Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ရောမ 1

ဘုရားသခင်၏ သတင်းကောင်း တရားကို ဟောပြောခြင်းငှာ ဘုရားသခင်ရွီးချယ်၍ ခေါ်တော်မူထားသော တမန်တော်တစ်ယောက်ဖြစ်သည့် ခရစ်တော်ယေသျှု၏အစီခံ ငါ ပေါလုသည် စာရီးလိုက်ပါ၏။

ကျမ်းစာတော်မြတ်၌ ရီးထားခသည့်အတိုင်း ဘုရားသခင်သည် ရှီးလွန်လေပြီးသော ကာလကပင် သူ၏ပရောဖက်များအားဖြင့် ကတိပီးထားခသော သတင်းကောင်းတရားဖြစ်သည်။ ထိုသတင်းကောင်းတရားသည်ကား ဒါဝိဒ်၏ အမျိုးတစ်ယောက်အဖြစ်ဖြင့် လူ့ဇာတိကို ခံယူမွီးဖွားလာသော ဘုရားသခင်၏သားတော် ငါရို့၏အသျှင် ယေသျှုခရစ်တော်အကြောင်း ဖြစ်၏။ သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူခြင်းဖြင့် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဖွင့်ပြတော်မူ၏။ ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။ ဤသို့အလို့ငှာ ဘုရားသခင်က ယေသျှုခရစ်တော်ပါးသို့ ခေါ်ထားသောသူများထဲမှာ ရောမမြို့၌ ဟိကြသော သင်ရို့လည်း ပါဝင်ကြ၏။

ထို့ကြောင့် ဘုရားသခင်ချစ်တော်မူ၍ မိမိသန့်ယှင်းသူများဖြစ်စီခြင်းငှာ ခေါ်ထားတော်မူသော ရောမမြို့သူမြို့သား အားလုံးကို ငါစာရီးလိုက်ပါ၏၊

ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်သည် သင်ရို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပီးသနားတော်မူပါစီသောဝ်။

ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဆုတောင်းခြင်း

ပထမဦးဆုံးအနေဖြင့် ငါသည် သင်ရို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေသျှုခရစ်တော်အားဖြင့် ကျေးဇူးတင်ပါ၏။ အကြောင်းမူကား သင်ရို့၏ယုံကြည်ခြင်း အကြောင်းကို တစ်ကမ္ဘာလုံးက ကြားသိနိန်ကြသောကြောင့် ဖြစ်၏။ ငါသည် ဘုရားသခင်၏သားတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်၊ မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိန်သည်မှာ ဧကန် အမှန်ပင် ဖြစ်ကြောင်း ငါဆိုသည်မှာ ဘုရားသခင်သည် ငါ၏ သက်သီဖြစ်တော်မူ၏။ ငါသည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက်ဟိသည်ကို ဘုရားသခင် သိတော်မူ၏။ ဘုရားသခင်သည် မိမိ၏ကောင်းမြတ်သော အကြံအစည်တော်အားဖြင့် သင်ရို့ပါးသို့ အဂု အလည်လာနိုင်ခြင်းငှာ နောက်ဆုံးအနေဖြင့် ငါ့အား လုပ်ဆောင်ပီးပါရန် ငါသည် ဆုတောင်းလျက်ဟိ၏။ ငါသည် သင်ရို့ကို အလွန်တွိ့ချင်ပါ၏။ အကြောင်းမှာ သင်ရို့သည် ခိုင်ခန့်စီခြင်းငှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်ရို့အား ဝီငှရန် ဖြစ်၏။ ငါဆိုလိုသည်မှာ ငါ၏ယုံကြည်ခြင်း တရားကို သင်ရို့အားလည်းကောင်း သင်ရို့၏ယုံကြည်ခြင်းကို ငါ့အားလည်းကောင်း အချင်းချင်း အပြန်အလှန် အားပီးတိုက်တွန်းလို၍ ဖြစ်၏။ 1

ညီအစ်ကို မောင်နှမရို့၊ ငါသည် တခြားလူမျိုးတိ ပြောင်းလဲလာသကဲ့သို့၊ သင်ရို့ကိုလည်း ပြောင်းလဲလာစီချင်သောကြောင့်၊ သင်ရို့ပါးသို့ လာဖို့ အကြိမ်ကြိမ် စီစဉ်ခသော်လည်း ထိုခရီး မထမြောက်အောင် အမြဲတမ်း တားဆီးခြင်းကို ခံနိန်ရသည်ကို သင်ရို့အား သိစီလိုပါ၏။ အကြောင်းမူကား လူယဉ်ကျေးဖြစ်စီ၊ လူရိုင်းဖြစ်စီ၊ ပညာဟိဖြစ်စီ၊ ပညာမဲ့ဖြစ်စီ၊ လူသားအားလုံးအတွက် ငါမှာ တာဝန်ဟိ၏။ သို့ဖြစ်၍ ငါသည် ရောမမြို့၌ နီထိုင်ကြသော သင်ရို့ကိုလည်း သတင်းကောင်းတရား ဟောပြောခြင်းငှာ စိတ်အားထက်သန်လျက် ဟိ၏။

သတင်းကောင်းတရား၏ တန်ခိုးတော်

2

ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။ အကြောင်းမူကား “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”3 ဟု ကျမ်းစာက ပြောထားသည်နှင့်အညီ၊ အစမှ အဆုံးတိုင်အောင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် မိမိ၏မျက်မှောက်တော်တွင် ငါရို့အား ဖြောင့်မတ်ခြင်းတရား၌ ဇာပိုင် တည်နိုင်သည်ဆိုစွာကို ဤသတင်းကောင်းတရားတော်က ဖော်ပြထား၏။

လူသားမျိုးနွယ်၏ အပြစ်

လူသားတိ၏အပြစ်များနှင့် ဒုစရိုက်များကို ဆန့်ကျင်လျက် ဘုရားသခင်၏အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြလျက်ဟိ၏။ ထို့အပြင် လူတိသည် ဒုစရိုက်အပြစ်များကို ပြုခြင်းဖြင့် သမ္မာတရားကို သိခြင်းငှာ တားဆီးပိတ်ပင်ခြင်းကို ခံနိန်ကြရ၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာများကို ထိုသူရို့အား ဖော်ပြတော်မူပြီဖြစ်၍ ထိုအရာများသည် သူရို့၌ ထင်ရှားလျက်ဟိ၏။ အကြောင်းမူကား ဖန်ဆင်းထားသောအရာများကို ထောက်ရှုခြင်းဖြင့် မျက်မြင်မရနိုင်သော အရာများဖြစ်ကြသည့် ဘုရားသခင်၏ထာဝရတန်ခိုးတော်နှင့် ဘုရား၏သဘောသဘာဝတိသည် လောကကို ဖန်ဆင်းတော်မူစဉ်ကပင် ထင်ရှားစွာ ဟိတော်မူပြီးဖြစ်၏။ ထို့ကြောင့် သူရို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ။ 4ထိုသူရို့သည် ဘုရားသခင်ကို သိကြသော်လည်း ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းမဟိကြသည့်အပြင် ကျေးဇူးတော်ကိုလည်း အသိအမှတ်မပြုကြ၊ အဓိပ္ပာယ်မဟိသော အရာတိကို တွီးတောလျက် သူရို့၏အသိဉာဏ်ကင်းမဲ့သောစိတ်နှလုံးကို အမှောင်ဖုံးလျက်ဟိကြ၏။ သူရို့သည် မိမိကို မိမိ ပညာဟိဟု ပြောဆိုလျက်ဟိကြသော်လည်း ပညာမဟိသော သူများသာ ဖြစ်ကြ၏။ အကြောင်းမူကား သူရို့သည် မဖောက်ပြန်၊ မပျက်စီးတတ်သော ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုမည့်အစား ဖေါက်ပြန်ပျက်စီးတတ်သော လူ သို့မဟုတ် ငှက် သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် တွားလားသတ္တဝါ ကဲ့သို့သော ရုပ်တုများကို ကိုးကွယ်ဝတ်ပြုလျက်ဟိကြ၏။

ထို့ကြောင့် ဘုရားသခင်သည် ထိုသူရို့အား မိမိရို့၏ကိလေသာစိတ် ညစ်ညူးခြင်းအမှုကို ပြုခြင်းငှာ စွန့်ပစ်ထားတော်မူ၏။ သို့ဖြစ်၍ သူရို့သည် အချင်းချင်း ရှက်ဖွယ်သော အမှုကို ပြုကြ၏။ သူရို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့် လှဲလှယ်၍ ထာဝရချီးမွမ်းဖွယ်ရာ ဖြစ်တော်မူသော ဖန်ဆင်းသျှင် ကိုယ်စား ဘုရားသခင် ဖန်ဆင်းထားသော အရာများကိုသာ ကိုးကွယ်ဝတ်ပြုလျက် ထိုအရာများ၏အမှုကိုသာ ဆောင်ရွက်နိန်ကြ၏။ အာမင်။

သူရို့သည် ဤအရာများကို ပြုမူနိန်ကြသောကြောင့် ဘုရားသခင်သည် သူရို့အား ရှက်ကြောက်ဖွယ်သော ကိလေသာလက်ထဲသို့ စွန့်ပစ်တော်မူ၏။ မိန်းမရို့သည် သဘာဝနှင့်လျှော်ညီသောဆက်ဆံခြင်း ထုံးစံကို စွန့်၍ ပကတိနှင့် ဆန့်ကျင်ဖက် ထုံးစံသို့ လိုက်ကြ၏။ ထို့အတူ၊ ယောက်ျားရို့သည်လည်း မိန်းမနှင့် သဘာဝနှင့်လျှော်ညီသောဆက်ဆံခြင်း ထုံးစံကို စွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်လျက် ယောက်ျားအချင်းချင်း ရှက်ကြောက်ဖွယ်သော အမှုကို ပြုကြ၏။ သို့ဖြစ်၍ သူရို့သည် မိမိရို့ ပြုမှားသောအပြစ်အတွက် ခံထိုက်သောပြစ်ဒဏ်ကို မိမိရို့ထက်မှာ သွန်းလောင်းကြ၏။

ထိုသူရို့သည် စိတ်ထဲ၌ ဘုရားသခင်၏ မှန်သော အသိပညာကို လက်မခံကြသောကြောင့် ဘုရားသခင်သည် သူရို့အား မပြုအပ်သော အမှုကို ပြုစီခြင်းငှာ ယုတ်ညံ့သောစိတ်သို့ အပ်လိုက်တော်မူ၏။ သူရို့သည် ဒုစရိုက်အမျိုးမျိုးကို ကျင့်ခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ လူအသက်ကို သတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ လိမ်ညာလှည့်ပတ်ခြင်း၊ သူတစ်ပါးကို အမြင်ကပ်ခြင်း၊ အတင်းပြောခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ဘုရားသခင်ကို မုန်းခြင်း၊ မောက်မာခြင်း၊5 ဝါကြွားခြင်း၊ ဒုစရိုက်ပြုမည့် နည်းလမ်းတိကိုသာ တွီးတောကြံစည်ခြင်း၊ မိဘစကားကို နားမထောင်ခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၊ ကတိမတည်ခြင်း၊ သူတစ်ပါးကို သနားကြင်နာစိတ် ကင်းမဲ့ခြင်းများဖြင့် ပြည့်စုံလျက်ဟိကြ၏။ ထိုသို့သော ကျင့်သောသူရို့သည် သီပြစ်ကို ခံထိုက်သည်ဟု ဘုရားသခင်၏ပညတ်တရားက မိန့်မှာထားသည်ကို သူရို့သည် သိလျက်ပင်၊ ကိုယ်တိုင် ကျင့်ကြသည်သာမက ထိုသို့ ကျင့်သောသူတိကိုလည်း အားပီးအားမြှောက် ပြုလျက်ဟိကြ၏။

Source notes (5)
  1. Cross-reference တ ၁၉.၂၁
  2. Cross-reference မာ ၈.၃၈
  3. Footnote ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်၊ သို့မဟုတ် ဘုရားသခင်နှင့် မှန်ကန်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
  4. Cross-reference ဧ ၄.၁၇,၁၈
  5. Footnote ဘုရားသခင်ကို မုန်းခြင်း၊ မောက်မာခြင်း၊ သို့မဟုတ် ဘုရားသခင်ကို မုန်းကြသည်ဖြစ်၍ မောက်မာကြ၏။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.