ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား
၂ သက်သာလောနိတ် 2
လူယောက်မာဂီး
ညီကို မောန်နှမလေ၊ နို့လေရဲ့ သခင်ယေရှုခရစ်တော်ဟှာ ကြွလာဘီး ကိုယ်တော်နတူးဒူ ရှိဟှို့တွပ် နို့လေဟှာ စုရောင်းရဂေ့ကြောန်းန ပတ်သတ်ဘီး နန်းနို့ဟှိုငါ တိုက်တွန်းဘီး ပြောရှင်ဟှယ်။ သခင်ဘုရား ကြွလာဟှို့နေ့ရစ် က္လလာဘီးဖြစ်ကြောန်းဟှို လူလေပြောဇာဟှို ကြားရဂေ့ဟှူ ခီမာ နန်းနို့ဟှာ ရောက်တရစ် စိရှောက်ထွေးဘီး မတည်မငြီဘဲ့ ဖြစ်ဂေ့န။ အယ်မျိုးပြောဇာဟှာ နို့လေဟှာ ပရောဖက်ပြုဘီး ပြောဟှူစကားဘဲ့ဖြစ်စေ၊ နို့လေ တရားဟောဟှူ ခီမာ ပြောဟှူစကားဘဲ့ဖြစ်စေ၊ နို့လေရဲ့ စာမာပါဟှူ စကားဘဲ့ဖြစ်စေ ဖြစ်ကောန်းဖြစ်မယ်။ အယ်ကြောန်းန ပတ်သတ်ဘီးဟှာ လူလေဟှာ မှားယွင်းဘီး ပြောနေဂေ့ဇာဟှို လောင်းဝယောင်ဂေ့န။ နော့‑က်ဆောင်း ပေါင်ကန်မှုဖြစ်ခန်မာ ငရဲဟှိုသွားရဟှို့ ပျစ်စီးမှုရဲ့သား ဖြစ်ဟှူ အယ်အဓမ္မလူပေါ်ခန် အယ်နေ့ရစ်ဟှာ ရော့‑က်လာဟှို့ မှုဟှ။ သူဟှာ လူလေကိုးကွယ်ဟှူ ဘုရားမှန်မျှဟှို ရန်ဖတ်ပြုဘီးဟှာ သူဟှာ ဘုရားလေ ဂူလောင်းထတ် တဂိုးကီးဟှယ် ဆိုဘီး ပြောလေ့မယ်။ သူဟှာ ဘုရားသခင်ဟှို ဝတ်ပြုဟှူ ဗိမာန်တော်ထဲမာ ဝမ်ထိုင်ဘီးဟှာ သူ့ကိုယ်သူ ဘုရားသခင်ဖြစ်ဟှယ် ဆိုဘီး ကြေညာလေ့မယ်။
ငါဟှာ နန်းနို့နတူးဒူ ရှိဟှူခါဒူးဟှ အယ်ကြောန်းရာလေဟှို နန်းနို့ဟှို ပြောပြရစ်ဟှယ်။ နန်းနို့ မှတ်မိဂေ့ဟှလော။ ခုခီမာ အယ်ကြောန်းရာလေ ဖြစ်သေးဘဲဇာဟှာ တားဟှားဟှူဇာ ရှိနေဟှူကြောန့် ဖြစ်ဟှယ်။ အယ်ဇာဟှာ ဖြားဇာဖြစ်နူးဆိုဟှာ နန်းနို့ဟှ သိဂေ့ဟှယ်။ အယ်ကြောန့် လူယောက်မာဂီးဟှာ ခီက္လလာဟှူ ခီမာ ပေါ်လာလေ့မယ်။ လျှို့ဝှက်ဘီးရှိဟှူ အဓမ္မမှုဟှာ ခုခီမာ လှောက်ရှားဘီး ရှိနေဟှယ်။ အယ်ဘေမဲ့ တားဟှားဟှူ သူဟှို ဖယ်လိုက်ဟှူ ခီမာ ဖြစ်လာရဟှူ ကြောန်းရာလေဟှာ ဖြစ်လာရလေ့မယ်။ အယ်ခီမာ အယ်အဓမ္မလူဟှာ ပေါ်လာလေ့မယ်။ အယ်ဘေမဲ့ သခင်ယေရှု ကြွလာဟှူ ခီမာ သူ့ရဲ့နှောက်ထွပ် ဝိညာဉ်တော်အားဖြင့် ဖျစ်ဆီးဘီး ဖောင်းတဂိုးတော်န ဖယ်ရှားလေ့မယ်။ 2အယ်အဓမ္မလူဟှာ စာတန်ရဲ့ တဂိုးဟှို ယူဘီးဟှာ ရော့‑က်လာဟှူ ခီမာ အံ့ဩဘွယ်ဇာလေန ထူးဆန်းဟှူ နိမိတ်လတ်ခဏာ တုယောန်မျိုးမျိုးဟှို ပြလေ့မယ်။ အယ်ဘီးန သေကြေပျစ်စီးဂေ့ဟှူ လူလေဟှို တရားဘဲဟှူနည်း မျိုးမျိုးန လှည့်ဇားလေ့မယ်။ အယ်လူလေဟှာ ကယ်တန်ရှင်းဟှို ရနိုင်ဟှို့တွပ် သမ္မာတရားဟှို ရှစ်ဘီး လတ်ခံဂေ့ဘဲကြောန့် အယ်မျိုးဘဲ့ သေကြေပျစ်စီးရဟှယ်။ အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို လှည့်ဇားရှင်းရဲ့ တဂိုးဟှို ခံခိုင်းဘီးဟှာ မှားနေဇာဟှိုမှန်ဟှယ် ဆိုဘီး ယောင်ကြည်စေဟှယ်။ သမ္မာတရားဟှို ယောင်ကြည်ဘဲန ပြစ်လောက်ဟှို့တွပ် နှစ်သက်ဂေ့ဟှူလူလေဟှာ ပြစ်ဒန်စီရင်ဇာဟှို လောင်းဝခံရမယ်။
ကယ်တန်ခံရဟှို့တွပ် နန်းနို့ဟှို ဝီးကော့‑က်ဟှူကြောန်း
ညီကို မောန်နှမလေ၊ သခင်ဘုရားရှစ်ဟှူ နန်းနို့ဟှို တိုင်တယ်ဘီး နို့လေဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို မြဲဒမ်း ချီးမွမ်းဂေ့ဟှယ်။ နန်းနို့ဟှာ သမ္မာတရားဟှို ယောင်ကြည်ဂေ့ဟှူကြောန့်၊ ဝိညာဉ်တော်တဂိုးန ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ လူစုဖွဲ့ဝမ်လေ ဖြစ်လာဂေ့ဟှူကြောန့်၊ ဘုရားသခင်ဟှာ ပထမဦးဆောင်း3 ဝီးကော့‑က်ဘီး ကယ်တန်ဟှားဟှူ လူစုထဲမာ နန်းနို့ ပါဝမ်ဂေ့ဟှူကြောန့် ကျေးဇူးတော်ဟှို ချီးမွမ်းရဟှယ်။ နန်းနို့ဟှာ အယ်မျိုး ကယ်တန်ဇာဟှို ခံရဘီး နို့လေရဲ့ သခင်ယေရှုခရစ်တော်နတူးဒူ ဖောင်းသရေတော်ဟှို ခံယူနိုင်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ နို့လေ ဟောပြောကြေညာဟှူ ဒန်းကောန်းအားဖြင့် နန်းနို့ဟှို ဝီးကော့‑က်လိုက်ဟှယ်။ အယ်ကြောန့် ညီကို မောန်နှမလေ၊ နန်းနို့ဟှာ ခိုင်ခိုင်ခံ့ခံ့ဟှား ရပ်နေဂေ့ပါ။ ဟောပြောဇာနရော၊ စာအားဖြင့်နရော နန်းနို့ဟှို နို့လေသွန်သန်ရစ်ဟှူ သစ်စာတရားဟှို လတ်လွတ်ဂေ့န။
နို့လေရဲ့ ယေရှုခရစ်တော်ကိုယ်တိုင် နို့လေဟှို ရှစ်ဘီး ကျေးဇူးတော်အားဖြင့် ထာဝရနှစ်သိမ့်ရှင်းန ကောန်းမြတ်ဟှူ မျှော်လင့်ရှင်းဟှို ပေးသနားဟှူ နို့လေရဲ့ဖ ဘုရားသခင်ဟှာ၊ နန်းနို့ရဲ့ စိနှလောင်းဟှို သတ်သာစေဘီး ကောန်းမြတ်ဟှူစကားန၊ ကောန်းမြတ်ဟှူ မှုမျိုးမျိုးဟှို မြဲဒမ်းအားပေး ပြောဆိုဘီး ပြုမူနိုင်ဟှို့တွပ် နန်းနို့ဟှို ခိုင်ခံ့မြဲမြံပါစေ။
Source notes (3)
- Cross-reference ၁ သက် ၄.၁၅–၁၇
- Cross-reference မ ၂၄.၂၄
- Footnote ပထမဦးဆောင်း၊ တချို့ မူရင်းလတ်ရေးမူလေမာ စစဂဒဲ့ဟှ၊ ပါရှိဟှယ်။
ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား. Copyright © 2024 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.