Biblica® Open Burmese Contemporary Bible
ရောမ 10
ချစ်သော ညီအစ်ကို/မောင်နှမတို့1… ကျွန်ုပ်/၏ ပြင်းပြသော စိတ်ဆန္ဒ/နှင့် ဘုရားသခင်/ထံ တောင်းသော ဆု/မှာ အစ္စရေးလူမျိုးများ ကယ်တင်ခံရ/ရန် ဖြစ်၏။ ထို/သူတို့/သည် ဘုရားသခင်/အတွက် စိတ်အားထက်သန်မှု/ရှိ/ကြောင်း ကျွန်ုပ်/သက်သေခံ၏။ သို့သော်လည်း ထို/ထက်သန်သော စိတ်/သည် အသိပညာ/အားဖြင့် မဟုတ်။ ထို/သူတို့/သည် ဘုရားသခင်/က ဖြောင့်မတ်သည်/ဟု သတ်မှတ်ပေး/တော်မူသော နည်းလမ်း/ကို နားမလည်/သောကြောင့် ထို/နည်းလမ်း/ကို မလိုက်ဘဲ မိမိတို့/၏/ကိုယ်ပိုင် လမ်းစဉ်/ကို လိုက်ကြ၏။ ခရစ်တော်/သည် ပညတ်တရား/ကို အဆုံးသတ်/စေတော်မူပြီ/ဖြစ်/သောကြောင့် ယုံကြည်သော/သူတို့/သည် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခြင်း/ခံရကြ၏။
လူသား/အားလုံး/အတွက် ကယ်တင်ခြင်း
ပညတ်တရား/၏ နည်းလမ်း/အရ လူတစ်ဦး/သည် ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်/ခံရ/ရန် ထို/ပညတ်/အားလုံး/ကို လိုက်နာရမည်/ဖြစ်ကြောင်း မောရှေ/ရေးသားထား၏။2 သို့ရာတွင် ယုံကြည်ခြင်း/နည်းလမ်း/အရ ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်/ခံရခြင်း/ကမူ “ ‘ခရစ်တော်/ကို ဤ/လောက/သို့ ခေါ်ဆောင်/ရန် ကောင်းကင်ဘုံ/သို့ မည်သူ/တက်မည်နည်း’ ဟူ၍ သင့်/စိတ်/ထဲ၌ မပြောဆိုနှင့်။ သို့မဟုတ် ‘ခရစ်တော်/ကို သေခြင်း/မှ ထမြောက်/စေတော်မူ/ရန် တွင်းနက်ကြီး/ထဲသို့ မည်သူ/ဆင်းမည်နည်း’ ဟူ၍ မပြောဆိုနှင့်”3 ဟု ဆိုထား၏။ ထို့ပြင်
“တရားတော်/သည် သင့်/အနီး/၌ ရှိ၏။
၎င်း/သည် သင့်/နှုတ်/၌/လည်းကောင်း၊ သင့်/စိတ်နှလုံး/၌/လည်းကောင်း ရှိ၏”4
ဟု ဆိုထား၏။ ထို/တရားတော်/မှာ ကျွန်ုပ်တို့/ဟောပြောသော ယုံကြည်ခြင်း/တရား ဖြစ်၏။ သင်/သည် ယေရှု/ကို အရှင်သခင်/ဖြစ်ကြောင်း နှုတ်/ဖြင့် ဝန်ခံ/၍ ဘုရားသခင်/သည် ထို/အရှင်/ကို သေခြင်း/မှ ထမြောက်စေတော်မူကြောင်း/ကို စိတ်နှလုံး/ထဲ၌ ယုံကြည်/လျှင် ကယ်တင်ခြင်း/ခံရ/လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူ/သည် စိတ်နှလုံး/ဖြင့် ယုံကြည်/၍ ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရပြီး နှုတ်/ဖြင့် ဝန်ခံ/၍ ကယ်တင်ခြင်း/ခံရ/သောကြောင့် ဖြစ်၏။ ကျမ်းစာ/ကလည်း “ထို/အရှင်/ကို ယုံကြည်သောသူ/သည် အရှက်ရ/လိမ့်မည်/မဟုတ်”5 ဟု ဆိုထား၏။ ဂျူးလူမျိုး၊ ဂရိလူမျိုး/ဟူ၍ ခွဲခြားခြင်း/မရှိ။ သူတို့/၌ သခင်/တစ်ပါးတည်း ရှိ/၍ ထို/သခင်/ထံ ဆုတောင်းသော/သူတို့/အား ရက်ရော/စွာ ပေးသနားတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ/၌ “ထာဝရဘုရား/၏ အမည်/နာမ/ကို အမှီပြု/၍ ဆုတောင်းသော/သူ/အပေါင်းတို့/သည် ကယ်တင်ခြင်း/ခံရ/လိမ့်မည်”6 ဟု ဖော်ပြထား/သောကြောင့် ဖြစ်၏။
သို့သော် ထို/အရှင်/ကို မယုံကြည်/လျှင် ထို/အရှင်/ထံ မည်သို့ ဆုတောင်း/နိုင်မည်နည်း။ ထို/အရှင်/၏ အကြောင်း/ကို မကြားဖူး/လျှင် ထို/အရှင်/ကို မည်သို့ ယုံကြည်/နိုင်မည်နည်း။ ဟောပြောသော/သူ မရှိ/လျှင် မည်သို့ ကြား/နိုင်မည်နည်း။ ဟောပြော/ရန် စေလွှတ်ခြင်း မခံရ/လျှင် မည်သို့ ဟောပြော/နိုင်မည်နည်း။ ကျမ်းစာ/၌ “သတင်းကောင်း/ကို ယူဆောင်လာသော/သူတို့/၏ ခြေတို့/သည် အလွန်/တင့်တယ်ပေ၏”7 ဟု ရေးသားထား၏။
သို့သော်လည်း သတင်းကောင်း/ကို လူတိုင်း လက်ခံသည် မဟုတ်။ ပရောဖက်/ဟေရှာယ/က “အို ထာဝရဘုရား… အကျွန်ုပ်တို့/ဟောပြောသော သတင်းစကား/ကို မည်သူ/ယုံပါသနည်း”8 ဟု ဆိုခဲ့၏။ ထို့ကြောင့် ယုံကြည်ခြင်း/သည် သတင်းကောင်း/ဟူသော ခရစ်တော်/၏ အကြောင်း/ကို ကြားနာခြင်း/မှ ဖြစ်လာ၏။ သို့သော် အစ္စရေးလူမျိုးတို့/သည် သတင်းကောင်း/ကို မကြားခဲ့/ရသလော/ဟု ကျွန်ုပ်/မေးလို၏။ အမှန်/ပင် ကြားခဲ့ရ၏။ ကျမ်းစာ/၌
“ထို/သတင်းကောင်း/သည် ကမ္ဘာ/တစ်ဝန်းလုံး/သို့ ပျံ့နှံ့/၍
တရား/စကား/သည်လည်း ကမ္ဘာ/စွန်း/တိုင် ရောက်လေပြီ”9
ဟု ဖော်ပြထား၏။
အစ္စရေးလူမျိုးတို့/သည် အမှန်ပင်/မသိကြသလော/ဟု ကျွန်ုပ် ထပ်မံ၍ မေးလို၏။ အမှန်/ပင် သိကြ၏။ အဘယ်ကြောင့်ဆိုသော် မောရှေ/ခေတ်ကာလ/၌ ဘုရားသခင်/က
“ငါ/သည် လူမျိုးစု/ပင်/မဟုတ်သော လူတို့/အားဖြင့် သင်တို့/၌ မနာလိုစိတ်/ဖြစ်ပေါ်စေမည်။
ပညာမဲ့သော လူမျိုးခြားများ/အားဖြင့်/လည်း သင်တို့/ကို ဒေါသထွက်/စေမည်”10
ဟု မိန့်တော်မူ/သောကြောင့် ဖြစ်၏။
ထို့နောက် ဘုရားသခင်/က
“ငါ့/ကို မရှာသော/သူတို့/သည် ငါ့/ကို တွေ့ကြ၏။
ငါ့/အကြောင်း/ကို မမေးသော/သူတို့/အား ငါ/သည် ကိုယ်ထင်ပြ၏”11
ဟု မိန့်တော်မူကြောင်း ဟေရှာယ/သည် ရဲဝံ့စွာ ဖော်ပြထား၏။
သို့သော် အစ္စရေးလူမျိုးတို့/နှင့်/ပတ်သက်/၍ ဘုရားသခင်/က
“တစ်နေ့လုံး ငါ့/လက်/ကို ကမ်းထား/သော်လည်း သူတို့/သည် ငါ့/ကို မနာခံဘဲ ဆန့်ကျင်/ပုန်ကန်ကြ၏”12
ဟု မိန့်တော်မူ၏။
Source notes (12)
- Footnote မူရင်း/ဂရိကျမ်း/တွင် ပါရှိသော “အဒဲလ်ဖွေ” မှာ ညီအစ်ကို တစ်မျိုးတည်း/အတွက်၊ သို့မဟုတ် ညီအစ်ကို/မောင်နှမ နှစ်မျိုးလုံး/အတွက် ရည်ညွှန်း/နိုင်သည်။ ယုံကြည်သူ/တိုင်း/သည် ဘုရားသခင်/၏ သားသမီးများ/ဖြစ်ကြသည်/နှင့်အညီ ဤ/ကျမ်းချက်/ပါ ယင်း/စကားလုံး/မှာ ယေရှု/ကို ယုံကြည်သည့် ညီအစ်ကို/မောင်နှမ/ကဲ့သို့သော အမျိုးသား၊ အမျိုးသမီး နှစ်မျိုးလုံး/ကို ရည်ညွှန်းသည်။
- Footnote ဝတ် ၁၈:၅။
- Footnote တရား ၃၀:၁၂-၁၃။
- Footnote တရား ၃၀:၁၄။
- Footnote ဟေရှာ ၂၈:၁၆။
- Footnote ယောလ ၂:၃၂။
- Footnote ဟေရှာ ၅၂:၇။
- Footnote ဟေရှာ ၅၃:၁။
- Footnote ဆာ ၁၉:၄။
- Footnote တရား ၃၂:၂၁။
- Footnote ဟေရှာ ၆၅:၁။
- Footnote ဟေရှာ ၆၅:၂။
Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.