ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား
၂ တိမောသေ 3:16
Verse 16 is marked below, with the whole chapter around it. Read from the start
နော့‑က်ဆောင်းနေ့ရစ်ကာလကြောန်း
နော့‑က်ဆောင်းကာလဟှာ ခတ်ခဲဟှူကာလဖြစ်မယ် ဆိုဇာဟှို သိမှတ်ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဟှာ ကိုယ့်ကိုယ်ကိုယ် ရှစ်ဟှူသူ၊ ကပ်ဟှို တတ်မတ်ဟှူသူ၊ ဝါကြွားဟှူသူ၊ မာနထောန်လွှားဟှူသူ စော်ကားပြောဆိုဟှူသူ၊ မိဖစကားဟှို နားထောန်ဘဲဟှူသူ၊ ကျေးဇူးသိတတ်ဘဲဟှူသူ၊ သန့်ရှင်းမှုမှေ့ဘဲဟှူသူ၊ ကြင်နာစိမှေ့ဘဲဟှူသူ၊ ရန်ငြိုးထားဟှူသူ၊ သူများအသရေဖျစ်ဟှူသူ၊ ကိုယ့်စိဟှိုကိုယ် ချောက်တီးနိုင်ဘဲသူ၊ ကြမ်းတမ်းဟှူသူ၊ ကောန်းဟှူမှုဟှို မူးဟှူသူ၊ သစ်စာဖော့‑က်ဟှူသူ၊ မဆင်မခြင်ပြုဟှူသူ၊ မောက်မာဟှူသူ၊ ဘုရားသခင်ဟှို နှစ်သက်ဟှူဇာထတ် ကာမဂေါင်ခံစားဟှူဇာဟှို ပိုဘီး နှစ်သက်ဟှူသူ၊ ဘုရားဝတ်မာ မွေ့လျော်ဟန်ရှိဟှူလည်းဘဲ့ ဘုရားဝတ်မာ မွေ့လျော်မှုတဂိုးဟှို ငြင်းပယ်ဟှူသူလေ ဖြစ်ဂေ့လေ့မယ်။ အယ်မျိုးလူလေဟှို ရှောန်ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ထဲဟှ တချို့လေဟှာ အီလေဟှို မသိမသာဝမ်ဘီး တပ်မတ်ရှင်းဘောန်းဇောင်ရဲ့ သွီးဆောန်မှုနော့‑က်ဟှို လိုက်ဘီး ပြစ်ဟှို ခါဘီးခါ လောက်ဟှူ မီးမလေဟှို သွီးဆောန်တတ်ဂေ့ဟှယ်။ အယ်မီးမလေဟှာ မြဲဒမ်း သန်ယူနေဟှူလည်းဘဲ့ သမ္မာတရားဟှို ဖယ်ခါလည်း နားလည်နိုင်စွမ်းမှေ့ဘဲဟှူ သူလေ ဖြစ်ဂေ့ဟှယ်။ ယန္နေန ယံဗြေဟှာ မောရှေဟှို ဆန့်ကျင်ဟှူမျိုး အယ်သူလေလည်း သမ္မာတရားဟှို ဆန့်ကျင်ဂေ့ဟှယ်။ အယ်သူလေဟှာ စိနှလောင်း ပျစ်စီးယိုယွင်းဘီး ယောင်ကြည်ရှင်းရာမာ က္လဆောင်းဟှူ သူလေ ဖြစ်ဂေ့ဟှယ်။ အယ်သူလေဟှာ နော့‑က်ထပ် တိုးတတ်ဘီး တတ်လှမ်းနိုင်ဂေ့ဟှို့ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေရဲ့ မိုက်မဲမှုဟှာ အယ်သူနှေ့ယော့‑က်ရဲ့ မိုက်မဲမှုဟှူမျိုး လူလေရှေ့မာ ထန်ရှားလာလေ့ဟှူကြောန့် ဖြစ်ဟှယ်။
နော့‑က်ဆောင်းညွှန်ကြားချစ်ကြောန်း
အယ်ဘေမဲ့ နန်ဟှာ ငါ့ရဲ့ဆောန်းမသွန်သန်မှုလေ၊ ကျင့်ကြံနေထိုင်မှုလေ၊ ကြံစည်မှုလေ၊ ယောင်ကြည်မှုလေ၊ စိရှယ်မှုလေ၊ ရှစ်ရှင်းန သီးခံဟှူဇာလေဟှိုဖြစ်ဖြစ်၊ 1အန္တိအုတ်ဗြို့၊ ဣကောနိဗြို့၊ လုတ္တရဗြို့လေမာ ငါခံရဟှူ ညှဉ်းဆဲရှင်းန ဒေါက်ခလေဟှိုဘဲ့ဖြစ်ဖြစ် နန်ဗြင်တွိဟှားပါဟှယ်။ အယ်မျိုးညှဉ်းဆဲမှုလေဟှို ငါခံရဟှူလည်းဘဲ့ သခင်ဘုရားဟှာ အယ်မူဂူလောင်းထဲဟှ ငါ့ဟှို ကယ်နှုတော်မူဟှယ်။ ယေရှုခရစ်ရဲ့ တရားတော်တိုင်း ဘုရားဝတ်မာမွေ့လျော်ဘီး သတ်ရှင်လိုဟှူသူလေဟှာ ညှဉ်းဆဲမှုလေဟှို ခံရလေ့မယ်။ ဆိုးညစ်ဟှူသူလေန လှည့်ဇားဟှူသူလေဟှာ သူများဟှိုလည်း လှည့်ဇားဘီး၊ သူးနို့ကိုယ်တိုင်လည်း လှည့်ဇားခံရဘီး ဆိုးညစ်မှုထဲဟှို က္လဆင်းဟှားဂေ့လေ့မယ်။ နန်ဟှာ ကိုယ်တိုင်သန်ယူဘီး ခိုင်းခိုင်မားမာ ယောင်ကြည်ဟှူဇာထတ်မာ တည်နေပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ ဖယ်သူ့နားမာ သန်ယူဇာန၊ ယေရှုခရစ်တော်ဟှို ယောင်ကြည်ရှင်းအားဖြင့် ကယ်တန်ရှင်းဟှို ရော့‑က်စေဟှူပညာဟှို ပေးနိုင်ဟှူ သမ္မာကျမ်းစာဟှို ငယ်ငယ်ဂဒဲဟှနေ ရင်းနှီးလာဟှားဟှူဇာဟှို နန်သိပါဟှယ်။ အယ်မူကျမ်းစာထဲမာ ရှိဟှူဇာလေ ဂူလောင်းဟှာ ဘုရားသခင် မှုသွမ်းတော်မူရှင်းအားဖြင့် ဖြစ်ဘီး2 သြဝါဒပေးဟှို့တွပ်ရော၊ ပြစ်ဟှို ဖော်ပြဟှို့တွပ်ရော၊ မှားပြုပြင်ဟှို့တွပ်ရော၊ ဖြောန့်မတ်ရှင်းနှိုက် ဆောင်းမပဲ့ပြင်ဟှို့တွပ်ရော ကျိုးကျေးဇူးရှိလေဟှယ်။ အယ်ဇာဟှ ဘုရားသခင်ရဲ့လူဟှာ ကောန်းဟှူမှုလေ ဘောန်းဇောင်တွပ် ပြင်ဆင်ရှင်းဟှို ခံရဘီး ပ္လဲ့ဝစောင်လင်ဟှူသူ ဖြစ်ဟှို့တွပ်ဖြစ်ဟှယ်။
Source notes (2)
- Cross-reference တ ၁၃.၁၄–၅၂; တ ၁၄.၁–၇; တ ၁၄.၈–၂၀
- Footnote အယ်မူကျမ်းစာထဲမာ ရှိဟှူဇာလေ ဂူလောင်းဟှာ ဘုရားသခင် မှုသွမ်းတော်မူရှင်းအားဖြင့် ဖြစ်ဘီး၊ အယ်မျိုးမှုဘဲနေဟှာ ဘုရားသခင် မှုသွမ်းတော်မူဟှူ ကျမ်းစာရှိဟှူမျှဟှာ သောင်းဝမ်ဟှယ်။
ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား. Copyright © 2024 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.