Common Language Bible
ကမ္ဘာဦး 9
နောဧနှင့်ပဋိညာဉ်ပြုတော်မူခြင်း
ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အားကောင်းချီးပေး၍``သင်တို့၏သားစဉ်မြေးဆက်တို့သည်မြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်ကြစေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့။-1 တိရစ္ဆာန်၊ ငှက်၊ ငါးအပေါင်းတို့သည်သင်တို့ကိုကြောက်ရွံ့ရကြလိမ့်မည်။ ထိုသတ္တဝါတို့ကိုသင်တို့လက်၌ငါအပ်ပေး၏။- သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။- သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။-2 လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။- လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။3
``သင်တို့၏သားစဉ်မြေးဆက်တို့သည်ကမ္ဘာမြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်စေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့'' ဟုမိန့်တော်မူ၏။4
ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အား၊- ``သင်တို့နှင့်လည်းကောင်း၊ သင်တို့မှဆင်းသက်သောမျိုးဆက်များနှင့်လည်းကောင်း၊- သင်္ဘောထဲမှသင်တို့နှင့်အတူထွက်လာသောသက်ရှိသတ္တဝါဖြစ်သည့်ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့နှင့်လည်းကောင်းငါသည်ယခုပဋိညာဉ်ပြု၏။- သင်တို့နှင့်ငါယခုပြုသောပဋိညာဉ်စကားဟူမူကား`သက်ရှိသတ္တဝါအပေါင်းတို့သည်နောင်မည်သည့်အခါ၌မျှရေလွှမ်းမိုး၍နောက်တစ်ဖန်မပျက်စီးစေရ။- သင်နှင့်တကွသက်ရှိသတ္တဝါအားလုံးတို့နှင့် ငါထာဝစဉ်ပြုသောပဋိညာဉ်၏လက္ခဏာသက်သေအဖြစ်ဖြင့်၊- မိုးတိမ်ထဲ၌ငါ၏သက်တံ့ကိုပေါ်စေမည်။ ထိုသက်တံသည်ကမ္ဘာလောကနှင့်ငါပြုသောပဋိညာဉ်၏လက္ခဏာသက်သေဖြစ်လိမ့်မည်။- ငါသည်မိုးကောင်းကင်သို့တိမ်များတက်လာစေ၍ တိမ်ထဲတွင်သက်တံ့ပေါ်လာသည့်အခါတိုင်း၊- သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။- တိမ်များထဲ၌သက်တံ့ပေါ်လာသောအခါ ထိုသက်တံ့ကိုငါမြင်ရ၍ ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိသတ္တဝါအပေါင်းတို့နှင့်ငါထာဝစဉ်ပြုသောပဋိညာဉ်ကိုသတိရမည်' ဟူ၍ဖြစ်သည်။- ဤသည်ကားကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့နှင့် ငါပြုသောကတိတော်၏လက္ခဏာသက်သေဖြစ်၏'' ဟုမိန့်တော်မူ၏။
နောဧနှင့်သားများ
သင်္ဘောထဲမှထွက်လာခဲ့ကြသောနောဧ၏သားများမှာရှေမ၊ ဟာမနှင့်ယာဖက်တို့ဖြစ်ကြ၏။ (ဟာမသည်ခါနာန်၏အဖဖြစ်၏။-) ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် နောဧ၏သားသုံးယောက်တို့မှဆင်းသက်ပေါက်ပွားလာကြကုန်၏။
နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။- သူသည်စပျစ်ရည်သောက်၍မူးယစ်လာသဖြင့် မိမိအဝတ်များကိုချွတ်ပစ်ပြီးလျှင် တဲထဲ၌ကိုယ်တုံးလုံးနေလေ၏။- ခါနာန်၏ဖခင်ဟာမသည်သူ၏ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမြင်ရလျှင် အပြင်သို့ထွက်၍အစ်ကိုနှစ်ယောက်တို့အားပြောပြလေ၏။- ထိုအခါရှေမနှင့်ယာဖက်တို့သည်ဝတ်ရုံတစ်ထည်ကို မိမိတို့၏ပခုံးများပေါ်တွင်တင်၍ယူခဲ့ကြ၏။ သူတို့သည်တဲထဲသို့ကျောခိုင်းဝင်လာကြပြီးလျှင် သူတို့၏ဖခင်အားလွှမ်းခြုံပေးကြ၏။ ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမမြင်စေရန် မျက်နှာလွှဲထားကြ၏။- နောဧအမူးပြေ၍သတိရလာသဖြင့် အငယ်ဆုံးသားပြုမူပုံကိုသိရှိရသောအခါ၊
``ခါနာန်သည်ကျိန်စာသင့်ပါစေသော။
သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
ရှေမ၏ဘုရားသခင်ထာဝရဘုရား၏
ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။
ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။
ဘုရားသခင်သည်ယာဖက်ကိုချီးမြှင့်ပါစေသော။
သူ၏အဆက်အနွယ်တို့သည်ရှေမ၏အမျိုးအနွယ်နှင့်အတူနေရပါစေသော။
ခါနာန်သည်ယာဖက်၏ကျွန်ဖြစ်ရပါစေသော'' ဟုဆိုလေ၏။
ရေလွှမ်းမိုးခြင်းဘေးလွန်ပြီးနောက်နောဧသည် နှစ်ပေါင်းသုံးရာငါးဆယ်ဆက်လက်အသက်ရှင်နေထိုင်၍၊- အသက်ကိုးရာငါးဆယ်နှစ်ရှိသော်ကွယ်လွန်လေ၏။
Source notes (4)
- Cross-reference က၊ ၁:၂၈။
- Cross-reference က၊ ၇:၂၆-၂၇၊ ၁၇:၁၀-၁၄။ ဝတ်၊ ၁၉:၂၆။ တရား၊ ၁၂:၁၆၊၂၃၊ ၁၅:၂၃။
- Cross-reference ထွ၊ ၂၀:၁၃။ က၊ ၁:၂၆။
- Cross-reference က၊ ၁:၂၈။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.