Common Language Bible
ယေရမိ 45
ဗာရုတ်အားပေးအပ်သည့်ဘုရားသခင်၏ ကတိတော်
ယောရှိ၏သား၊ ယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌နေရိ၏သားဗာရုတ်သည် ငါနှုတ် တိုက်ချပေးသည့်စကားများကိုရေးမှတ်၍ ထား၏။ ထိုနောက်ငါသည်၊-1 ဗာရုတ်အားဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက``ဗာရုတ်၊- ငါထာဝရဘုရားသည်သင့်အားတစ်ပူ ပေါ်တွင်တစ်ပူဆင့်၍ပေးတော်မူသောကြောင့် သင်သည်အရှုံးပေးလျက်ငြီးတွားမှုဖြင့် ပင်ပန်းနွမ်းနယ်လျက်စိတ်တည်ငြိမ်မှုမရ နိုင်ဟုဆိုချေသည်။
ငါထာဝရဘုရားသည်မိမိတည်ဆောက် ထားသည့်အရာကိုဖြိုဖျက်၍ စိုက်ပျိုးထား သည့်အရာကိုဆွဲနုတ်လျက်ရှိ၏။ ကမ္ဘာမြေ တစ်ပြင်လုံးတွင်ဤအတိုင်းငါပြုမည်။- သင်သည်မိမိအတွက်အထူးအခွင့်အရေး ကိုစောင့်မျှော်နေသလော။ မစောင့်မျှော်နှင့်။ ငါ သည်လူခပ်သိမ်းတို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သို့သော်လည်းသင် သည်ရောက်လေရာရာအရပ်တွင်အသက်မ သေဘဲ ထိုဘေးအန္တရာယ်မှလွတ်မြောက်လိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလေသည်။
Source notes (1)
- Cross-reference ၄ရာ၊ ၂၄:၁။ ၆ရာ၊ ၃၆:၅-၇။ ဒံ၊ ၁:၁-၂။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.