ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား
၁ ကောရိန္သု 2
ခရစ်တော် သေခံတော်မူဟှူကြောန်းဖြစ်ဟှူ တရားတော်
ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့လေနားဟှို ရော့‑က်လာဟှူ ခီမာ ထူးမြတ်ဟှူစကားန ထူးမြတ်ဟှူပညာအားဖြင့် ဘုရားသခင်ရဲ့ နတ်နဲဟှူ သမ္မာတရားဟှို1 နန်းနို့လေဟှို ဟောပြောဇာ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ နန်းနို့လေနတူးဒူ ရှိနေခီဟှ ယေရှုခရစ်တော်ရဲ့ကြောန်း ထူးသဖြင့် လတ်ဝါးကပ်တိုင်မာ သေခံဟှူ ကြောန်းရာဟှလွဲဘီး တခြားဖယ်ဇာလေဟှိုမှ သိမှတ်ဘဲနေဟှို့တွပ် ဆောင်းဖြတ်ဟှားပါဟှယ်။ 2အယ်ကြောန့် နန်းနို့လေန ငါတူးဒူရှိဟှူခီဟှ အားနဲဘီး ကြော့‑က်ရွံ့ တူလှောက်မှုန နေရဟှယ်။ ငါဟောပြောဟှူ တရားစကားဟှာ လူလေရဲ့ ပညာအားဖြင့် တည်ဘီးပြောဟှူဇာ မှုဟှ။ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တဂိုးပါဟှူ စကားလေဟှိုဘဲ့ ငါဟောပြောဟှယ်။ အယ်ကြောန့် နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှာ လူလေရဲ့ ဉာဏ်ပညာထတ်မာ တည်ဟှူဇာမှုဘဲန ဘုရားသခင်ရဲ့ တဂိုးထတ်မာဘဲ့ တည်ဟှူဇာဖြစ်ဟှယ်။
ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ကြောန်း
အယ်ဘေမဲ့လည်း နို့လေဟှာ စောင်လင်ဟှူသူလေထဲမာ ပညာစကားဟှိုပြောဆိုဟှယ်။ အယ်ဘေမဲ့ အယ်ပညာဟှာ လောကီပညာဟှို ပြောရှင်ဇာ မှုဟှ။ ပယ်ဖျစ်ခံရမယ့် လောကီမန်းလေရဲ့ ဉာဏ်ပညာလည်း မှုဟှ။ အယ်လောက တည်ခန်ကဒဲဟှ နို့လေရဲ့ ဖောင်းသရေတော်ဖြစ်ဟှို့တွပ် ဘုရားသခင်စီရင်ဟှားဟှူပညာ၊ နတ်နဲဟှူရာနှိုက် ဝှတ်ဟှားဟှူ ဘုရားသခင်ရဲ့ပညာဟှို နို့လေပြသဂေ့ဟှယ်။ အယ်ပညာဟှို လောကီမန်းလေ တယော့‑က်လည်း သိဂေ့ဟှ။ တကယ်ဟှိ သိမယ် ဆိုဟှာ ဖောင်းကီးတော်မူဟှူ အယ်သခင်ဟှို လတ်ဝါးကပ်တိုင်မာ တန်သတ်ဂေ့ဟှို့ မှုဟှ။ အယ်ဘေမဲ့လည်း ကျမ်းစာလာဟှူတိုင်းဘဲ့
“ဖယ်သူလည်းဘဲ့ ဗြင်ဖူးဟှ၊
ဖယ်သူလည်း ကြားဖူးဟှ၊
ဖယ်သူလည်း စိနှလောင်းထဲဟှ ကြံစည်သေးဘဲဟှူ ရာလေဟှို ဘုရားသခင်ဟှာ သူ့ဟှို ရှစ်ဟှူ သူလေတွပ် ပြင်ဆင်ဟှားလေဟှယ်။”
အယ်ဘေမဲ့3 ဘုရားသခင်ဟှာ အယ်ရာလေဟှို သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် နို့လေဟှို ဖော်ပြပေးတော်မူဟှယ်။ ဝိညာဉ်တော်ဟှလည်း ဘုရားသခင်ရဲ့ နတ်နဲဟှူ ရာလေထိအောန် ရှိမျှဂူလောင်းဟှို စစ်တော်မူဟှယ်။ နို့လေရဲ့ ထဲမာရှိဟှူ နတ်နဲဟှူ ကြောန်းရာလေဟှို နို့လေရဲ့ စိဝိညာဉ်ဟှလွဲဘီး ဖယ်သူဟှ သိဟှိကြောန့်နူး။ အယ်မူတိုင်းဘဲ့ ဘုရားသခင်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှလွဲဘီး ဖယ်သူလည်း သိနိုင်ဟှ။ နို့လေဟှာ အယ်လောကန ဆိုင်ဟှူ ဝိညာဉ်ဟှို ခံယူဂေ့ဟှူဇာ မှုဟှ။ ဘုရားသခင် ပေးတော်မူဟှူ ရာလေဟှို သိဟှို့တွပ် ဘုရားသခင်နားဟှ ကြွလာဟှူ ဝိညာဉ်တော်ဟှို ခံရဂေ့ဇာဖြစ်ဟှယ်။
ဘုရားသခင် ပေးတော်မူဟှူ ရာလေဟှို နို့လေဟှာ လူ့ရဲ့ပညာအားဖြင့် ဟောပြောဟှူဇာ မှုဟှ။ အယ်ဘေမဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဝိညာဉ်န စပ်ဆိုင်ဟှူ ရာ4ဟှို ဝိညာဉ်စကားအားဖြင့် ဖွမ့်ပြဘီး ပဲ့ပြင်တော်မူဟှူ စကားအားဖြင့် နို့လေဟောပြောဟှယ်။ ဇာတိလူဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်ရေးရာန ဆိုင်ဟှူ ရာလေဟှို ခံယူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူရာလေဟှာ သူ့တွပ် မိုက်မဲဟှူ ဇာလေဖြစ်ဟှယ် ဆိုဘီး ထန်မှတ်တတ်လေဟှယ်။ အယ်မူရာလေဟှို ဝိညာဉ်တော်အားဖြင့်ဘဲ့ ပိုင်းခြားဘီး နားလည်နိုင်ဟှူကြောန့် ဇာတိလူဟှာ နားလည်ဟှ။ ဝိညာဉ်လူဟှာ အယ်မူဇာလေ ဂူလောင်းဟှို ပိုင်းခြားဘီး နားလည်တတ်ဟှယ်။ အယ်ဘေမဲ့ အယ်သူဟှို ဖယ်သူလည်း ပိုင်းခြားဘီး သိနိုင်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ
ဘုရားသခင်ရဲ့ စိတော်ဟှို ဖယ်သူသိနူး။
ဖယ်သူဟှာ ကိုယ်တော့်ဟှို ကြံဉာဏ်ပေးနိုင်နူး
ဆိုဘီး ဖော်ပြဟှားလေဟှယ်။ အယ်ဘေမဲ့ နို့လေဟှာ ခရစ်တော်ရဲ့စိဟှို ခံရဂေ့ဟှယ်။
Source notes (4)
- Footnote ဘုရားသခင်ရဲ့ နတ်နဲဟှူ သမ္မာတရားဟှို၊ တချို့ မူရင်းလတ်ရေးမူလေမာ ဘုရားသခင်ရဲ့ သတ်သေလေ၊ ဆိုဘီး ပါရှိဟှယ်။
- Cross-reference တ ၁၈.၉
- Footnote အယ်ဘေမဲ့၊ တချို့ မူရင်းလတ်ရေးမူလေမာ တွပ်၊ ဆိုဘီး ပါရှိဟှယ်။
- Footnote ဝိညာဉ်န စပ်ဆိုင်ဟှူ ရာ၊ အယ်မျိုးမှုဘဲနေဟှာ ဝိညာဉ်တော်ပေးဟှူ စကား။
ဓမ္မသစ်ကျမ်း ထားဝယ်ဘာသာစကား. Copyright © 2024 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.