Skip to content
BibleKenya

ဟေ​ရှာ​ယ

Isaiah

Introduction from this edition

ဟေ​ရှာ​ယ​အ​နာ​ဂတ္တိ​ကျမ်း

နိ​ဒါန်း

ဟေ​ရှာ​ယ​ကျမ်း​စောင်​ကို ခ၊ မ ရှစ်​ရာ​စု​နှစ်​ဝက်​နောက်​ပိုင်း​၌ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သော​ပ​ရော​ဖက်​ကြီး​တစ်​ပါး​၏​နာ​မည်​ကို​အ​စွဲ​ပြု​၍ ခေါ်​ဆို​ထား​ခြင်း​ဖြစ်​သည်။ ဤ​ကျမ်း​စောင်​ကို​အ​ဋ္ဌိ​က​အ​ချက် (၃) ချက်​ခွဲ​ခြား​ထား​ပါ​သည်။

၁။ အ​ခဏ်း​ကြီး ၁-၃၉ တောင်​ပိုင်း​နိုင်​ငံ​ဖြစ်​သော​ယု​ဒ​ပြည်​သည်​တန်​ခိုး​ကြီး​မား​သော​အိမ်​နီး​ချင်း​နိုင်​ငံ​အာ​ရှု​ရိ​ပြည်​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ခံ​နေ​ရ​သော​အ​ချိန်​အ​ခါ​ဖြစ်​ပါ​သည်။ ဟေ​ရှာ​ယ​၏​အ​မြင်​တွင် ယု​ဒ​ပြည်​ကို​အ​မှန်​တ​ကယ်​ခြိမ်း​ခြောက်​နေ​သော​အ​ရာ​မှာ​အာ​ရှု​ရိ​၏​အင်​အား​မ​ဟုတ်​ပါ။ မိ​မိ​လူ​မျိုး​ကိုယ်​တိုင်​၏​အ​ပြစ်​များ​နှင့်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​ခြင်း​များ၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​မှု​များ​ပင်​ဖြစ်​ပါ​သည်။ ပ​ရော​ဖက်​သည်​ရှင်း​လင်း​ပြတ်​သား​သော​စ​ကား​လုံး​တို့​ဖြင့် ထို​သူ​တို့​နှင့်​ထို​သူ​တို့​၏​ခေါင်း​ဆောင်​တို့​အား​ဖြောင့်​မတ်​မှန်​ကန်​သော​အ​သက်​တာ​နှင့်​တ​ရား​မျှ​တ​မှု​ရှိ​သော​အ​သက်​တာ​သို့​ခေါ်​ဆောင်​ပြီး၊ ထို​သူ​တို့​၏​ဘု​ရား​သ​ခင်​စ​ကား​ကို​နား​မ​ထောင်​ခြင်း​ဖြင့်​ပျက်​စီး​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​ကို သ​တိ​ပေး​ခဲ့​ပါ​သည်။ ထို​မျှ​မ​က​တစ်​ကမ္ဘာ​လုံး​နှင့်​ဆိုင်​သော​ငြိမ်း​ချမ်း​ရေး​နှင့်​တ​ကွ တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​မည့်​ဘု​ရင်​တစ်​ပါး​သည် ဒါ​ဝိဒ်​မင်း​၏​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက်​မည်​ကို​ဟေ​ရှာ​ယ​မှ​ကြို​တင်​၍​ပြော​ဆို​ခဲ့​ပါ​သည်။

၂။ အ​ခဏ်း​ကြီး ၄၀-၅၅ ယု​ဒ​လူ​မျိုး​များ​စွာ​တို့​သည်​ဗာ​ဗု​လုန်​နိုင်​ငံ​တွင်​ကျွန်​ခံ​နေ​ရ​သော​အ​ချိန်၊ ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​နေ​ရ​သော​အ​ချိန်၊ မျှော်​လင့်​ခြင်း​ကင်း​မဲ့​နေ​သော​အ​ချိန်​အ​ခါ​ဖြစ်​သည်။ ပ​ရော​ဖက်​က၊ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​လွတ်​ခြင်း​အ​ခွင့်​ပေး​ပြီး၊ ဘ​ဝ​သစ်​ကို​အ​စ​ပြု​ရန်​အ​တွက်​မိ​မိ​တို့​၏​နေ​ရင်း​အ​ရပ်​ဖြစ်​သော​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လည်​ပို့​ဆောင်​တော်​မူ​မည်​ဟု​ပြော​ကြား​ခဲ့​ပါ​သည်။ ဤ​အ​ခဏ်း​ကြီး​တို့​၏​အ​ဋ္ဌိ​က​အ​ချက်​မှာ၊ ဘု​ရား​သ​ခင်​သည်​သ​မိုင်း​၏​အ​ရှင်​သ​ခင်​ဖြစ်​ပြီး၊ ဣ​သ​ရေ​လ​လူ​မျိုး​များ​နှင့်​တ​ကွ​ထို​လူ​မျိုး​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​မည့်​လူ​မျိုး​အား​လုံး​တို့​အ​တွက် ထို​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​ဖြစ်​ပါ​သည်။ ``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ'' ဆို​သော​စ​ကား​လုံး​များ​သည်​ဋ္ဌမ္မ​ဟောင်း​ကျမ်း​၏​လူ​သိ​များ​သော​အ​ကြောင်း​အ​ရာ​များ​တွင်​ပါ​ဝင်​ပါ​သည်။

၃။ အ​ခဏ်း​ကြီး ၅၆-၆၆ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​သော​သူ​များ​အ​တွက်​ရည်​ညွှန်း​ရေး​သား​ထား​ခြင်း​ဖြစ်​ပြီး၊ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​သို့ မိ​မိ​၏​က​တိ​တော်​ပြည့်​စုံ​မည့်​အ​ကြောင်း​ကို သေ​ချာ​လို​သူ​များ​အ​တွက်​ရေး​သား​ထား​ခြင်း​ဖြစ်​ပါ​သည်။ ဖြောင့်​မတ်​မှန်​ကန်​ခြင်း​နှင့်​တ​ရား​မျှ​တ​ခြင်း​ဆိုင်​ရာ​အ​ကြောင်း​များ၊ ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​ခြင်း​အ​ကြောင်း၊ ယဇ်​ပူ​ဇော်​ခြင်း​ဆိုင်​ရာ​အ​ကြောင်း​နှင့်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း​အ​ကြောင်း​တို့​ကို​လည်း​ဖော်​ပြ​ထား​ပါ​သည်။ သ​တိ​ပြု​ရန်​ကျမ်း​ပိုဒ်​မှာ ၆၁:၁-၂ ဖြစ်​ပြီး၊ ထို​စ​ကား​သည်​သ​ခင်​ယေ​ရှု​၏​အ​မှု​တော်​လုပ်​ငန်း​အ​စ​ပြု​ခြင်း​၏​ခေါ်​တော်​မူ​ခြင်း​အ​ကြောင်း​ဖြစ်​ပါ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

သ​တိ​ပေး​ခြင်း​နှင့်​က​တိ​တော်​များ ၁:၁၊ ၁၂:၆

လူ​မျိုး​စု​များ​ကို​ဒဏ်​ခတ်​တော်​မူ​ခြင်း ၁၃:၁၊ ၂၃:၁၈

ကမ္ဘာ​မြေ​ကြီး​ကို​ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခြင်း ၂၄:၁၊ ၂၇:၁၃

သ​တိ​ပေး​ခြင်း​နှင့်​က​တိ​တော်​များ ၂၈:၁၊ ၃၅:၁၀

ယု​ဒ​ဘုရင်​ဟေ​ဇကိ​နှင့်​အာ​ရှု​ရိ​အ​မျိုး​သား​များ ၃၆:၁၊ ၃၉:၈

က​တိ​တော်​နှင့်​မျှော်​လင့်​ချက်​ဆိုင်​ရာ​သ​တင်း​စ​ကား​များ ၄၀:၁၊ ၅၅:၁၃

သ​တိ​ပေး​ခြင်း​နှင့်​က​တိ​တော်​များ ၅၆ :၁၊ ၆၆ :၂၄

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.