Skip to content
BibleKenya

ဧ​ဇ​ရ

Ezra

Introduction from this edition

ဧ​ဇ​ရ​မှတ်​စာ

နိ​ဒါန်း

ဧ​ဇ​ရ​မှတ်​စာ​သည် ရာ​ဇ​ဝင်​ချုပ်​ကျမ်း​များ​၏​အ​ဆက်​အ​ဖြစ်​ဖြင့် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​အ​ချို့ ဗာ​ဗု​လုန်​နိုင်​ငံ​မှ​နေ​ရင်း​တိုင်း​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​နှင့် ယေ​ရု​ရှ​လင်​မြို့​သည်​လူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​ပြန်​လျက် ၎င်း​မြို့​တွင်​ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​ပြန်​လည်​အ​စ​ပြု​ပုံ​ကို​ဖော်​ပြ​သည်။ ဤ​အ​ဖြစ်​အ​ပျက်​များ​ကို အောက်​ပါ​အ​တိုင်း​တင်​ပြ​ထား​သည်။ (၁) ပေ​ရ​သိ​ဧ​က​ရာဇ်​ကု​ရု​၏​အ​မိန့်​အ​ရ ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​ထဲ​မှ ပ​ထ​မ​တစ်​စု​သည်​ဗာ​ဗု​လုန်​နိုင်​ငံ​မှ​ပြန်​လာ​ကြ​သည်။ (၂) ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး​လျှင် ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​ပြန်​လည်​အ​စ​ပြု​ကြ​သည်။ (၃) နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​၌​ကျွမ်း​ကျင်​သူ​ဧ​ဇ​ရ​ခေါင်း​ဆောင်​၍ ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​နောက်​တစ်​စု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည်။ ဧ​ဇ​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​မှု​အ​မွေ​အ​နှစ်​ကို​ထိန်း​သိမ်း​ရန် ဘာ​သာ​ရေး​နှင့်​လူ​မှု​ရေး​ကျင့်​ဝတ်​များ​ကို​ပြန်​လည်​ဖော်​ထုတ်​ပေး​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ

ပ​ထ​မ​တစ်​စု​ပြန်​လာ​ကြ​ခြင်း ၁:၁-၂:၇၀

ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ခြင်း ၃:၁-၆:၂၂

ဧ​ဇ​ရ​သည်​အ​ခြား​သော​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​ပြန်​လာ​ခြင်း ၇:၁-၁၀:၄၄

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.