Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

လုကာ 19

ယေရှု/နှင့် ဇက္ခဲ

ထို့နောက် ယေရှု/သည် ဂျေရိခေါမြို့/သို့ ဝင်/၍ ဖြတ်ကြွတော်မူ၏။ ထို/အရပ်/တွင် ဇက္ခဲ/ဟု ခေါ်သော လူ/တစ်ဦး/ရှိ၏။ သူ/သည် အကောက်ခွန်/အရာရှိ/တစ်ဦး/ဖြစ်ပြီး ချမ်းသာသော/သူ ဖြစ်၏။ သူ/သည် ယေရှု/မည်သို့သော/သူ/ဖြစ်သည်/ကို မြင်/နိုင်ရန် ကြိုးပမ်း/သော်လည်း အရပ်နိမ့်/သောကြောင့် လူအုပ်ကြီး/အား ကျော်/၍ ယေရှု/ကို မမြင်နိုင်ပေ။ ထို့ကြောင့် သူ/သည် ယေရှု/ကို မြင်/နိုင်ရန် ယေရှု/ကြွတော်မူမည့်လမ်း/အတိုင်း ရှေ့/သို့/ကြို/ပြေးသွား/၍ သဖန်းပင်/ပေါ်သို့ တက်လေ၏။

ထို/နေရာ/သို့ ယေရှု/ရောက်တော်မူ/သောအခါ အပေါ်/သို့ မော့ကြည့်ပြီး/လျှင် “ဇက္ခဲ… အမြန်/ဆင်းခဲ့လော့။ ယနေ့ သင့်/အိမ်/တွင် ငါ/တည်းခိုမည်” ဟု မိန့်တော်မူ၏။

ဇက္ခဲ/သည်လည်း အလျင်အမြန်/ဆင်း/၍ ကိုယ်တော်/ကို ဝမ်းသာ/စွာ/ကြိုဆိုလေ၏။ ထို/အဖြစ်အပျက်/ကို မြင်သော/သူများ/က “ယေရှု/သည် အပြစ်ရှိသူ/တစ်ဦး/၏/အိမ်/တွင် တည်းခို/ရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်/ပြောဆိုကြ၏။

ထို့နောက် ဇက္ခဲ/သည် ရပ်/၍ သခင်ဘုရား/အား “သခင်… အကျွန်ုပ်/၏/စည်းစိမ်ဥစ္စာ/တစ်ဝက်/ကို ဆင်းရဲသားများ/အား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦး/ထံမှ မတရား/ကောက်ခံထားသော/ငွေ/ရှိ/ပါက လေးဆ/ပြန်လျော်ပါမည်” ဟု လျှောက်လေ၏။

ယေရှု/က “ဤ/သူ/သည် အာဗြဟံ/၏/မျိုးဆက်/ဖြစ်/သောကြောင့် ယနေ့/ပင် ကယ်တင်ခြင်း/သည် ဤ/အိမ်/ပေါ်/တွင် သက်ရောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် လူသား1/သည် ပျောက်ဆုံးနေသော/သူများ/ကို ရှာဖွေ/၍ ကယ်တင်/ရန် ကြွလာ/သောကြောင့်/ဖြစ်သည်” ဟု မိန့်တော်မူ၏။

အစေခံ/ဆယ်ဦး ပုံဥပမာ

လူထုပရိသတ်/သည် ယေရှု/မိန့်တော်မူ/သမျှ/ကို နားထောင်နေကြ၏။ ထိုစဉ် ဂျေရုဆလင်မြို့/အနီးသို့ ရောက်တော်မူ/သဖြင့် ကိုယ်တော်/သည် ပုံဥပမာ/တစ်ခု/ကို မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူတို့/သည် ဘုရားသခင်/၏/နိုင်ငံတော်/ချက်ချင်း/ပေါ်ထွန်းလာတော့မည်/ဟု ထင်မှတ်/သောကြောင့်/ဖြစ်၏။ ယေရှု/က “မင်းသား/တစ်ပါး/သည် ရှင်ဘုရင်/အရာ/ကို ခံယူပြီး/ပြန်လာ/ရန် ဝေးသော/တိုင်းပြည်/သို့ သွားလေ၏။ ခရီး/မသွားမီ မိမိ/၏/အစေခံ/ဆယ်ဦး/ကို ခေါ်/၍ ငွေ/တစ်/ပိဿာ2/စီ ပေး/ပြီးလျှင် ‘ငါ/ပြန်လာသည်/အထိ စီးပွားရှာ/လျက် နေကြလော့’ ဟု မှာထားလေ၏။ သို့သော် သူ/၏/ပြည်သားတို့/သည် သူ့/ကို/မုန်းတီးကြ/သောကြောင့် သူ/၏/နောက်/တွင် ကိုယ်စားလှယ်/အဖွဲ့/တစ်ဖွဲ့/ကို လွှတ်လိုက်/၍ ‘ငါတို့/သည် ဤ/သူ/၏/အုပ်ချုပ်မှု/ကို မခံလိုပါ’ ဟု ဧကရာဇ်/ထံ လျှောက်စေကြ၏။

ထို့နောက် ထို/မင်းသား/သည် မိမိ/တိုင်းပြည်/အုပ်ချုပ်ခွင့်/ကို ရယူပြီး ပြန်လာ/သောအခါ ငွေ/လက်ခံရရှိထားသော/အစေခံများ/သည် စီးပွားပြုခြင်း/မှ အမြတ်အစွန်း/မည်မျှ/ရသည်/ကို သိ/လို/သဖြင့် သူတို့/အား ဆင့်ခေါ်/ရန် မိန့်လေ၏။ ပထမ/အစေခံ/သည်/လာ/၍ ‘သခင်… သခင်/၏/ငွေ/တစ်/ပိဿာ/အားဖြင့် အမြတ်ငွေ/ဆယ်/ပိဿာ/ရပါ၏’ ဟု လျှောက်လေ၏။

သူ/က ‘ကောင်းပေ၏။ သင်/သည်/အစေခံကောင်း/ဖြစ်၏။ အမှုကိစ္စ/ငယ်လေး/တွင်ပင် သင်/သည် သစ္စာရှိ/သောကြောင့် မြို့ကြီး/ဆယ်မြို့/ကို အုပ်ချုပ်လော့’ ဟု ဆို၏။

ဒုတိယ/အစေခံ/သည် ရောက်လာ/၍ ‘သခင်… သခင့်/ငွေ/တစ်/ပိဿာ/အားဖြင့် အမြတ်ငွေ/ငါး/ပိဿာ/ရပါ၏’ ဟု လျှောက်လေ၏။

ထို/သူ/ကိုလည်း သခင်/က ‘သင်/သည် မြို့/ငါး/မြို့/ကို အုပ်ချုပ်လော့’ ဟု ဆို၏။

အခြားသော/အစေခံ/သည်/လာ/၍ ‘သခင်… သခင်/၏/ငွေ/တစ်/ပိဿာ/ကို ကြည့်တော်မူပါ။ သခင်/သည် ခက်ထန်သော/သူ/ဖြစ်/၍ ကိုယ်/ရင်းနှီးမြုပ်နှံ/မထားသော/အရာ/ကို သိမ်းယူတတ်ပြီး ကိုယ်/မစိုက်သော/အရာ/ကိုလည်း ရိတ်သိမ်းတတ်/သောကြောင့် သခင့်/ကို အကျွန်ုပ်/ကြောက်ရွံ့/၍ ဤ/ပဝါ/ထဲ၌ သိမ်းထားပါ၏’ ဟု လျှောက်လေ၏။

သခင်/က ‘မိုက်မဲသော/အစေခံ ငါ/သည် ခက်ထန်သော/သူ/ဖြစ်/၍ ကိုယ်/ရင်းနှီးမြုပ်နှံမထားသော/အရာ/ကို သိမ်းယူတတ်ပြီး ကိုယ်/မစိုက်သော/အရာ/ကို ရိတ်သိမ်းတတ်သူ/ဖြစ်ကြောင်း သင်/သိသည်/မှန်/လျှင် ငါ/ပြန်လာ/သောအခါ ငါ/၏/ငွေ/ကို အတိုး/နှင့်တကွ ပြန်/အပ်/နိုင်ရန် အဘယ်ကြောင့် ဘဏ်/ထဲသို့/မထည့်ဘဲ နေသနည်း’ ဟု ထို/သူ/အား/ဆို၏။

ထို့နောက် သူ/က အခြွေအရံတို့/အား ‘သူ့/ထံမှ ငွေ/ကို/ယူ/၍ ငွေ/ဆယ်/ပိဿာ/ရသော/သူ/အား ပေးကြလော့’ ဟု ဆိုလေ၏။

ထို/လူတို့/က ‘သခင်… ထို/သူ့/ထံတွင် ငွေ/ဆယ်/ပိဿာ ရှိပြီး/ဖြစ်ပါသည်’ ဟု လျှောက်ကြ၏။

ထို/သခင်/က ‘ရှိသော/သူတို့/အား များစွာ/ထပ်/၍ ပေး/သဖြင့် သူတို့/သည် ကြွယ်ဝကြ/လိမ့်မည်။ မရှိသော/သူတို့/ထံမှ/မူ သူတို့/၌/ရှိသော/အရာ/ကိုပင် သိမ်းယူ/လိမ့်မည်။ ထို့ပြင် ငါ/၏/အုပ်ချုပ်မှု/ကို မလိုလားသော/ရန်သူများ/ကို ဤ/နေရာ/သို့ ခေါ်လာ/၍ ငါ့/ရှေ့/တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။

ဂျေရုဆလင်မြို့/သို့ အောင်ပွဲခံ/၍ ဝင်ရောက်တော်မူခြင်း

ထိုသို့ မိန့်တော်မူ/ပြီးနောက် ကိုယ်တော်/သည် ဂျေရုဆလင်မြို့/သို့ တပည့်တော်တို့ ရှေ့/မှ/ကြွနှင့်တော်မူ၏။ သံလွင်/ဟု အမည်တွင်သော တောင်/အနီး/ရှိ ဗက်ဖာဂေရွာ/နှင့် ဗေသနိရွာ/သို့ ရောက်/သောအခါ တပည့်တော်/နှစ်ပါး/အား သွားနှင့်/စေ/၍ “သင်တို့/ရှေ့/တွင် ရှိသော/ရွာ/သို့ သွားကြလော့။ မည်သူ/မျှ မစီးဖူးသော/မြည်းကလေး/တစ်ကောင်/အား ကြိုးချည်ထားသည်/ကို တွေ့မြင်/လိမ့်မည်။ ထို/မြည်း/ကို ကြိုးဖြေ/၍ ခေါ်ဆောင်လာကြလော့။ တစ်စုံတစ်ဦး/က ‘အဘယ်ကြောင့် မြည်းကလေး/ကို ကြိုးဖြေကြသနည်း’ ဟု မေး/လျှင် ‘သခင်/အသုံးပြုလို/သောကြောင့်/ဖြစ်သည်’ ဟု ဖြေကြလော့” ဟု မိန့်မှာတော်မူ၏။

ထို/စေလွှတ်ခံရသော/သူတို့/သည် သွားကြ/သောအခါ ယေရှု/မိန့်တော်မူသည့်/အတိုင်း မြည်းကလေး/ကို တွေ့ကြ၏။ ထို/သူတို့/သည် မြည်းကလေး/ကို/ကြိုးဖြေနေကြ/စဉ် မြည်းပိုင်ရှင်တို့/က “အဘယ်ကြောင့်/မြည်းကလေး/ကို ကြိုးဖြေကြသနည်း” ဟု မေးကြ၏။

တပည့်တော်တို့/က/လည်း “သခင်/အသုံးပြုလိုတော်မူ/သောကြောင့်/ဖြစ်သည်” ဟု ပြန်ဖြေကြ၏။ ထို့နောက် မြည်းကလေး/ကို ယေရှု/ထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့/၏/အဝတ်များ/ကိုလည်း မြည်းကလေး/ပေါ်/၌ ခင်းပေး/၍ ယေရှု/အား မြည်းကလေး/ပေါ်တွင် စီးစေကြ၏။

ယေရှု/ကြွတော်မူ/စဉ် လူတို့/သည် မိမိတို့/၏/အဝတ်များ/ကို လမ်း/ပေါ်တွင် ဖြန့်ခင်းကြ၏။ သံလွင်တောင်/အဆင်း/နေရာ/သို့ ရောက်တော်မူ/သောအခါ နောက်လိုက်/လူထုကြီး/တစ်ရပ်လုံး/က မိမိတို့/မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များ/ကို/ထောက်ရှု/၍ ကျယ်လောင်သော/အသံ/ဖြင့် ဝမ်းသာရွှင်လန်း/စွာ ဘုရားသခင်/ကို ချီးမွမ်းကြ၏။ ထို/သူတို့/က

“ထာဝရဘုရား/၏/အမည်/နာမ/နှင့် ကြွလာသော/ရှင်ဘုရင်/သည် မင်္ဂလာ/ရှိပါစေသော။”3

“ကောင်းကင်ဘုံ/တွင် ငြိမ်းချမ်းခြင်း/ရှိ/၍ အမြင့်ဆုံးသော/အရပ်/တွင် ဘုန်းကြီးတော်မူပါစေသော”4

ဟု ကြွေးကြော်ကြ၏။

လူအုပ်/ထဲတွင်/ပါသော ဖာရိရှဲ5/တချို့/က “ဆရာတော်… ဆရာတော်/၏/တပည့်တော်များ/အား ဆုံးမပေးပါ” ဟု လျှောက်ကြ၏။

သို့သော်လည်း ယေရှု/က “ဤ/သူတို့/သည် တိတ်ဆိတ်/စွာ/နေ/လျှင် ကျောက်ခဲများ/သည် ကြွေးကြော်ကြပါ/လိမ့်မည်” ဟု ပြန်/၍ မိန့်တော်မူ၏။

ဂျေရုဆလင်မြို့/အတွက် ငိုကြွေးတော်မူခြင်း

ဂျေရုဆလင်မြို့/နှင့် နီးလာ/သောအခါ ယေရှု/သည် မြို့တော်/ကို/မြင်/၍ ငိုကြွေးတော်မူ/လျက် “အသင်/မြို့တော်… သင်/၏/ငြိမ်းချမ်းသာယာမှု/ကို ဖြစ်စေသည့်/အရာများ/ကို ယနေ့/ပင် သင်/သည် သိမြင်ခဲ့/ပါက မင်္ဂလာရှိ၏။ သို့သော် ယခု/မှာမူ ထို/အရာများ/ကို သင်/၏/မျက်စိ/ရှေ့မှ ဝှက်ထား/လျက်/ရှိ၏။ သင်/၏/ရန်သူများ/သည် သင့်/ပတ်လည်/တွင် တပ်ချ/၍ သင့်/ကို/ဝန်းရံ/လျက် အဘက်ဘက်/မှ တိုက်ခိုက်သော/အချိန် ရောက်လာ/လိမ့်မည်။ သင်/နှင့် သင်/၏/သားသမီးများ/ကို မြေ/ပေါ်တွင် ဖိကြိတ်ကြ/လိမ့်မည်။ ကျောက်/တစ်ချပ်/အပေါ်တွင် တစ်ချပ်/မျှ တင်ကျန်/လိမ့်မည်/မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်/သည် ဘုရားသခင် ကြည့်ရှု/စီရင်တော်မူသော/နေ့/ကို မသိမမှတ်/သောကြောင့်/ဖြစ်သည်” ဟု မိန့်တော်မူ၏။

ဗိမာန်တော်/အား ရှင်းလင်းတော်မူခြင်း

ထို့နောက် ယေရှု/သည် ဗိမာန်တော်/သို့ ဝင်/၍ ဗိမာန်တော်/၌ ရောင်းဝယ်ဖောက်ကား/နေကြသောသူ/အားလုံး/ကို နှင်ထုတ်တော်မူ/ကာ “ကျမ်းစာ/တွင် ‘ငါ/၏/အိမ်တော်/သည် ဆုတောင်းရာ/အိမ်တော်/ဖြစ်/ရမည်’ ဟု ရေးသားထား/သော်လည်း သင်တို့/သည် အိမ်တော်/ကို ဓားပြစခန်း/ဖြစ်စေကြပြီ”6 ဟု မိန့်တော်မူ၏။

ထို့နောက် ယေရှု/သည် ဗိမာန်တော်/၌ နေ့စဉ်/ဟောပြော/သွန်သင်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ7/နှင့် လူထု/ခေါင်းဆောင်များ/က ယေရှု/ကို သတ်/ရန် ကြံစည်/လျက် နေကြ၏။ သို့ရာတွင် လူထု/တစ်ရပ်လုံး/က ယေရှု/မိန့်တော်မူသည့် စကားတော်/တိုင်း/ကို တစိုက်မတ်မတ်/နားထောင်/လျက်/ရှိ/သောကြောင့် လုပ်ဆောင်ခွင့်/ကို မတွေ့နိုင်ကြပေ။

Source notes (7)
  1. Footnote “လူသား” သည် ယေရှု/က မိမိ/ကိုယ်တိုင်/အတွက် သုံးသော/ဂုဏ်ပုဒ်/ဖြစ်သည်။
  2. Footnote ထို/ပိဿာ/ကို ရှေးခေတ်/ဂရိနိုင်ငံ/၏/ငွေကြေးစနစ်ဖြစ်သည့်၊ မိန/မှ/ပြောင်းလဲ/သုံးနှုန်းထားသည်။ ၎င်း/သည် ဆီးမိုက်လူမျိုး/တို့/ထံမှ ယူသုံးထားသော/မွေးစားစကားလုံး/ဖြစ်ပြီး တစ်မိန (ငွေ/တစ်/ပိဿာ) သည် သုံး/လစာ/လုပ်အားခ/နှင့်/ညီမျှသည်။
  3. Footnote ဆာ ၁၁၈:၂၆။
  4. Footnote ဆာ ၁၄၈:၁။
  5. Footnote ဂျူး/ဓလေ့ထုံးတမ်း/နှင့် ဥပဒေစည်းကမ်း/ကို တင်းကျပ်/စွာ လိုက်နာသည့် ဂျူး/ဘာသာရေး/ခေါင်းဆောင်များ။
  6. Footnote ဟေရှာ ၅၆:၇၊ ယေ ၇:၁၁။
  7. Footnote ကျမ်းဂန်/နှံ့စပ်/ကျွမ်းကျင်/သူများ။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.