Common Language Bible
ဝတ်ပြု 3
မိတ်သဟာယယဇ်
တစ်စုံတစ်ယောက်သည် မိမိ၏နွားတစ်ကောင် ကိုမိတ်သဟာယယဇ်အဖြစ်ပူဇော်လိုလျှင် ထိုနွားသည်အပြစ်အနာကင်းသောနွားထီး သို့မဟုတ်နွားမဖြစ်ရမည်။- ထိုသူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝ၌ နွား၏ဦးခေါင်းပေါ်တွင်လက် ကိုတင်၍နွားကိုသတ်ရမည်။ အာရုန်၏သား များဖြစ်ကြသောယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုပလ္လင်၏ဘေးလေးဘက် စလုံးပေါ်သို့ပက်ဖျန်းရမည်။- ထို့နောက်နွား၏ဝမ်းတွင်းသားများရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကိုထာ ဝရဘုရားအားပူဇော်ရမည်။- ယဇ်ပုရောဟိတ်တို့သည်ယင်းတို့ကိုမီးရှို့ရာ ယဇ်နှင့်အတူပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရ မည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။
သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ၊ မိတ်သဟာယ ယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာကင်း သောအထီးကိုဖြစ်စေအမကိုဖြစ်စေပူ ဇော်ရမည်။- သိုးကိုပူဇော်သူသည်၊
တဲတော်ရှေ့တွင်သိုး၏ဦးခေါင်းပေါ်၌လက် ကိုတင်၍သိုးကိုသတ်ရမည်။ ယဇ်ပုရောဟိတ် တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင်လေး ဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။- ထို့နောက်သိုးအဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်း တွင်းသားများမှရှိသမျှအဆီ၊ ကျောက်ကပ် များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်း ဆုံးအပိုင်းတို့ကိုထာဝရဘုရားအားဆက် ကပ်ရမည်။- တာဝန်ကျယဇ်ပုရောဟိတ်သည်ယင်းတို့ ကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။
ဆိတ်ကိုပူဇော်သူသည်။- တဲတော်ရှေ့တွင်ဆိတ်၏ဦးခေါင်းပေါ်၌ လက် ကိုတင်၍ဆိတ်ကိုသတ်ရမည်။ ယဇ်ပုရော ဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။- ထို့နောက်ဝမ်းတွင်းသားများမှရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကို ထာဝရဘုရားအားဆက်ကပ်ရမည်။- ယဇ်ပုရောဟိတ်သည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ အဆီရှိသမျှတို့သည်ထာဝရ ဘုရားနှင့်ဆိုင်၏။- ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.