၂ ရာ
2 Samuel
Introduction from this edition
ဋ္ဌမ္မရာဇဝင်ဒုတိယစောင်
နိဒါန်း
ဋ္ဌမ္မရာဇဝင်ဒုတိယစောင်သည် ဋ္ဌမ္မရာဇဝင် ပထမစောင်၏အကြောင်းဆက်ဖြစ်၍ ရှင်ဘုရင် ဒါဝိဒ်၏နန်းစံသမိုင်းဖြစ်သည်။ ဒါဝိဒ်သည် ဦးစွာတောင်ပိုင်း၌တည်ရှိသောယုဒပြည် ကိုအုပ်ချုပ်သည် (အခန်း၁-၄)။ ထိုနောက်မြောက်ပိုင်း ၌တည်ရှိသောဣသရေလပြည်အပါအဝင် တစ်နိုင်ငံလုံးကိုအုပ်ချုပ်သည် (အခန်း ၅-၂၄)။ ဒါဝိဒ်ဘုရင်သည်မိမိ၏နိုင်ငံကိုတိုးချဲ့ ရန်နှင့်မိမိ၏အာဏာတည်မြဲစေရန် ပြည် တွင်းပြည်ပရန်သူများကိုမည်ကဲ့သို့ဆိုင် ပြိုင်တွန်းလှန်ရကြောင်းရှင်းလင်းပြတ်သား စွာဖော်ပြထားသည်။ ဒါဝိဒ်သည်ဘုရားသခင်အားယုံကြည်၊ ကြည်ညိုမှုအားကြီး သူပ္ဂိုလ်အဖြစ်နှင့်လည်းကောင်း၊ မိမိပြည် သူတို့၏သစ္စာစောင့်မှုကိုရယူနိုင်သူပ္ဂိုလ် အဖြစ်နှင့်လည်းကောင်းဖော်ပြထားသည်။ ထို့အပြင်သူသည်မိမိအလိုဆန္ဒနှင့် မျှော်မှန်းချက်ပေါက်မြောက်စေရန် တစ်ခါ တစ်ရံရက်စက်ကြမ်းကြုတ်မှုများကို ပြုလုပ်၍ ကြီးလေးသောအပြစ်များကို ကူးလွန်ကြောင်းကိုလည်းဖော်ပြထား သည်။ သို့ရာတွင်ထာဝရဘုရား၏ပရော ဖက်နာသန်ကသူ၏အပြစ်များကိုထုတ် ဖော်သောအခါ သူသည်ဝန်ချတောင်းပန် ၍ဘုရားသခင်စီရင်သောအပြစ်ဒဏ် ကိုခံယူလေသည်။
ဣသရေလအမျိုးသားတို့သည်ဒါဝိဒ် ဘုရင်၏ဘဝအသက်တာနှင့် ဆောင်ရွက် ချက်များကိုအလွန်စွဲလန်းနှစ်သက်ကြ ရကား နောင်အခါတစ်မျိုးသားလုံးအတိ ဒုက္ခရောက်သည့်အခါ သူတို့လိုလားတောင့် တသောဘုရင်မှာ``ဒါဝိဒ်၏သားတော်'' တစ် နည်းကားဒါဝိဒ်နှင့်တူသူ၊ ဒါဝိဒ်၏ အဆက်အနွယ်မှဆင်းသက်သူဖြစ် သတည်း။
အကြောင်းအရာအကျဉ်းချုပ်
ယုဒပြည်ကိုဒါဝိဒ်အုပ်စိုးခြင်း
ဣသရေလနိုင်ငံတစ်ခုလုံးကို ဒါဝိဒ်အုပ်စိုးခြင်း
(က) နန်းစံနှစ်ဦးပိုင်း
(ခ) ဒါဝိဒ်နှင့်ဗာသရှေဘ
(ဂ) ဘေးဒုက္ခနှင့်အခက်အခဲများ
(ဃ) နှစ်နှောင်းပိုင်း
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.