Skip to content
BibleKenya

၁ ကော

1 Corinthians

Introduction from this edition

ကော​ရိန္သု​သြ​ဝါ​ဒ​စာ

ပ​ထ​မ​စာ​စောင်

နိ​ဒါန်း

ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ကို​တ​မန် တော်​ရှင်​ပေါ​လု​ရေး​သား​ရ​သည့်​အ​ကြောင်း​မှာ ကော​ရိန္သု​မြို့​၌​မိ​မိ​တည်​ထောင်​ခဲ့​သည့်​အ​သင်း တော်​တွင် ခ​ရစ်​ယာန်​တို့​၏​ပြု​မူ​ကျင့်​ကြံ​မှု​နှင့် လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း​ပတ် သက်​သည့်​ပြ​ဿ​နာ​များ​ကို​ဖြေ​ရှင်း​ပေး​ရန် ဖြစ်​၏။ ထို​အ​ချိန်​အ​ခါ​က​ကော​ရိန္သု​မြို့​သည် လူ​မျိုး​ပေါင်း​စုံ​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​ကြီး​ဖြစ် ပြီး​ရော​မ​နိုငo ်​ငံ​၏​လက်​အောက်​ခံ၊ အ​ခါ​ယ ပြည်​နယ်​၏​မြို့​တော်​ဖြစ်​သည်။ ယင်း​သည်​ကုန် သွယ်​ရေး​ထွန်း​ကား​သော​မြို့၊ ယဉ်​ကျေး​မှု​အ​တွက် ဂုဏ်​ယူ​နိုင်​သော​မြို့၊ စာ​ရိတ္တ​ပျက်​ပြား​သော​မြို့၊ ကိုး​ကွယ်​ရာ​ဘာ​သာ​တ​ရား​အ​မျိုး​ပေါင်း​စုံ သော​မြို့​ဟူ​၍​ထင်​ပေါ်​ကျော်​ကြား​ခဲ့​သည်။

တ​မန်​တော်​ကြီး​အ​ထူး​အ​လေး​ပေး​ရေး​သား သည့်​အ​ကြောင်း​အ​ရာ​များ​မှာ အ​သင်း​တော်​တွင် စိတ်​ဝမ်း​ကွဲ​ပြား​မှု​နှင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု ဆိုင်​ရာ​ပြ​ဿ​နာ​များ၊ လိင်​နှင့်​လည်း​ကောင်း၊ ထိမ်း မြား​မင်္ဂ​လာ​ပြု​ရေး​နှင့်​လည်း​ကောင်း​ဆိုင်​သည့် ပြ​ဿ​နာ​များ၊ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု၊ အ​သင်း တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​မှု၊ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​၏​ဆု​ကျေး​ဇူး​များ၊ သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​တို့​ဖြစ်​၏။ သ​တင်း​ကောင်း​တည်း ဟူ​သော​တ​ရား​တော်​နှင့်​အ​ညီ ယင်း​ပြ​ဿ​နာ အ​ရပ်​ရပ်​တို့​ကို​ဖြေ​ရှင်း​ပုံ​သည်​နက်​ရှိုင်း​ထက် မြက်​လှ​ပေ​သည်။

မိ​မိ​၏​လူ​စု​တော်​အား​ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​အ​နက် အ​မြတ် ဆုံး​ဖြစ်​သည့်​မေတ္တာ​အ​ကြောင်း​ကို​တင်​ပြ​သည့် အ​ခန်း ၁၃ မှာ​ဤ​စာ​စောင်​တစ်​ခု​လုံး​ရှိ​အ​ခန်း များ​အ​နက်​လူ​သိ​အ​များ​ဆုံး​ဖြစ်​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း ၁:၁-၉

အ​သင်း​တော်​တွင်​ဂိုဏ်း​ကွဲ​ခြင်း ၁:၁၀-၄:၂၁

ဖို​မ​ကိစ္စ​နှင့်​အိမ်​ထောင်​ရေး​ကိစ္စ ၅:၁-၇:၄၀

ခ​ရစ်​ယာန်​များ​နှင့်​ခ​ရစ်​ယာန်​မ​ဟုတ်​သူ​များ ၈:၁-၁၁:၁

အ​သင်း​တော်​ဝင်​တို့​ပြု​မူ​ကျင့်​ကြံ​မှု​နှင့် ကိုး​ကွယ်​ဝတ်​ပြု​မှု ၁၁:၂-၁၄:၄၀

ခ​ရစ်​တော်​နှင့်​ကိုယ်​တော်​ကို​ယုံ​ကြည်​သူ​တို့ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း ၁၅:၁-၅၈

ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန်​များ​အ​တွက်​အ​လှူ​ငွေ ၁၆:၁-၄

ကိုယ်​ရေး​ကိုယ်​တာ​ကိစ္စ​များ​နှင့်​နိ​ဂုံး ၁၆:၅-၂၄

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.