Common Language Bible
ကမ္ဘာဦး 5
အာဒံ၏သားစဉ်မြေးဆက်
(၅ရာ၊ ၁:၁-၄)
အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-1 ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)2 အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။- ထိုသားကိုရပြီးနောက်အာဒံသည် နှစ်ပေါင်း ရှစ်ရာဆက်၍အသက်ရှည်လျက် သားသမီး များထပ်ရသေး၏။- သူသည်အသက်ကိုးရာသုံးဆယ်နှစ်ရှိသော် ကွယ်လွန်လေ၏။
ရှေသသည်အသက်တစ်ရာ့ငါးနှစ်ရှိသော အခါသားဧနုတ်ကိုရ၏။- ထိုနောက်သူသည်ရှစ်ရာခုနစ်နှစ်ဆက်၍ အသက်ရှည်ရှည်နေရပြီးလျှင် သားသမီး များထပ်၍ရသေး၏။- သူသည်အသက်ကိုးရာတစ်ဆယ့်နှစ်နှစ်ရှိ သော်ကွယ်လွန်လေ၏။
ဧနုတ်သည်အသက်ကိုးဆယ်ရှိသောအခါ သားကာဣနန်ကိုရပြီးနောက်၊- ရှစ်ရာတစ်ဆယ့်ငါးနှစ်ဆက်၍ အသက်ရှည်ရှည် နေရလေ၏။ သူသည်သားသမီးများထပ်၍ ရသေး၏။- အသက်ကိုးရာငါးနှစ်ရှိသော်ကွယ်လွန်လေ၏။
ကာဣနန်သည်အသက်ခုနစ်ဆယ်ရှိသောအခါ သားမဟာလေလကိုရပြီးနောက်၊- နှစ်ပေါင်းရှစ်ရာလေးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။- အသက်ကိုးရာတစ်ဆယ်နှစ်ရှိသော်ကွယ်လွန် လေ၏။
မဟာလေလသည်အသက်ခြောက်ဆယ်နှစ်ရှိ သောအခါ သားယာရက်ကိုရပြီးနောက်၊- နှစ်ပေါင်းရှစ်ရာသုံးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။- အသက်ရှစ်ရာကိုးဆယ့်ငါးနှစ်ရှိသော်ကွယ်လွန် လေ၏။
ယာရက်သည်အသက်တစ်ရာ့ခြောက်ဆယ့်နှစ်နှစ် ရှိသောအခါသားဧနောက်ကိုရပြီးနောက်၊- နှစ်ရှစ်ရာဆက်၍အသက်ရှည်ရှည်နေရ၏။ သူ သည်သားသမီးများထပ်၍ရသေး၏။- အသက်ကိုးရာခြောက်ဆယ့်နှစ်နှစ်ရှိသော် ကွယ်လွန်လေ၏။
ဧနောက်သည်အသက်ခြောက်ဆယ့်ငါးနှစ်ရှိ သောအခါ သားမသုရှလကိုရလေ၏။- ဧနောက်သည်ထာဝရဘုရားနှင့်မိတ်သဟာယ ဖွဲ့လျက် နှစ်ပေါင်းသုံးရာဆက်၍အသက်ရှည်၍ နေထိုင်စဉ်သားသမီးများထပ်၍ရသေး၏။- သူသည်အသက်သုံးရာခြောက်ဆယ့်ငါးနှစ် အထိအသက်ရှည်၏။- သူသည်သူ၏ဘဝတစ်လျှောက်လုံးတွင် ထာဝရ ဘုရားနှင့်မိတ်သဟာယဖွဲ့၍ သက်ရှင်နေထိုင် ပြီးနောက် ထာဝရဘုရားကသူ့အားသိမ်းယူ တော်မူသဖြင့်ကွယ်ပျောက်သွားလေ၏။3
မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊- ခုနစ်ရာရှစ်ဆယ်နှစ်ဆက်၍အသက်ရှည်၏။ သူသည်သားသမီးများထပ်၍ရသေး၏။- အသက်ကိုးရာခြောက်ဆယ့်ကိုးနှစ်ရှိသော် ကွယ်လွန်လေ၏။
လာမက်သည်လည်းအသက်တစ်ရာရှစ်ဆယ့်နှစ် နှစ်ရှိသောအခါ သားတစ်ယောက်ကိုရလေ၏။- ``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။- သူသည်ငါးရာကိုးဆယ့်ငါးနှစ်ဆက်၍အသက် ရှည်၍နေထိုင်စဉ် သားသမီးများထပ်၍ရသေး ၏။- အသက်ခုနစ်ရာခုနစ်ဆယ့်ခုနစ်နှစ်ရှိသော် ကွယ်လွန်လေသည်။
နောဧသည်အသက်ငါးရာပြည့်ပြီးနောက်ရှေမ၊ ဟာမနှင့်ယာဖက်နာမည်ရှိသားသုံးယောက်ကို ရလေ၏။
Source notes (3)
- Cross-reference က၊ ၁:၂၇-၂၈။
- Cross-reference မ၊ ၁၉:၄။ မာ၊ ၁၀:၆။
- Cross-reference ဟေဗြဲ၊ ၁၁:၅။ ယု၊ ၁၄။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.