Skip to content
BibleKenya

ယေ​ရ​မိ

Jeremiah

Introduction from this edition

ယေ​ရ​မိ​အ​နာ​ဂတ္တိ​ကျမ်း

နိ​ဒါန်း

ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ခ​ရစ်​တော်​မ​ပေါ် ထွန်း​မီ​ခု​နစ်​ရာ​စု​နှစ်​နောက်​ပိုင်း​နှင့် ခြောက် ရာ​စု​နှစ်​ရှေ့​ပိုင်း​ကာ​လ​တွင်​ကြာ​မြင့်​စွာ အ​မှု​တော်​ဆောင်​ခဲ့​သည်။ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​အား​မိ​မိ​တို့​၏​ရုပ်​တု​ကိုး​ကွယ် မှု​နှင့်​အ​ပြစ်​များ​ကြောင့် မိ​မိ​တို့​နိုင်​ငံ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​မည့်​ဘေး ဒုက္ခ​ကြီး​နှင့်​သက်​ဆိုင်​၍​သ​တိ​ပေး​သည်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​လက် အောက်​သို့​ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​သွား ခြင်း​နှင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော် ဖျက်​ဆီး​ခံ​ရ​ခြင်း​ဖြင့် ယု​ဒ​ရှင်​ဘု​ရင် နှင့်​တ​ကွ​လူ​အ​များ​သည်​ဗာ​ဗု​လုန် နိုင်​ငံ​သို့​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​မှု​ဖြင့် လည်​ကောင်း၊ မိ​မိ​၏​ကြို​တင်​ဟော​ကြား သည့်​အ​တိုင်း​အ​မှန်​ပင်​ဖြစ်​လာ​ကြောင်း ကို​သူ​သည်​အ​သက်​ရှင်​၍​မြင်​ခွင့်​ရ​ခဲ့ သည်။ ယေ​ရ​မိ​က​ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​နောက်​ဆုံး​၌​တိုင်း​တစ်​ပါး​မှ​ပြန် လာ​ရ​၍ နိုင်​ငံ​ကို​ပြန်​လည်​တည်​ထောင်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကြို​တင်​ပြော​ကြား ခဲ့​သည်။

ယေ​ရ​မိ​အ​နာ​ဂတ္တိ​ကျမ်း​ကို​အောက်​ပါ အ​ပိုင်း​များ​အ​လိုက်​ခွဲ​ခြား​နိုင်​သည်။ (၁) ယေ​ရ​မိ​အား​ရွေး​ကောက်​ခေါ်​ယူ​တော်​မူ ခြင်း။ (၂) ယော​ရှိ၊ ယော​ယ​ကိမ်၊ ယေ​ခေါ​နိ​နှင့် ဇေ​ဒ​ကိ​မင်း​တို့​အုပ်​စိုး​နေ​စဉ်​အ​ချိန်​ကာ​လ များ​အ​တွင်း​ယု​ဒ​နိုင်​ငံ​တော်​ကြီး​နှင့်​အုပ် ချုပ်​သူ​များ​အ​တွက်​ဘု​ရား​သ​ခင်​၏​ထံ​မှ ဗျာ​ဒိတ်​တော် (၃) ယေ​ရ​မိ​အ​သက်​ရှင်​စဉ် ကာ​လ​အ​တွင်း​ပ​ရော​ဖက်​ပြု​ချက်​အ​မျိုး မျိုး​နှင့်​အ​ရေး​ကြီး​သော​အ​ဖြစ်​အ​ပျက် များ​ပါ​ဝင်​သည့်​ယေ​ရ​မိ​၏​အ​တွင်း​ရေး မှူး​ဗာ​ရုတ်​၏​ကိုယ်​ရေး​မှတ်​တမ်း​များ​ထဲ မှ​အ​ချက်​အ​လက်​များ (၄) ထာ​ဝ​ရ​ဘု​ရား ထံ​မှ​အ​ခြား​နိုင်​ငံ​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော် (၅) ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​မည့် အ​ကြောင်း​နှင့်​ဗာ​ဗု​လုန်​သို့​ပြည်​နှင်​ဒဏ်​ခံ ရ​မည့်​သူ​များ​အ​ကြောင်း​ဖော်​ပြ​ထား သည့်​သ​မိုင်း​ကြောင်း​နောက်​ဆက်​တွဲ။

ယေ​ရ​မိ​သည်​စိတ်​ထိ​ခိုက်​လွယ်​သော​သူ​ဖြစ် သည်။ မိ​မိ​၏​လူ​မျိုး​ကို​သူ​သည်​လွန်​စွာ​ချစ် ၍၊ ထို​သူ​တို့​အ​ပေါ်​သို့​တ​ရား​စီ​ရင်​ချက် ကြေ​ငြာ​ရ​ခြင်း​ကို​မ​ပြု​လို​သူ​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ပ​ရော​ဖက် အ​ဖြစ်​ခေါ်​ယူ​တော်​မူ​ခြင်း​ကြောင့် သူ​ခံ စား​ရ​သော​ခံ​စား​ချက်​များ​အ​တွက်​စိတ် ထိ​ခိုက်​စွာ​ပြော​ဆို​ခဲ့​ကြောင်း​ကို​ကျမ်း​ပိုဒ် များ​ထဲ​၌​တွေ့​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​သူ​၏​စိတ်​နှ​လုံး​ထဲ ၌​မီး​ကဲ့​သို့​ဖြစ်​၍ ထို​အ​ရာ​ကို​ထိန်း​သိမ်း ထား​ခြင်း​ငှာ​မ​တတ်​နိုင်​ခဲ့​ပေ။

ဤ​စာ​အုပ်​ထဲ​၌​ယေ​ရ​မိ​၏​ခက်​ခဲ​သော​ဒုက္ခ ကာ​လ​ကို​ကျော်​လွန်​၍ ပ​ဋိ​ညာဉ်​တော်​သစ်​ရ ရှိ​မည့်​အ​ချိန်​ကာ​လ​ကို​ညွှန်​ပြ​ထား​သည့် စ​ကား​လုံး​ကြီး​များ​ပါ​ဝင်​ပေ​သည်။ ထို ပ​ဋိ​ညာဉ်​တော်​သစ်​ကို​လိုက်​နာ​ရန်​အ​တွက် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား​သ​တိ ပေး​ရန်​မ​လို​ပေ။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​ပ​ဋိ​ညာဉ်​တော်​သစ်​သည် ထို​သူ​တို့​၏​စိတ် နှ​လုံး​၌​ရေး​သား​ထား​မည်​ဖြစ်​သော​ကြောင့် တည်း။ (၃၁:၃၁-၃၄)

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

ယေ​ရ​မိ​အား​ခေါ်​ယူ​တော်​မူ​ခြင်း ၁:၁-၁၉

ယော​ရှိ၊ ယော​ယ​ကိမ်၊ ယေ​ခေါ​နိ​နှင့်​ဇေ​ဒ​ကိ​မင်း​များ

အုပ်​စိုး​စဉ်​ကာ​လ​အ​တွင်း​ဟော​ကြား​ချက်​များ ၂:၁-၂၅:၃၈

ယေ​ရ​မိ​တွေ့​ကြုံ​သည့် အ​ဖြစ်​အ​ပျက်​များ ၂၆:၁-၄၅:၅

နိုင်ငံ​ကြီး​များ​ကို​ဆန့်​ကျင်​လျက် ဟော​ကြား​ချက်​များ ၄၆:၁-၅၁:၆၄

ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း ၅၂:၁-၃၄

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.