Skip to content
BibleKenya

ကမ္ဘာ​ဦး

Genesis

Introduction from this edition

ကမ္ဘာ​ဦး​ကျမ်း

နိ​ဒါန်း

ကမ္ဘာ​ဦး​ကျမ်း​တွင်​ကမ္ဘာ​၏​မူ​လ​အ​စ​နှင့် စပ်​ဆိုင် သော​အ​ကြောင်း​များ​ကို​ဖော်​ပြ​သည်။ ဤ​ကျမ်း တွင်​စကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​ပုံ၊ လူ​ဟူ​၍​ပေါ်​ပေါက် လာ​ပုံ၊ အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆင်း​ရဲ​ဒုက္ခ​တို့​၏​မူ​လ အ​စ၊ ဘု​ရား​သ​ခင်​သည်​လူ​ကို​မည်​သို့​ဆက်​သွယ် ပုံ​စ​သည့်​အ​ကြောင်း​များ​ကို​ဖော်​ပြ​သည်။ ကမ္ဘာ ဦး​ကျမ်း​ကို​အ​ဋ္ဌိ​က​အား​ဖြင့်​နှစ်​ပိုင်း​ခွဲ​ခြား နိုင်​သည်။

၁။ အ​ခန်း ၁-၁၁ တွင်​ကမ္ဘာ​ကို​ဖန်​ဆင်း​ခြင်း​နှင့် လူ​တို့ ၏​ရှေး​ဦး​သ​မိုင်း​ကို​တွေ့​ရှိ​ရ​သည်။ ဤ​အ​ခန်း များ​တွင်​အာ​ဒံ​နှင့်​ဧ​ဝ​တို့​အ​ကြောင်း၊ ကာ​ဣ​န နှင့်​အာ​ဗေ​လ​တို့​အ​ကြောင်း၊ နော​ဧ​နှင့်​ရေ​လွှမ်း မိုး​ခြင်း​အ​ကြောင်း၊ ဗာ​ဗု​လုန်​ရဲ​တိုက်​အ​ကြောင်း တို့​ကို​ဖော်​ပြ​ထား​သည်။

၂။ အ​ခန်း ၁၂-၅၀ တွင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ရှေး​ဦး ဘိုး​ဘေး​များ​၏​သ​မိုင်း​ကို​ဖော်​ပြ​ထား​သည်။ ပ​ထ​မ​ဆုံး​ပ္ဂိုလ်​မှာ​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​၌​လည်း​ကောင်း၊ အ​မိန့်​တော်​ကို​နာ​ခံ​ခြင်း​၌ လည်း​ကောင်း ထူး​ကဲ​စံ​တင်​လောက်​သော​အာ​ဗြ​ဟံ ဖြစ်​သည်။ ထို​နောက်​သူ​၏​သား​ဣ​ဇာက်​အ​ကြောင်း၊ မြေး​ယာ​ကုပ် (ဣ​သ​ရေ​လ​ဟူ​၍​လည်း​ခေါ်​တွင်​သည်) အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​နွယ် တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်​၏​သား တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​အ​ကြောင်း​ပါ​ရှိ​သည်။ ယာ​ကုပ်​၏​သား​များ​အ​နက်​ယော​သပ်​၏ အ​ကြောင်း​ကို​လည်း​ကောင်း၊ ယာ​ကုပ်​နှင့်​သူ​၏ အ​ခြား​သော​သား​များ​၏​မိ​သား​စု​တို့ အီ​ဂျစ် ပြည်​သို့​ရောက်​ရှိ​နေ​ထိုင်​ကြ​ပုံ​အ​ကြောင်း ကို​လည်း​ကောင်း အ​ထူး​အ​လေး​ထား​ဖော်​ပြ ထား​သည်။

ဤ​ကျမ်း​တွင်​လူ​၏​အ​ကြောင်း​ကို​ဖော်​ပြ သော်​လည်း အ​ဋ္ဌိ​က​အား​ဖြင့်​ဘု​ရား​သ​ခင်​၏ ပြု​မူ​ဆောင်​ရွက်​တော်​မူ​ပုံ​ကို​ဖော်​ပြ​ထား သည်။ ဘု​ရား​သ​ခင်​သည်​ဤ​စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း​တော်​မူ​သည်​ဟူ​၍​အ​စ​ချီ​ဖွင့်​ဆို ဖော်​ပြ​ပြီး​သည်​နောက် ကိုယ်​တော်​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​အ​မြဲ​စောင့်​ရှောက်​မည်​ဟူ သော​က​တိ​တော်​ဖြင့်​အ​ဆုံး​သတ်​သည်။ ကျမ်း တစ်​စောင်​လုံး​တွင်​ဘု​ရား​သ​ခင်​၏​ပြု​မူ ဆောင်​ရွက်​ချက်​ကို​အ​လေး​ထား​ပြီး​လျှင် ဘု​ရား​သ​ခင်​သည်​ဒု​စ​ရိုက်​ပြု​သူ​များ​ကို တ​ရား​စီ​ရင်​ဒဏ်​ခတ်​တော်​မူ​ကြောင်း၊ မိ​မိ​၏ လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​ကူ​ညီ​၍ သူ​တို့​၏ သ​မိုင်း​ကို​ပြု​ပြင်​ဖန်​တီး​ပေး​တော်​မူ​ကြောင်း ဖော်​ပြ​သည်။ လူ​မျိုး​တစ်​မျိုး​၏​ယုံ​ကြည်​ခြင်း အ​ကြောင်း​ကို​မှတ်​တမ်း​တင်​ရန်​ကို​လည်း​ကောင်း၊ ထို​ယုံ​ကြည်​ခြင်း​ရှင်​သန်​စေ​ခြင်း​ငှာ​အ​ထောက် အ​ကူ​ဖြစ်​စေ​ရန်​လည်း​ကောင်း ဤ​ရှေး​ကျ​သော ကျမ်း​ကို​ပြု​စု​ထား​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

စ​ကြ​ဝ​ဠာ​နှင့်​လူ​ကို​ဖန်​ဆင်း​တော်​မူ​ခြင်း

အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆင်း​ရဲ​ဒုက္ခ​တို့​၏ မူ​လ​အ​စ

အာ​ဒံ​မှ​နော​ဧ​အ​ထိ​အ​ကြောင်း

နော​ဧ​နှင့်​ရေ​လွှမ်း​မိုး​ခြင်း​အ​ကြောင်း

ဗာ​ဗု​လုန်​ရဲ​တိုက်​အ​ကြောင်း

ရှေ​မ​မှ​အာ​ဗြ​ဟံ​အ​ထိ​အ​ကြောင်း

ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘိုး​ဘေး​ကြီး​များ​ဖြစ်​ကြ​သောအာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အ​ကြောင်း

ဧ​သော​၏​အ​ဆက်​အ​နွယ်​များ

ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ

အီ​ဂျစ်​ပြည်​ရောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.