Biblica® Open Burmese Contemporary Bible
လုကာ 10
တပည့်တော်များ/ကို စေလွှတ်တော်မူခြင်း
ထို့နောက် သခင်ဘုရား/သည် အခြားသော/တပည့်တော် ခုနစ်ဆယ့်နှစ်ယောက်1/ကို ရွေးချယ်/ပြီးလျှင် မိမိ/ကြွတော်မူမည့် မြို့၊ ရွာ/အသီးသီး/သို့ ကြိုတင်/၍ နှစ်ဦး/စီ စေလွှတ်လေ၏။ ထို/သူတို့/အား ညွှန်ကြားတော်မူသည်/မှာ “ရိတ်သိမ်း/ရန် စပါး/များစွာ ရှိ/သော်လည်း ရိတ်သိမ်းသူတို့/သည် နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းသူများ/ကို လယ်/သို့ စေလွှတ်ပေး/ရန် လယ်ရှင်/ထံ တောင်းလျှောက်ကြလော့။ သင်တို့ သွားကြလော့။ ဝံပုလွေများ/ထဲသို့ သိုးများ/ကို စေလွှတ်/သကဲ့သို့ သင်တို့/ကို ငါ/စေလွှတ်၏။ ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်/အပို/စသည်တို့/ကို ယူမသွားကြနှင့်။ လမ်း/တွင် မည်သူ/ကို/မျှ နှုတ်မဆက်ကြနှင့်။
အိမ်/တစ်အိမ်/သို့ ဝင်/သောအခါ ‘ဤ/အိမ်/တွင် ငြိမ်းချမ်းခြင်း/ရှိပါစေ’ ဟု ဦး/စွာ/မေတ္တာပို့ကြလော့။ ထို/အိမ်/တွင် ငြိမ်းချမ်းခြင်း/ကို လိုလားသူ/ရှိ/လျှင် သင်တို့/ပို့သသော/မေတ္တာ/သည် ထို/သူ/အပေါ် သက်ရောက်/လိမ့်မည်။ ထိုသို့/မရှိ/ပါက သင်တို့/ပို့သသော/မေတ္တာ/သည် သင်တို့/ထံ ပြန်လာ/လိမ့်မည်။ တစ်အိမ်/မှ တစ်အိမ်/သို့ မပြောင်းရွှေ့ကြဘဲ အိမ်/တစ်အိမ်တည်း/၌သာ တည်းခို/၍ အိမ်ရှင်/ကျွေးမွေးဧည့်ခံ/သမျှ/ကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ/သည် အခကြေးငွေ/ကို ရထိုက်/သောကြောင့်/ဖြစ်၏။
မြို့/တစ်မြို့/သို့ ဝင်/သောအခါ ထို/မြို့သား/တို့/သည် သင်တို့/ကို ကြိုဆို/လျှင် သင်တို့/ရှေ့/တွင် တည်ခင်း/သမျှ/ကို သုံးဆောင်ကြလော့။ ဖျားနာသောသူများ/အား ကုသပေး/၍ ‘ဘုရားသခင်/၏/နိုင်ငံတော်/သည် သင်တို့/ထံသို့ ရောက်လာချိန်/နီးပြီ’ ဟု ဟောပြောကြလော့။ သို့သော်လည်း မြို့/ထဲသို့ ဝင်/သောအခါ ထို/မြို့သားတို့/သည် သင်တို့/ကို မကြိုဆို/လျှင် ထို/မြို့/၏/လမ်းမ/ပေါ်/သို့ ထွက်/၍ ‘ငါတို့/၏/ခြေ/၌ ကပ်/လျက်/ရှိသော သင်တို့/မြို့/၏/ဖုန်မှုန့်/ကို/ပင် ငါတို့/ခါချပြီ။ သို့သော် ဘုရားသခင်/၏/နိုင်ငံတော် ပေါ်ထွန်းချိန်/နီးပြီ/ဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။ သင်တို့/အား ငါ/ပြောဆိုသည်/မှာ တရားစီရင်သော/နေ့/တွင် သောဒုံမြို့/ထက် ထို/မြို့/သည် ပို၍/အပြစ်ဒဏ်ခံရ/လိမ့်မည်။
အို ခေါရာဇိန်မြို့… သင်/သည် အမင်္ဂလာ/ရှိ၏။ အို ဗက်ဇဲဒမြို့… သင်/သည် အမင်္ဂလာ/ရှိ၏။ ငါ/သည် သင်တို့/တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့/ကို တိုင်ရာမြို့/နှင့် ဆီဒုန်မြို့/တွင် ပြခဲ့/လျှင် ထို/မြို့တို့/၌ ရှိသော/သူတို့/သည် လျှော်ထည်ကြမ်း/ကို ဝတ်/၍ ပြာ/ထဲတွင် ထိုင်/လျက် ယခင်/ကတည်းက/ပင် မိမိတို့/၏/အပြစ်များ/အတွက် နောင်တရခဲ့ပြီး/ဖြစ်/လိမ့်မည်။ တရားစီရင်/သောအခါ သင်တို့/သည် တိုင်ရာမြို့/နှင့်/ဆီဒုန်မြို့/ထက် ပို/၍ အပြစ်ဒဏ်ခံရ/လိမ့်မည်။ အို ကပေရနောင်မြို့… သင်/သည် ကောင်းကင်/တိုင်အောင် ချီးမြှောက်/ခံရပါမည်လော။ မခံရပါ။ သင်/သည် မရဏ/နိုင်ငံ/တိုင်အောင် နှိမ့်ချ/ခံရ/လိမ့်မည်” ဟူ၍ ဖြစ်၏။
ထို့နောက် တပည့်တော်တို့/အား “သင်တို့/၏/စကား/ကို နားထောင်သော/သူ/သည် ငါ့/စကား/ကို နားထောင်၏။ သင်တို့/ကို ငြင်းပယ်သော/သူ/သည် ငါ့/ကို ငြင်းပယ်၏။ ငါ့/ကို ငြင်းပယ်သော/သူ/သည် ငါ့/ကို/စေလွှတ်တော်မူသော/အရှင်/ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။
တပည့်တော် ခုနစ်ဆယ့်နှစ်ဦး/တို့/သည် ဝမ်းမြောက်/စွာ ပြန်လာ/၍ “သခင်… ကိုယ်တော်/၏/အမည်/နာမ/ကြောင့် နတ်ဆိုးတို့/သည် အကျွန်ုပ်တို့/ကို နာခံကြပါ၏” ဟု ပြန်/၍ လျှောက်ကြ၏။
ကိုယ်တော်/က “စာတန်မာရ်နတ်/သည် လျှပ်စီး/လက်/သကဲ့သို့ ကောင်းကင်/မှ ကျလာသည်/ကို ငါ/မြင်၏။ ကြည့်လော့။ ငါ/သည် သင်တို့/ကို မြွေဆိုး/နှင့် ကင်းမြီးကောက်များ/အပေါ်/တွင် နင်းခြေရသော/အခွင့်/နှင့် ရန်သူများ/အပေါ် အုပ်စိုးရသော တန်ခိုးအာဏာ/ကို ပေး၏။ မည်သည့်/အရာ/မျှ သင်တို့/ကို မထိခိုက်စေရ။ သို့သော် နတ်ဆိုးတို့/သည် သင်တို့/ကို နာခံကြ/သောကြောင့် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ/၌ သင်တို့/၏/အမည်များ/စာရင်းဝင်သည့်/အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
ယေရှု/၏/ကျေးဇူးတော်ချီးမွမ်းခြင်း
ထို/အချိန်/၌ ယေရှု/သည် သန့်ရှင်းသော/ဝိညာဉ်တော်/အားဖြင့် ရွှင်လန်း2/လျက် “ကောင်းကင်/နှင့် မြေကြီး/၏/အရှင်/သခင် ဖြစ်တော်မူသော/အဖ… လောကီ/ပညာရှင်များ/နှင့် ဉာဏ်ပညာ/ထက်မြက်သူများ/အား ဤ/အရာများ/ကို ဝှက်ထားတော်မူ/၍ ကလေးငယ်တို့/အား ဖော်ပြတော်မူ/သောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏/အဖ။ ဤ/သည်/မှာ အဖ/ခမည်းတော် နှစ်သက်တော်မူသော/အရာ/ပင် ဖြစ်၏။
ငါ့/ခမည်းတော်/သည် အရာ/အားလုံး/ကို ငါ့/အား ပေးအပ်တော်မူပြီ။ သားတော်/ကို ခမည်းတော်/မှလွဲ၍ မည်သူ/မျှ/မသိ။ ခမည်းတော်/ကိုလည်း သားတော်/နှင့် သားတော်/ဖော်ပြ/ရန် ရွေးချယ်တော်မူသော/သူတို့/မှလွဲ၍ မည်သူ/မျှ/မသိ” ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်/သည် တပည့်တော်များ/ထံသို့ လှည့်/၍ သီးခြား မိန့်တော်မူသည်/မှာ “သင်တို့/သည် ယခု/မြင်ရသော/အရာများ/ကို မြင်ရ/သောကြောင့် သင်တို့/၏/မျက်စိ/တို့/သည် မင်္ဂလာ/ရှိကြ၏။ ငါ/ပြောဆိုသည်/မှာ သင်တို့ မြင်ရသော/အရာတို့/ကို ရှေးခေတ်/က ပရောဖက်များ/နှင့် ဘုရင်တို့/သည် မြင်လိုခဲ့ကြ၏၊ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့/ကြားရသော/အကြောင်းအရာတို့/ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ” ဟူ၍ ဖြစ်၏။
အရေးကြီးဆုံးသော/ပညတ်တော်
တစ်နေ့/၌ ကျမ်းတတ်/ပညာရှင်/တစ်ဦး/သည် ကိုယ်တော်/ကို စမ်းသပ်/ရန် “ဆရာတော်… ထာဝရ/အသက်/ကို ရရှိ/ရန် အကျွန်ုပ်/သည် မည်သို့/ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ယေရှု/က “ပညတ်ကျမ်း/တွင် မည်သို့/ရေးထားသနည်း။ သင်/သည် မည်သို့/ဖတ်ဖူးသနည်း” ဟု ပြန်/၍ မေးလေ၏။
ထို/သူ/ကလည်း “ ‘သင်/၏/ဘုရားသခင် ထာဝရဘုရား/ကို စိတ်နှလုံး/အကြွင်းမဲ့၊ စိတ်ဝိညာဉ်/တစ်ခုလုံး၊ ကိုယ်စွမ်း/ရှိသမျှ၊ ဉာဏ်စွမ်း/ရှိသမျှ/နှင့် ချစ်လော့။ ထို/မျှ/မက ကိုယ်/နှင့်/သက်ဆိုင်သော/သူ/ကို ကိုယ်/နှင့်/အမျှ ချစ်လော့’ ဟူ၍ ပါရှိပါသည်” ဟု ဖြေလေ၏။
ယေရှု/ကလည်း “သင်/ပြောသည့်/အတိုင်း မှန်ပါ၏။ ထိုသို့/ပြု/လျှင် သင်/သည် အသက်/ကို ရ/လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို/သူ/သည် မိမိကိုယ်ကိုယ်/ဖြောင့်မတ်ကြောင်း/မြင်သာ/စေရန် “ဆရာတော် မည်သူ/သည် အကျွန်ုပ်/နှင့်/သက်ဆိုင်သော/သူ ဖြစ်ပါသနည်း” ဟု ယေရှု/အား တစ်ဖန်/မေးလျှောက်လေ၏။
ကောင်းသော/ရှမာရိ/လူမျိုး/တစ်ဦး/၏/ပုံဥပမာ
ယေရှု/က “လူ/တစ်ယောက်/သည် ဂျေရုဆလင်မြို့/မှ ဂျေရိခေါမြို့/သို့ ခရီးသွား/စဉ် ဓားပြ/တို့/၏/တိုက်ခိုက်ခြင်း/ကို ခံရလေ၏။ ဓားပြ/တို့/သည် သူ/၏/အဝတ်/ကို ချွတ်/၍ ရိုက်နှက်ပြီး/သေလုမြောပါး/ဖြစ်/သောအခါ လမ်းဘေး/တွင် ပစ်ထားကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်/တစ်ပါး/သည် ထို/လမ်း/အတိုင်း/သွား/စဉ် ထို/သူ/ကို မြင်/သောအခါ အခြား/တစ်ဖက်/သို့ လွှဲရှောင်သွား၏။ ထို/နည်းတူ လေဝိ/မျိုးနွယ်/တစ်ဦး/သည် ထို/အရပ်/သို့ ရောက်လာ/သော် ထို/ဒဏ်ရာ/နှင့်/လူ/ကို/တွေ့/လျှင် အခြား/တစ်ဖက်/သို့ လွှဲရှောင်သွား၏။
သို့ရာတွင် ရှမာရိ/လူမျိုး/တစ်ဦး/သည် ထို/နေရာ/သို့ ရောက်လာ/၍ ထို/လူနာ/ကို မြင်လေ/သော် သနားစိတ်/ရှိလေ၏။ ထို/ရှမာရိ/လူမျိုး/သည် လူနာ/ထံသို့ ချဉ်းကပ်/ပြီးလျှင် သူ/၏/အနာများ/ကို သံလွင်ဆီ/နှင့် စပျစ်ဝိုင်/ထည့်/၍ အဝတ်/ဖြင့် ပတ်စည်းပေး၏။ ထို့နောက် လူနာ/အား မိမိ/မြည်း/ပေါ် တင်/လျက် တည်းခိုခန်း/သို့ ပို့ဆောင်/၍ ပြုစုစောင့်ရှောက်လေ၏။ နောက်တစ်နေ့/၌ တည်းခိုခန်း/ပိုင်ရှင်/အား ငွေဒင်္ဂါး/နှစ်ပြား3/ကို ပေး/၍ ‘ဤ/သူ/ကို စောင့်ရှောက်ပေးလော့။ ထပ်မံ ကုန်ကျမည့်/စရိတ်/ကို အကျွန်ုပ်/ပြန်လာ/သောအခါ ပြန်/၍ ဆပ်ပေးပါမည်’ ဟု မှာထားလေ၏။
ထို/သုံးဦး/တို့/တွင် မည်သူ/သည် ထို/ဓားပြတိုက်/ခံရသော လူနာ/နှင့် သက်ဆိုင်သော/သူ ဖြစ်ပါသနည်း” ဟု မေးတော်မူ/လျှင် ကျမ်းတတ်/ပညာရှင်/က “လူနာ/အား သနားကြင်နာ/၍ ပြုစုစောင့်ရှောက်သော/သူ ဖြစ်ပါ၏” ဟု လျှောက်၏။
ထိုအခါ ယေရှု/က “သင် သွား/၍ ထို/နည်းတူ/ပြုလော့” ဟု မိန့်တော်မူ၏။
မာသ/နှင့် မာရိ/တို့ အိမ်/သို့ ကြွတော်မူခြင်း
ယေရှု/နှင့် တပည့်တော်တို့/သည် ဂျေရုဆလင်မြို့/သို့ ခရီးသွားကြ/စဉ် ယေရှု/သည် ရွာ/တစ်ရွာ/သို့ ဝင်/တော်မူ၏။ ထို/ရွာ/မှ မာသ/ဟု ခေါ်သော/အမျိုးသမီး/သည် ယေရှု/ကို မိမိ/အိမ်/သို့ ကြိုဆိုဧည့်ခံလေ၏။ မာသ/တွင် မာရိ/ဟု ခေါ်သော ညီမ/တစ်ဦး/ရှိ၏။ မာရိ/သည် ယေရှု/၏/ခြေတော်ရင်း/၌ ထိုင်/လျက် ဟောပြော/သမျှ/ကို နားထောင်လေ၏။ သို့သော် မာသ/သည် ညစာ/ဧည့်ခံခြင်း/အမှုများ/ကြောင့် အလွန်/စိတ်ပူပန်/၍ ယေရှု/အနား/သို့ ချဉ်းကပ်/လျက် “သခင်… ကျွန်မ/၏/ညီမ/သည် ဧည့်ဝတ်ပြု/ရန် ကျွန်မ/ကိုသာ ပစ်ထားခဲ့သည်/ကို လျစ်လျူရှုတော်မူပါသလော။ ကျွန်မ/အား ကူညီပေး/ရန် မိန့်တော်မူပါ” ဟု လျှောက်လေ၏။
ယေရှု/ကလည်း “အို မာသ… မာသ… သင်/သည် အလုပ်များ/ကြောင့် စိုးရိမ်ပူပန်/လျက် နှောင့်ယှက်ခြင်း/ကို ခံရလေပြီ။ လိုအပ်သော/အရာ တစ်ခုတည်း/ရှိ၏။ မာရိ/သည် ထို/ကောင်းမြတ်သော/အရာ/ကို ရွေးချယ်ပြီ။ ထို/အရာ/ကို သူ့/ထံ/မှ မည်သူ/မျှ မယူဆောင်နိုင်ပါ” ဟု ပြန်/၍ မိန့်တော်မူ၏။
Source notes (3)
- Footnote အချို့သော လက်ရေးမူကျမ်းများ/တွင် “ခုနစ်ဆယ်” ဟု ဖော်ပြထားသည်။
- Footnote အချို့သော လက်ရေးမူကျမ်းများ/တွင် “သန့်ရှင်းသော/ဝိညာဉ်တော်/၌ ရွှင်လန်း/လျက်” ဟု ဖော်ပြထားသည်။
- Footnote မူရင်း/ဂရိကျမ်း/တွင် “ဒေနာရိ/နှစ်ပြား” ဟု ပါရှိသည်။ ဒေနာရိ/တစ်ပြား/၏/တန်ဖိုး/သည် လုပ်သား/တစ်ဦး/၏/တစ်နေ့တာ/လုပ်အားခ/နှင့် ညီမျှသည်။
Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.