Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား

ဂလာတိ 4

ဆစ်ဘီးဖော်ပြရမယ် ဆိုဟှာ ဖရဲ့ အောက်စာလေ ဂူလောင်းဟှို မွီရဟှူသားဟှာ ပိုင်ဆိုင်သူတယော့‑က် ဖြစ်ဘေမဲ့လည်း ရွယ်ရော့‑က်ခန်ခီထိ ကျွန်တယော့‑က်မျိုး နေရဟှယ်။ သူဟှာ ငယ်ဟှူ ခီမာ သူ့ရဲ့ဖ သတ်မှတ်ဟှားဟှူ ခီရော့‑က်ခန်ခီထိ အောက်ထီးမားလေန ဘဏ္ဍာထီးလေရဲ့ လတ်အော့‑က်မာနေရဟှယ်။ အယ်မျိုးဘဲ့ နို့လေလည်း ဝိညာဉ်ရေးရာ ရင့်ကျတ်သေးဘဲဟှူ ခီမာ လောကရဲ့ ခြေခံတရားအော့‑က်မာ ကျွန်ဖြစ်ဂေ့ဟှယ်။ အယ်ဘေမဲ့ ခီပ္လဲ့ဇောင်ဟှားခီမာ ဘုရားသခင်ဟှာ သူ့ရဲ့ သားတော်ဟှို စေလွှတ်တော်မူဟှယ်။ ကိုယ်တော်ဟှာ ယုဒလူလေရဲ့ ပညတ်တရားအော့‑က်မာ လူမီးမဟှနေ မွီးဖွားဇာဟှို ခံဟှို့တွပ် ကြွလာတော်မူဘီး၊ 1ပညတ်တရား လတ်အော့‑က်မာရှိဟှူ လူလေ ဂူလောင်းဟှို ဝီးနှုတော်မူလိုက်ဟှူကြောန့်၊ နို့လေဟှာ ဘုရားသခင်ရဲ့ သားလေ ဖြစ်ခွမ့်ရဂေ့ဟှယ်။

နန်းနို့ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဇာဟှို ပြဟှို့တွပ်2 ဘုရားသခင်ဟှာ “အဗ္ဗ၊ ဖ” ဆိုဘီး ခေါ်ဟှူသားတော်ရဲ့ ဝိညာဉ်တော်ဟှို နို့လေရဲ့ စိနှလောင်းထဲဟှို စေလွှတ်တော်မူဟှယ်။ အယ်ကြောန့် နန်းနို့ဟှာ ကျွန်မှုဟှမ်း။ သားဖြစ်ဟှားဘီ။ အယ်ဘီးဟှာ နန်းနို့ဟှာ သားဖြစ်ဟှားကြောန့်၊ ဘုရားသခင်ဟှာ သူ့ရဲ့ သားလေတွပ် မွီဂူလောင်းဟှို ပေးတော်မူဟှယ်။

ဂလာတိ သင်းတော်တွပ် စိုးရိမ်ကြောန်း

နန်းနို့ဟှာ ဘုရားသခင်ဟှို သိသေးဘဲဟှူခီဒူးဟှ နန်းနို့ဟှာ မှန်ဘဲဟှူ ဘုရားလေရဲ့ ကျွန်လေဖြစ်ဟှားဟှယ်။ ခု နန်းနို့ဟှာ ဘုရားသခင်ဟှို သိဟှားဘီ။ မှန်ဆိုဟှာ နန်းနို့ဟှို ဘုရားသခင်ဟှ သိဟှားဇာဖြစ်ဟှယ် ဆိုဘီး ငါပြောရမယ်။ အယ်ဆိုဟှာ နန်းနို့ဟှာ အားနဲဘီး သနားဇာကောန်းဟှူ လောကီတရားရဲ့ ဝိညာဉ်လေနားဟှို ဖယ်မျိုး ပ္လန်လှည့်ဟှားဂေ့နူး။ ဖြားဖြစ်ကြောန့် သူးနို့ရဲ့ကျွန်လေ ပ္လန်ဖြစ်ရှင်ဂေ့နူး။ နန်းနို့ဟှာ နေ့ဂီးရစ်ဂီးလေ၊ လလေ၊ နှစ်လေ၊ ရာသီလေဟှိုဘဲ့ ရရာတိုင်း ရေးပေးနေဂေ့ဟှယ်။ နန်းနို့တွပ် ငါလောက်ဆောန်ဟှားဇာလေဟှာ ချည်းနှီးဖြစ်ဟှားဘီလော၊ ဆိုဘီး ငါဟှာ နန်းနို့တွပ် စိုးရိမ်မိဟှယ်!

ယောင်ကြည်သူလေ နန်းနို့ဟှာ ငါ့မျိုးဖြစ်ဂေ့ဟှို့ ငါတောန်းဗန်ဟှယ်။ ငါဟှာ နန်းနို့မျိုးဘဲ့ဖြစ်ဟှယ်။ နန်းနို့ဟှာ ငါ့ဟှို ဖယ်မျိုး တရားဘဲဟှူ ဇာလည်း လောက်ဂေ့ဟှ။ နန်းနို့ဟှို ပထမခါ ဒန်းကောန်း ဟောပြောဒူးဟှ ငါ့ရဲ့ ခန္ဓာဟှာ နာမကျန်းဖြစ်နေဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ဟှယ်။ ငါ့ရဲ့ ခန္ဓာဟှာ ကျမ်းမာရေး ခြေနေကြောန့် နန်းနို့လေတွပ် နှော့‑က်ယှစ် ဖြစ်နေဟှူလည်းဘဲ့ နန်းနို့ဟှာ ငါ့ဟှို ထန်သေးဂေ့ဟှ။ ပစ်ပယ်ဂေ့ဟှ။ နန်းနို့ဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်မျိုး၊ ခရစ်တော်ယေရှုမျိုး ငါ့ဟှို လတ်ခံဂေ့ဟှယ်။ အယ်ခီဒူးဟှ နန်းနို့ဟှာ မင်္ဂလာရှိဘီး ပျော်ဂေ့ဟှယ်! ခု ဖြားမျိုးဖြစ်ဟှားဂေ့နူး။ အယ်ခီဒူးဟှ နန်းနို့ဟှာ ဖြစ်နိုင်မယ် ဆိုဟှာ၊ နန်းနို့ရဲ့ မျစ်စိလေထုဘီးဟှာ ငါ့ဟှို ပေးဟှို့ရမယ် ဆိုဟှာ ပေးရှင်ဂေ့ဟှယ် ဆိုဘီး ငါကိုယ်တိုင် သတ်သေခံဟှယ်။ ခု ငါဟှာ နန်းနို့ဟှို သမ္မာတရားပြောဟှူကြောန့် နန်းနို့ရဲ့ ရန်သူဖြစ်ဟှားဘီလော။

ငါ့ဟှို ဆန့်ကျင်ဟှူ လူလေဟှာ နန်းနို့ဟှို ရရာတိုင်း စိဝမ်စားနေဟှယ်။ အယ်ဘေမဲ့ ကောန်းဟှူစိဝမ်စားဇာမှုဟှ။ နန်းနို့ရဲ့ စိဝမ်စားဇာဟှို ရယူဘီး နန်းနို့ဟှို ငါ့န ဆစ်ဖြတ်စေရှင်ကြောန့် ဖြစ်ဟှယ်။ ကောန်းဟှူ ရည်ရွယ်ချစ်ရှိမယ် ဆိုဟှာ အယ်မျိုး စိဝမ်စားဇာဟှာ ကောန်းဟှယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့နတူးဒူရှိနေဟှူ ခီမာဘဲ့ စိဝမ်စားဇာမှုဘဲ မြဲဒမ်း စိဝမ်စားဇာ ဖြစ်ရမယ်။ ငါ့ရဲ့ ချစ်သားမီးလေ! ခရစ်တော်ရဲ့ စိနေသဘောထားမျိုး နန်းနို့မရမရှင်း ငါဟှာ မွီးခါနီး နာကျင်မှု ခံစားနေရဟှူ မိခင်မျိုးဘဲ့ နော့‑က်တခါ နာကျင်မှုဟှို ခံစားနေရဟှယ်။ နန်းနို့ဟှို နူးညံ့ဟှူ စကားပြောဟှို့ ငါဟှာ ခုဘဲ့ နန်းနို့နတူးဒူ ရှိရှင်ဟှယ်။ ငါဟှာ နန်းနို့တွပ် ရရာတိုင်း စိုးရိမ်နေဟှယ်။

ဟာဂရန စာရာ

ပညတ်တရားအော့‑က်မာ နေရှင်ဟှူလူလေဟှို မေးရအူးမယ်။ နန်းနို့ဟှာ ပညတ်တော်ဟှ ပြောဟှားဇာလေဟှို ကြားဂေ့ဟှလော။ ကျမ်းစာမာပြောဟှားဇာဟှ အာဗြဟံမာ သားနှေ့ယော့‑က်ရှိဘီး တယော့‑က်ဟှ ကျွန်မီးမနရဟှူသား၊ တခြားတယော့‑က်ဟှ ကျွန်မှုဘဲဟှူ မီးမနရဟှူသားဖြစ်ဟှယ်။ ကျွန်မီးမနရဟှူသားဟှာ ဇာတိအားဖြင့် မွီးလာဘီး ကျွန်မှုဘဲဟှူ မီးမ3နရဟှူသားဟှ ဘုရားသခင်ရဲ့ ဂဒိတော်အားဖြင့် မွီးလာဟှူသားဖြစ်ဟှယ်။ အယ်မူဇာလေဟှို ဥပမာန နားလည်အောန် ပြောပြဟှားဇာဟှ အယ်မီးမနှေ့ယော့‑က်ဟှာ ပဋိညာဉ်တရား နှေ့မျိုးဖြစ်ဟှယ်။ ဟာဂရဖြစ်ဟှူ မီးမတယော့‑က်ဟှ မွီးလာဟှူသားမီးလေဟှာ ကျွန်ဖြစ်ဂေ့ဟှယ်။ ဟာဂရဟှာ သိနတောန်မာ ပြုဟှူပဋိညာဉ်တရားဟှို ကိုယ်စားပြုဟှယ်။ ဟာဂရဟှာ အာရေဗျပြည်မာရှိဟှူ သိနတောန်ဟှို ကိုယ်စားပြုဘီး ခုကျွန်ခံနေရဟှူ ယေရုရှလင်ဗြို့န ဗြို့သူဗြို့သားလေဟှို ကိုယ်စားပြုဟှယ်။4 အယ်ဘေမဲ့ ကောန်းဂန်ဘောင်ဟှ ယေရုရှလင်ဗြို့ဟှာ လွတ်လပ်ဘီး၊ အယ်မီးမှာ နို့လေရဲ့ မိခင်ဖြစ် ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ

“မ္လုံနေဟှူမီးမ၊ ဝန်းသာဂေ့!

သားမွီးဟှူ နာကျင်မှုဟှို လောင်းဝ မခံစားဖူးဘဲဟှူမီးမ ဝန်းသာအားရ အော်ဟစ်ဂေ့!

ဖြားဖြစ်ကြောန့်နူးဆိုဟှာ လန်ထားရစ်ဟှူ မီးမဟှာ

လန်ရှိဟှူ မီးမထတ် ပိုဘီး သားမီးလေဟှို မွီးလေ့မယ်” ဆိုဘီး ပြောဟှားဟှယ်။

ယောင်ကြည်သူလေ နန်းနို့ဟှာ ဣဇာက်မျိုးဘဲ့ ဘုရားသခင်ရဲ့ ဂဒိတော်နဆိုင်ဟှူ သားမီးလေဖြစ်ဟှယ်။ အယ်ခီဒူးဟှ ဇာတိအားဖြင့် မွီးဟှူသားဟှာ ဝိညာဉ်တော်အားဖြင့် မွီးဟှူသားဟှို နိုင်ကျင့်ဘီး ခုလည်း အယ်မျိုးဘဲ့ဖြစ်ဟှယ်။ အယ်ဘေမဲ့ ကျမ်းစာဟှ ဖြားမျိုးပြောဟှားနူး။ ကျမ်းစာမာ ပြောဟှားဇာဟှ “ကျွန်မီးမန သူ့ရဲ့သားဟှို နှံထုလိုက်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျွန်မရဲ့သားဟှာ လွတ်လပ်ဟှူ မီးမရဲ့သားနတူးဒူ မွီခံရဟှ။” အယ်ကြောန့် ယောင်ကြည်သူလေ နို့လေဟှာ ကျွန်မီးမရဲ့ သားလေမှုဟှ။ ကျွန်မှုဘဲဟှမီးမရဲ့ သားလေဖြစ်ဟှယ်။

Source notes (4)
  1. Cross-reference ရော ၈.၁၅–၁၇
  2. Footnote နန်းနို့ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဇာဟှို ပြဟှို့တွပ်၊ အယ်မျိုးမှုဘဲနေဟှာ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ်။
  3. Footnote အာဗြဟံရဲ့မယား စာရာ ဖြစ်ဟှယ်၊ ဆိုဇာဟှို ရည်ညွှန်းဟှယ်။
  4. Footnote ဟာဂရဟှာ အာရေဗျပြည်မာရှိဟှူ သိနတောန်ဟှို ကိုယ်စားပြုဘီး ခုကျွန်ခံနေရဟှူ ယေရုရှလင်ဗြို့န ဗြို့သူဗြို့သားလေဟှို ကိုယ်စားပြုဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ သိနဟှာ အာရေဗျမာရှိဟှူ တောန်တတောန်ဖြစ်ဟှယ်၊ ဆိုဘီး ပါရှိဟှယ်။

ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား. Copyright © 2024 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.