Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား

ယောဟန် 3:16

Verse 16 is marked below, with the whole chapter around it. Read from the start

ယေရှုန နိကောဒင်

ဖာရိရှဲဖွဲ့ဝမ် နိကောဒင်နာမယ်ရှိဟှူ ယုဒလူခေါန်းဆောန် တယော့‑က်ရှိဟှယ်။ တညဉ့်မာ သူဟှာ ယေရှုနားဟှို လာဘီးဟှာ ကိုယ်တော့်ဟှို “ရဗ္ဗိ၊ ကိုယ်တော်ဟှာ ဘုရားသခင်စေလွှတ်လိုက်ဟှူ ဆရာတယော့‑က် ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိဟှယ်။ ဘုရားသခင်ဟှာ ဆရာနတူးဒူရှိဟှ ဆိုဟှာ ဖယ်လူလည်း အယ်နိမိတ်လတ်ခဏာလေဟှို လောက်နိုင်ဟှို့ မှုဟှ” ဆိုဘီး လျှော့‑က်လေဟှယ်။

ယေရှုဟှ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ဒုတိယခါ ပ္လန်1မွီးဟှ ဆိုဟှာ ဖယ်လူလည်း ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဗြင်နိုင်ဟှို့ မှုဟှ” ဆိုဘီး ဖြေလိုက်ဟှယ်။

“သတ်ကီးဟှူလူဟှ ဖယ်မျိုးဒုတိယခါ ပ္လန်မွီးနိုင်ဟှို့နူး။ အယ်လူဟှာ ဒုတိယခါ မွီးဟှို့တွပ် သူ့မိရဲ့ ဗိုက်ထဲဟှို လောင်းဝ ဝမ်နိုင်ဟှ!” ဆိုဘီး နိကောဒင်ဟှ မေးဟှယ်။

ယေရှုဟှ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ရေန ဝိညာဉ်တော်အားဖြင့် မွီးဟှ ဆိုဟှာ ဖယ်လူလည်း ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ မှုဟှ။ ဇာတိသွီးသားဟှာ ဇာတိသွီးသားဟှို မွီးပေးဟှယ်။ အယ်ဘေမဲ့ ဝိညာဉ်တော်ဟှာ ဝိညာဉ်ဟှို မွီးပေးဟှယ်။ ဒုတိယခါ ပ္လန်2မွီးရမယ် ဆိုဘီး ငါပြောဟှူကြောန့် အံ့ဩဟှားန။ လေဟှာ သူလိုရှိဟှူ နေရာဟှို တိုက်လေဟှယ်။ နန်ဟှာ လေတိုက်သံဟှို ကြားရဟှယ်။ အယ်ဘေမဲ့ အယ်လေဟှာ ဖယ်နေရာဟှ လာဘီး ဖယ်နေရာဟှို သွားနေဟှယ် ဆိုဇာဟှို နန်သိဟှို့ မှုဟှ။ ဝိညာဉ်တော်အားဖြင့် မွီးဟှူလူတိုင်းဟှာလည်း အယ်မျိုးဘဲ့ဖြစ်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။

“အယ်ဇာဟှာ ဖယ်မျိုးဖြစ်နိုင်ဟှို့နူး” ဆိုဘီး နိကောဒင်ဟှ မေးဟှယ်။

ယေရှုဟှ “နန်ဟှာ ဣသရေလလူမျိုးထဲမာ ဆရာဂီးတယော့‑က်ဖြစ်ဘီး အယ်မူဇာဟှို နန်သိဟှလော။ နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ နို့လေဟှာ သိဟှူဇာဟှို ပြောဘီး နို့လေဟှာ ဗြင်ဟှူဇာဟှို သတ်သေခံဟှယ်။ အယ်ဘေမဲ့လည်း နန်းနို့ဟှာ နို့လေရဲ့ သတ်သေခံဇာဟှို လတ်ခံရှင်ဟှူ စိမှေ့ဂေ့ဟှ။ အယ်လောကနဆိုင်ဟှူ ဇာလေဟှို ငါပြောဟှူ ခီမာ နန်းနို့လေ ယောင်ကြည်ဂေ့ဟှ။ အယ်ဆိုဟှာ ကောန်းဂန်ဘောင်နဆိုင်ဟှူ ဇာလေဟှို ငါပြောဟှူ ခီမာ နန်းနို့လေ ဖယ်မျိုး ယောင်ကြည်မယ်နူး။ ကောန်းဂန်ဘောင်ဟှနေ ဆင်းလာဟှူ လူ့ရဲ့သားမှတပါး ဖယ်လူလည်း ကောန်းဂန်ဘောင်ဟှို တတ်ဟှားဟှူ လူမှေ့ဟှ”3 ဆိုဘီး ဖြေလိုက်ဟှယ်။

မောရှေဟှာ ကန္တာရထဲမာ ကြေးဝါဗွီဟှို တိုင်ထတ်မာ ခိဟှားမျိုးဘဲ့ လူ့ရဲ့သားဟှိုလည်း ခိဟှားလေ့မယ်။ အယ်ကြောန့် ကိုယ်တော့်ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ ထာဝရသတ်ဟှို ရမယ်။ ဘုရားသခင်ဟှာ လောကသားလေဟှို ရရာတိုင်း ရှစ်ဟှူကြောန့် သူ့ရဲ့ တပါးဒဲရှိဟှူ သားတော်ဟှို ပေးလေဟှယ်။ အယ်ကြောန့် သားတော်ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ ပျစ်စီးဘဲ့န ထာဝရသတ်ဟှို ရမယ်။ ဘုရားသခင်ဟှ သူ့ရဲ့သားတော်ဟှို အယ်လောကသားလေဟှို တရားစီရင်ဟှို့တွပ် စေလွှတ်လိုက်ဇာ မှုဟှ။ အယ်လောကဟှို ကယ်တန်ဟှို့တွပ် စေလွှတ်လိုက်ဟှယ်။

သားတော်ဟှို ယောင်ကြည်ဟှူ လူလေဟှာ စီရင်ခံရဟှ။ အယ်ဘေမဲ့ ယောင်ကြည်ဘဲဟှူ လူလေဟှာ ဘုရားသခင်ရဲ့ တပါးဒဲရှိဟှူ သားတော်ရဲ့ နာမဟှို ယောင်ကြည်ဘဲကြောန့် စီရင်ခံရဟှယ်။ စီရင်ရှင်းရဲ့ ဘောတရားဟှ အယ်မျိုးဖြစ်ဟှယ်။ လန်းရောန်ဟှာ လောကထဲဟှို ရော့‑က်လာဟှယ်။ အယ်ဘေမဲ့ လူလေဟှာ သူးနို့ရဲ့ ကျင့်လေ ဆိုးညစ်ဟှူကြောန့် လန်းရောန်ထတ် မှောန်မိုက်ဟှို ရှစ်ဂေ့ဟှယ်။ ဆိုးညစ်ဟှူ လူတိုင်းဟှာ လန်းရောန်ဟှို မူးဘီး လန်းရောန်နားဟှို လာဂေ့ဟှ။ သူးနို့ရဲ့ ဆိုးညစ်ဟှူ ကျင့်လေဟှို ထန်ရှားရှင်ဂေ့ဘဲဟှူကြောန့် ဖြစ်ဟှယ်။ အယ်ဘေမဲ့ သမ္မာတရားအားဖြင့် သတ်ရှင်ဟှူ လူလေဟှာ လန်းရောန်နားဟှို လာဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ လောက်ဆောန်ဟှူ ဇာလေဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ထန်းထန်ရှားရှားဟှား ဗြင်ရလေဟှယ်။

ယေရှုန ယောဟန်

အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေနတူးဒူ ယုဒနယ်ဟှို သွားဂေ့ဘီး အယ်နေရာမာ သူးနို့လေနတူးဒူနေဘီး ဗတ္တိဇံပေးဟှယ်။ ယောဟန်ဟှာလည်း ရှာလိမ်ဗြို့နားဟှ အဲနုန်ရပ်မာ ဗတ္တိဇံပေးနေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေရာမာ ရေလေဘောင်ဂီးရှိဟှယ်။ လူလေဟှာ သူ့နားဟှို လာဂေ့ဘီး ဗတ္တိဇံခံဂေ့ဟှယ်။ 4အယ်မူဇာဟှာ ယောဟန် ထောန်က္လခန်မာ ဖြစ်ဟှယ်။

ယောဟန်ရဲ့ တဗဲ့တော်တချို့ဟှာ ဘာသာဓလေ့နဆိုင်ဟှူ ဆေးကြောဇာန ပတ်သက်ဘီး ယုဒလူတယော့‑က်5န စဘီးဟှာ ဂြင်းဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ယောဟန်နားဟှို သွားဘီး “ဆရာ၊ ယော်ဒန်မ္လစ် ရှေ့ဖတ်ကမ်းမာ ဆရာနတူးဒူ နေဖူးဟှူ၊ သူ့ကြောန်းဟှို သတ်သေခံဖူးဟှူလူဟှို မှတ်မိသေးဘဲ့လော။ ခု သူဟှာ ဗတ္တိဇံပေးနေဟှယ်။ လူတိုင်းဟှလည်း သူ့နားဟှို သွားနေဂေ့ဟှယ်!” ဆိုဘီး ပြောပြလေဟှယ်။

ယောဟန်ဟှ “ကောန်းဂန်ဟှနေ ပေးဟှ ဆိုဟှာ ဖယ်လူလည်းရနိုင်ဟှ။ 6‘ငါဟှာ မေရှိယ မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှို သူ့ရှေ့ဟှနေ စေလွှတ်လိုက်ဟှယ်’ ဆိုဘီး ငါပြောဟှားဇာလေဟှာ နန်းနို့ကိုယ်တိုင် ငါ့ရဲ့ သတ်သေခံလေ ဖြစ်ဟှယ်။ ဒို့သမီးဟှို ပိုင်ဆိုင်ဟှူလူဟှာ ဒို့သားဖြစ်ဟှယ်။ အယ်ဘေမဲ့ ဒို့သားရဲ့သံဟှို ရပ်ဘီး နားထောန်နေဟှူ ဒို့သားရဲ့ မိဆွေဟှာ ဒို့သားရဲ့သံဟှို ကြားရဟှူ ခီမာ ဝန်းသာလေဟှယ်။ အယ်မျိုးဘဲ့ ငါဟှာလည်း အယ်ဝန်းသာဇာလေန ပ္လဲ့ဝနေဟှယ်။ အယ်သခင်ဟှာ တိုးပွားရမယ်။ ငါဟှာ ဆုတ်ယုတ်ရမယ်” ဆိုဘီး ဖြေလေဟှယ်။

ကောန်းဂန်ဘောင်ဟှနေ ကြွလာဟှူသခင်

ထတ်ဟှနေ ကြွလာဟှူ သူဟှာ ဂူလောင်းထတ် ကီးမြတ်ဟှယ်။ မ္လေဂီးဟှနေ ဖြစ်ဟှူလူဟှာ မ္လေဂီးန ဆိုင်ဘီး မ္လေဂီးရာဟှို ပြောဟှယ်။ အယ်ဘေမဲ့ ကောန်းဂန်ဘောင်ဟှနေ ကြွလာဟှူ သခင်ဟှာ ဂူလောင်းထတ် ကီးမြတ်ဟှယ်။ ကိုယ်တော်ဟှာ ဗြင်ဟှား၊ ကြားဟှားဇာလေဟှို ပြောဟှယ်။ အယ်ဘေမဲ့လည်း ကိုယ်တော်ရဲ့ စကားတော်ဟှို ဖယ်သူလည်း ထော့‑က်ခံဂေ့ဟှ။ အယ်ဘေမဲ့ ကိုယ်တော်ရဲ့ စကားတော်လေဟှို လတ်ခံဟှူလူတိုင်းဟှ ဘုရားသခင်ဟှာ သမ္မာတရားဖြစ်ဟှယ် ဆိုဇာဟှို သိမှတ်ပြုလေဟှယ်။ ဘုရားသခင် စေလွှတ်လိုက်ဟှူလူဟှာ ဘုရားသခင်ရဲ့ စကားတော်လေဟှို ပြောဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ဝိညာဉ်တော်ဟှို ပ္လဲ့ဝပေးလေဟှယ်။ 7ဖဟှာ သားတော်ဟှို ရှစ်တော်မူဘီး တဂိုးအာဏာ ဂူလောင်းဟှို သားတော်ရဲ့ လတ်ထဲမာ အပ်ပေးဟှားဟှယ်။ သားတော်ဟှို ယောင်ကြည်ဟှူ လူဟှာ ထာဝရသတ်ဟှို ရဘီး သားတော်ဟှို နားထောန်ဘဲဟှူ လူဟှာ သတ်ဟှို ရဘဲန ဘုရားသခင်ရဲ့ မျစ်ဒေါသအော့‑က်မာ နေရလေ့မယ်။

Source notes (7)
  1. Footnote ပ္လန်၊ အယ်မျိုးမှုဘဲနေဟှာ ထတ်ဟှ။
  2. Footnote ပ္လန်၊ အယ်မျိုးမှုဘဲနေဟှာ ထတ်ဟှ။
  3. Footnote ကိုးကားချစ်ဟှာ ခန်းငယ် ၂၁ ထိ ဖြစ်ဟှယ်။
  4. Cross-reference မ ၁၄.၃; မာ ၆.၁၇; လု ၃.၁၉,၂၀
  5. Footnote ယုဒလူတယော့‑က်၊ တချို့ မူရင်းလတ်ရေးမူလေမာ ယုဒလူမျိုးတချို့၊ ဆိုဘီး ရှိဟှယ်။
  6. Cross-reference ယော ၁.၂၀
  7. Cross-reference မ ၁၁.၂၇; လု ၁၀.၂၂

ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား. Copyright © 2024 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.