Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ရောမ 14

သူတစ်ပါးကို တရားမစီရင်ကေ့

1

ယုံကြည်ခြင်း အားနည်းသော သူတိကို လက်ခံကြပါ။ သို့ရာတွင် သူရို့၏ပုဂ္ဂိုလ်ရေးရာ ထင်မြင်ယူဆချက်တိကို ထိုသူရို့နှင့် အငြင်းမပွားကတ်ကေ့။ လူတချို့က မည်သည့်အစာကိုမဆို စားအပ်သည်ဟု ယုံကြည်ကြ၏။ ယုံကြည်ခြင်း အားနည်းသောသူသည်ကား ဟင်းသီးဟင်းရွက်များကိုသာ စား၏။ မည်သည့်အစာကိုမဆို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုကတ်ကေ့။ ဟင်းသီးဟင်းရွက်ကိုသာ စားသောသူသည်လည်း မည်သည့်အစာကိုမဆို စားသောသူကို မစီရင်ကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်သည် သူရို့ကို လက်ခံတော်မူသောကြောင့်ဖြစ်၏။ သူတစ်ပါး၏ အခိုင်းအစီတိကို တရားစီရင်သော သင်သည် ဇာသူ ဖြစ်သနည်း။ ထိုအခိုင်းအစီများသည် ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စီ၊ မလုပ်ဆောင်သည်ဖြစ်စီ သူရို့၏သခင်နှင့် သာဆိုင်၏။ ထို့အပြင် ထာဝရဘုရားသည် သူ့ရို့ကိုကောင်းစွာ လုပ်ဆောင်နိုင်ခြင်းငှာ တတ်စွမ်းနိုင်တော်မူသည်ဖြစ်၍ သူရို့သည် ကောင်းစွာ လုပ်ဆောင်နိုင်ကြလိမ့်မည်။

လူတချို့က နိ့ရက်တစ်ရက်သည် တခြားနိ့ရက်ထက် သာ၍ မြတ်သည်ဟု ထင်မှတ်ကြ၏။ တခြားလူတိက နိ့ရက်အားလုံး အတူတူဖြစ်သည်ဟူ၍ ထင်မှတ်ကြ၏။ ငါရို့ တစ်ယောက်စီတိုင်း မိမိစိတ်သဘောအလျှောက် ခိုင်မာစွာ ထင်မှတ်ကတ်စီ။ နိ့ရက် တစ်ရက်သည် တခြားနိ့ရက်ထက် သာ၍ မြတ်သည်ဟု ထင်မှတ်သောသူသည် အသျှင်ဘုရားကို ရိုသီသောအားဖြင့် ထင်မှတ်ကတ်။ မည်သည့်အစားအစာကိုမဆို စားမည့်သူရို့သည်လည်း အသျှင်ဘုရားကို ရိုသီသောအားဖြင့် စားကတ်။ အကြောင်းမူကား သူရို့သည် ထိုအစားအစာအတွက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ မစားသောသူသည်လည်း အသျှင်ဘုရားကို ရိုသီသောစိတ်ဖြင့် မစားကတ်ကေ့။ သူရို့သည်လည်း ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ ငါရို့သည် မိမိအတွက် အသက်ရှင်နိန်ကြသည် မဟုတ်၊ မိမိအတွက် အသီခံနိန်ကြသည်မဟုတ်။ အသက်ရှင်လျှင် သခင်ဘုရားအတွက် ရှင်ကြ၏။ အသက်သီလျှင် သခင်ဘုရား အတွက် သီကြ၏။ ထို့ကြောင့် ငါရို့သည် အသက်ရှင်ခြင်းဖြစ်စီ၊ သီခြင်းဖြစ်စီ သခင်ဘုရားနှင့်သာ ဆိုင်တော်မူ၏။ အကြောင်းမူကား ခရစ်တော်သည် သီခြင်းနှင့် အသက်ရှင်ခြင်းနှစ်ခုစလုံး၏ အသျှင်သခင် ဖြစ်စီခြင်းငှာ အသီခံပြီးမှ ရှင်ပြန်ထမြောက်တော်မူ၏။ 2

သင်သည် သင်၏ညီအစ်ကို မောင်နှမကို ဇာကြောင့် အပြစ်စီရင်နိန်လဲ။ သူရို့ကို ဇာကြောင့် မထီမဲ့မြင်ပြုနိန်လဲ။ အကြောင်းမူကား ငါရို့ အားလုံးသည် ဘုရားသခင်၏တရားပလ္လင်ရှိ့၌ ရပ်ကြရလိမ့်မည်။ ကျမ်းစာက မိန့်တော်မူထားသည်မှာ၊

“ငါသည် အမှန် အသက်ရှင်တော်မူသည်ဖြစ်၍

ငါ့ရှိ့၌ လူတိုင်း ဒူးထောက်ဦးချလျက်

ဘုရားသခင်ဖြစ်ကြောင်းကို နှုတ်ဖြင့် ဝန်ခံကြလိမ့်မည်” ဟူ၍ ဖြစ်၏။

သို့ဖြစ်၍ ငါရို့အယောက်စီတိုင်းရို့သည် မိမိရို့၏အကြောင်းကို ဘုရားသခင်အား ယှင်းပြကြရလိမ့်မည်။

သူတစ်ပါးကို မလဲစီကြနှင့်

ထို့ကြောင့် ငါရို့သည် တစ်ယောက်ကို တစ်ယောက် အပြစ်မစီရင်ဘဲနိန်ကြကုန်အံ့။ သင်ရို့၏ ညီအစ်ကို မောင်နှမတစ်ယောက်ယောက်ကို တိုက်မိ၍ လဲစီခြင်းငှာ၊ သို့တည်းမဟုတ် လမ်းမှားစီခြင်းငှာ မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲနိန်ကြကုန်အံ့။ ပကတိသဘောအားဖြင့် မစင်ကြယ်သောအစားအစာဟူ၍ မဟိဟု အသျှင်ယေသျှုကို အမှီပြုလျက် ငါ အခိုင်အမာယုံကြည်ထား၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ဤအစာသည် မစင်ကြယ်ဟု ယူဆလျှင် ထိုအစာသည် ထိုသူအတွက် မစင်ကြယ်။ သင် စားသောအစာကြောင့် သင်၏ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ယောက်ကို စိတ်နာလားမည်ဆိုလျှင် သင်သည် မေတ္တာတရားနှင့် လုပ်ဆောင်သောသူ မဟုတ်။ သင်စားသောအစာအားဖြင့် ခရစ်တော် အသီခံပီးထားသောသူတစ်ယောက်ကို မဖျက်ဆီးကေ့။ ထို့ကြောင့် သင်ရို့အတွက် ကောင်းသောအရာ၌ အပြစ်ပြောစရာ မဟိစီကေ့။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ယှင်းသောဝိညာဉ်တော်ဖြင့် ဝမ်းမြောက်ခြင်း၌သာ တည်၏။ ဤသို့ဖြင့် ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူအား ဘုရားသခင် နှစ်သက်တော်မူသည့်အပြင် လူတိလည်း သဘောကျကြ၏။

ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ငြိမ်းချမ်းစီခြင်းငှာလည်းကောင်း၊ အချင်းချင်း တည်ဆောက်မြှင့်တင်ခြင်းငှာလည်းကောင်း ငါရို့သည် အသီးသီး အားထုတ်ကြကုန်အံ့3။ အစာအတွက်အလို့ငှာ ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးကတ်ကေ့။ အစာအားလုံးသည် စင်ကြယ်ကြ၏။ သို့သော်လည်း တစ်စုံတစ်ယောက်အား အပြစ်ရောက်စီမည့်အစာကို စားသုံးခြင်းသည်ကား မှားယွင်းသောသူဖြစ်၏။ အမဲသားစားခြင်း၊ ဝိုင်သောက်ခြင်းမှစ၍ သင်၏ညီအစ်ကို မောင်နှမတစ်ဦး တစ်ယောက်ကို အပြစ်ရောက်စီမည့် ဇာအရာကိုမျှ မပြုမူခြင်းသည် ကောင်း၏။ ထို့ကြောင့် သင်သည် မိမိယုံကြည်သမျှသောဤအရာများကို မိမိနှင့် ဘုရားသခင်ကြား၌သာ ဟိစီလော့။ မိမိသဘောဖြင့် မိမိကိုယ်ကို အပြစ်မစီရင်သောသူသည် မင်္ဂလာဟိ၏။ သို့ရာတွင် သံသယစိတ်ဖြင့် စားသောသူသည် ယုံကြည်သောစိတ်မဟိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ ယုံကြည်ခြင်းအားဖြင့် မဟုတ်သော အမှုအရာအားလုံးသည် အပြစ်ဖြစ်၏။

Source notes (3)
  1. Cross-reference ကော ၂.၁၆
  2. Cross-reference ၂ ကော ၅.၁၀
  3. Footnote ငါရို့သည် အသီးသီး အားထုတ်ကြကုန်အံ့၊ တချို့ လက်ရီးမူ၌ ငါရို့ အသီးသီး အားထုတ်ခြင်းကို ပြုကြလော့၊ ဟု ပါဟိ၏။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.