Cross-reference ဝတ်၊ ၁၈:၉။ တရား၊ ၂၇:၂၂။
- Cross-reference ဝတ်၊ ၁၈:၁၉။
- Cross-reference ဝတ်၊ ၁၈:၁၂-၁၄။
- Cross-reference ဝတ်၊ ၁၈:၁၆။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.