Common Language Bible
၁ ကော 8
ရုပ်တုကိုပူဇော်သည့်အစားအစာပြဿနာ
သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။- မိမိကိုယ်ကိုအသိပညာရှိသည်ဟုထင် မှတ်သူသည် အမှန်ပင်အသိပညာမရှိ။- သို့သော်ဘုရားသခင်ကိုချစ်မြတ်နိုးသူသည် ဘုရားသခင်သိမှတ်တော်မူခြင်းကိုခံရ၏။
ထို့ကြောင့်ရုပ်တုကိုပူဇော်သည့်အစားအစာ နှင့်ပတ်သက်၍ပြောရသော် ရုပ်တုဟူသည်မှာ သက်ရှင်လှုပ်ရှားမှုမရှိကြောင်းကိုလည်း ကောင်း၊ တစ်ဆူတည်းသောဘုရားမှတစ်ပါး အခြားဘုရားမရှိကြောင်းကိုလည်းကောင်း ငါတို့သိကြ၏။- အကယ်၍ကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ် ၌ နာမည်ခံဘုရားများနှင့်အရှင်သခင် အမြောက်အမြားပင်ရှိစေကာမူ- ငါတို့အဖို့မှာအဖခမည်းတော်ဘုရား တစ်ပါးတည်းသာလျှင်ရှိတော်မူ၏။ ကိုယ် တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူ၏။ ကိုယ်တော်၏အဖို့ငါတို့အသက် ရှင်ကြ၏။ ငါတို့မှာအရှင်သခင်တစ်ပါး တည်းသာလျှင်ရှိ၏။ ထိုအရှင်သခင်ကား ယေရှုခရစ်ပေတည်း။ ထိုအရှင်အားဖြင့် ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းခြင်း ကိုခံကြရ၏။ ထိုအရှင်အားဖြင့်ငါတို့ သည်အသက်ရှင်ကြ၏။
သို့ရာတွင်လူတိုင်းဤသစ္စာတရားကိုသိရှိ ကြသည်မဟုတ်။ အချို့သောသူတို့သည် ရုပ်တုကိုကိုးကွယ်ခဲ့သည့်အတွက် ယခု တိုင်အောင်ပင်ရုပ်တုအားပူဇော်ပြီးသော အစားအစာကိုစားသောအခါ ရုပ်တု၏ အစားအစာဟုမှတ်ယူလျက်စားနေကြ ၏။ ထို့ကြောင့်သူတို့သည်စိတ်မသိုးမသန့် ဖြစ်ကာ ထိုအစားအစာကမိမိတို့အား ညစ်ညမ်းစေသည်ဟုထင်မှတ်ကြ၏။- အစားအစာသည်ဘုရားသခင်၏ရှေ့တော် တွင်အဋ္ဌိကမဟုတ်။ အစားအစာကိုမစား ဘဲနေလျှင်ငါတို့မှာအရှုံးမရှိ။ စားလျှင် လည်းအမြတ်မရ။
သို့ရာတွင်သင်တို့ဤသို့လွတ်လပ်စွာစား သောက်နိုင်ခွင့်သည် ယုံကြည်မှုအားနည်းသူ များအတွက်မှောက်မှားစရာမဖြစ်စေရန် သတိပြုကြလော့။- အကယ်၍ဤကိစ္စမျိုး၌စိတ်မသိုးမသန့် ဖြစ်သူသည် ``အသိပညာ'' ရှိသူသင်တို့က နတ်ကွန်းအတွင်း၌ထိုင်လျက်စားသောက်နေ သည်ကိုတွေ့ရှိသောအခါ ရုပ်တုအားဆက်သ သည့်ပူဇော်သကာကိုစားရဲလာမည်မဟုတ် ပါလော။- သို့ဖြစ်၍အားနည်းသူညီအစ်ကိုအတွက် ခရစ်တော်အသေခံခဲ့ပါသော်လည်းသင် ၏ ``အသိပညာ'' ကြောင့်ထိုသူသည်ပျက်စီး ရတော့၏။- ဤသို့လျှင်သင်တို့သည်မိမိတို့ညီအစ်ကို များအားပြစ်မှား၍ သူတို့၏သြတ္တပ္ပစိတ်ကို လည်းထိခိုက်စေခြင်းအားဖြင့် ခရစ်တော်ကို လည်းပြစ်မှားရာရောက်သည်။- ထို့ကြောင့်အသားကိုစားခြင်းသည်ညီအစ်ကို အားမှောက်မှားလမ်းလွဲစေမည်ဆိုပါက ငါ သည်ငါ့ညီအစ်ကိုအားမမှောက်မှားလမ်း မလွဲစေရန်အသားကိုမစားဘဲနေမည်။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.