Common Language Bible
၂ ရာ 6
ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့သို့ ပင့်ဆောင်ခြင်း
(၅ ရာ၊ ၁၃:၁-၁၄၊ ၁၅:၂၅-၁၆:၆၊၄၃)
ဒါဝိဒ်သည်ဣသရေလပြည်မှလက်ရွေး စင်စစ်သည်ပေါင်းသုံးသောင်းကိုစုရုံးကာ၊- ခေရုဗိမ်1 တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။-2 သူတို့သည်သေတ္တာတော်ကိုလှည်းသစ်တစ်စီး တွင်တင်၍ တောင်ကုန်းပေါ်တွင်ရှိသောအဘိ နဒပ်၏အိမ်မှပင့်ဆောင်သွားကြ၏။ အဘိ နဒပ်၏သားများဖြစ်ကြသောသြဇနှင့် အဟိသြတို့သည်ပဋိညာဉ်သေတ္တာတော် လှည်းကိုမောင်းနှင်ရကြ၏။-3 အဟိသြသည်သေတ္တာတော်၏ရှေ့မှသွား လေသည်။- ဒါဝိဒ်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရား၏ဂုဏ်တော်ကိုချီး ကူးရန်အစွမ်းကုန်ကခုန်ကြ၏။ သူတို့သည် စောင်းကြီးစောင်းငယ်၊ ပတ်သာ၊ နှဲ၊ ခရာ၊ လင်း ကွင်းအစရှိသည့်တူရိယာများကိုတီး မှုတ်ကြ၏။
သူတို့သည်နာခုန်ကောက်နယ်တလင်းသို့ရောက် သောအခါ နွားတို့သည်ခြေချော်သဖြင့်သြဇ သည်ပဋိညာဉ်သေတ္တာတော်ကိုလှမ်း၍ကိုင် ထားလိုက်ရာ၊- ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။- ထို့ကြောင့်ထိုအရပ်ကိုပေရဇာသြဇ4 ဟုယနေ့တိုင်အောင်ခေါ်ဝေါ်သမုတ်ကြလေ သည်။ ထာဝရဘုရားသည်သြဇအားအမျက် တော်ထွက်၍ဒဏ်ခတ်တော်မူသောကြောင့်ဒါဝိဒ် သည်လွန်စွာစိတ်ဆိုးတော်မူ၏။
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားကိုကြောက် သဖြင့်``ငါသည်အဘယ်သို့ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ရပါမည်နည်း'' ဟုဆိုပြီး လျှင်၊- မိမိနေပြည်တော်ယေရုရှလင်မြို့သို့ပင့် ဆောင်ခြင်းမပြုဘဲဂါသမြို့သားသြဗ ဒေဒုံ၏အိမ်သို့ပင့်ဆောင်သွားတော်မူ၏။- သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှကျိန်း ဝပ်တော်မူ၏။ ထာဝရဘုရားသည်လည်း သြဗဒေဒုံနှင့်မိသားစုတို့အားကောင်း ချီးပေးတော်မူ၏။5
ပဋိညာဉ်သေတ္တာတော်အတွက်ကြောင့်သြဗ ဒေဒုံမိသားစုနှင့် သူပိုင်သမျှတို့ကိုထာဝရ ဘုရားကောင်းချီးပေးတော်မူကြောင်း ဒါဝိဒ် ကြားသိတော်မူသောအခါထိုသေတ္တာတော် ကိုအခမ်းအနားနှင့်တကွသြဗဒေဒုံအိမ် မှယေရုရှလင်မြို့သို့ပင့်ဆောင်တော်မူ၏။- ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာသူတို့ သည်ခြေခြောက်လှမ်းမျှလှမ်းမိသောအခါ ဒါဝိဒ်သည်သူတို့အားရပ်စေပြီးလျှင် ထာဝရ ဘုရားအားနွားထီးတစ်ကောင်နှင့်ဆူဖြိုးသော သိုးတစ်ကောင်ကိုယဇ်ပူဇော်လေသည်။- သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။- သို့ဖြစ်၍မင်းကြီးနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် လျက် တံပိုးခရာများကိုမှုတ်လျက်ပဋိညာဉ် သေတ္တာတော်ကိုယေရုရှလင်မြို့သို့ပင့်ဆောင် လာကြ၏။
သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။- လူတို့သည်သေတ္တာတော်ကိုပင့်ဆောင်ကာ ဒါဝိဒ်တည်ဆောက်ထားသည့်တဲတော်အတွင်း လျာထားသည့်နေရာ၌ထားကြ၏။ ထိုနောက် ဒါဝိဒ်သည်ထာဝရဘုရားအားမီးရှို့ရာ ယဇ်နှင့်မိတ်သဟာယယဇ်တို့ကိုပူဇော် လေသည်။- ယင်းသို့ပူဇော်ပြီးသောအခါသူသည် အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နာမတော်ကို အမှီပြု၍လူတို့အားကောင်းချီးပေးတော် မူ၏။- ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။6
ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊- ငါ၏ကိုယ်ကိုပို၍ပင်အသရေပျက်စေပါ ဦးမည်။ သင်သည်ငါ့အားအထင်သေးသော် လည်းထိုကျွန်မိန်းမတို့ကမူအထင်ကြီး ကြမည်'' ဟုပြန်၍မိန့်တော်မူ၏။
ရှောလု၏သမီးတော်မိခါလသည်လည်း တစ်သက်လုံးသားသမီးမရတော့ချေ။
Source notes (6)
- Footnote 2 ခေရုဗိမ်။ ရှင်းလင်းချက်ကြည့်ပါ။
- Cross-reference ထွ၊ ၂၅:၂၂။
- Cross-reference ၁ရာ၊ ၇:၁-၂။
- Footnote 3 * ပေရဇာသြဇ။ သြဇအားဒဏ်ခတ်ခြင်းဟုအနက်ရသည်။
- Cross-reference ၆ရာ၊ ၂၆:၄-၅။
- Cross-reference ၅ရာ၊ ၁၆:၄၃။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.