Skip to content
BibleKenya

ဝတ်​ပြု

Leviticus

Introduction from this edition

ဝတ်​ပြု​ရာ​ကျမ်း

နိ​ဒါန်း

ဝတ်​ပြု​ရာ​ကျမ်း​တွင်​ရှေး​ခေတ်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏ ဝတ်​ပြု​ကိုး​ကွယ်​မှု​နှင့်​ဘာ သာ​ရေး​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း တာ​ဝန် ယူ​ဆောင်​ရွက်​ရ​သော​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ညွှန်​ကြား​ချက်​များ​ဖော်​ပြ​ပါ​ရှိ​သည်။

ဤ​ကျမ်း​၏​အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ​မှာ​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ​ခြင်း​နှင့်​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​သော​ဘု​ရား​သ​ခင်'' နှင့်​ဆက်​သွယ်​မှု ရှိ​နေ​စေ​ရန်​လိုက်​နာ​ရ​မည့်​ဝတ်​ပြု​ကိုး​ကွယ်​မှု၊ အ​သက်​ရှင်​နေ​ထိုင်​မှု​ဆိုင်​ရာ​နည်း​လမ်း များ​အ​ကြောင်း​ဖြစ်​သည်။

သ​ခင်​ယေ​ရှု​က​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး သော​ပ​ညတ်​တော်​ဟူ​၍​ဖွင့်​ဆို​ခဲ့​သော``ကိုယ် ၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်'' ဟူ​သော​ကျမ်း​ချက်​ကို​အ​ခန်း​ကြီး ၁၉ ငယ် ၁၈ တွင်​တွေ့​နိုင်​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

ယဇ်​ပူ​ဇော်​ခြင်း​နှင့်​အ​ခြား​ပူ​ဇော်​သ​ကာ​များ ဆိုင်​ရာ​ပ​ညတ်​များ ၁:၁-၇:၃၈။

အာ​ရုန်​နှင့်​သူ​၏​သား​များ​ကို​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​သိက္ခာ​တင်​ခြင်း ၈:၁-၁၀:၂၀။

ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​ခြင်း​နှင့် မ​သန့်​ရှင်း​ခြင်း​ဆိုင်​ရာ​ပ​ညတ်​များ ၁၁:၁-၁၅:၃၃။

အ​ပြစ်​ဖြေ​ရာ​နေ့ ၁၆:၁-၃၄။

သန့်​ရှင်း​စွာ​နေ​ထိုင်​မှု​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​ပ​ညတ်​များ ၁၇:၁-၂၇:၃၄။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.