Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ဗျာဒိတ်တော် 9

ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှ မြီကြီးထက်သို့ ကြယ်တစ်လုံးကြွီကျလာသည်ကို ငါမြင်ရ၏။ ထိုပဉ္စမကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း1၏ သော့ကို ထိုကြယ်အား ပီးအပ်လေ၏။ သူသည် ထိုတွင်းကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးတစ်ခုမှ ထွက်သည့် ထွက်လာလေ၏။ ထိုမီးခိုးကြောင့် နီ၏အလင်းနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လားလေ၏။ ထိုမီးခိုးထဲမှ ကျိုင်းကောင်တိထွက်လာပြီးလျှင် မြီကြီးထက်သို့ ကျကြကုန်၏။ သူရို့သည် ကင်းမီးကောက်တိကဲ့သို့ အစွမ်းဟိကြ၏။ သူရို့အား မြက်ပင်၊ သစ်ပင်များနှင့် အခြားသော ဇာအပင်ကိုမဆို ဘေးဥပါဒ်မပြုရန် မှာထားတော်မူ၏။ သို့ရာတွင် နဖူးတွင် ဘုရားသခင်၏ တံဆိပ်တော် မပါသည့် လူရို့ကိုသာလျှင် ဘေးဥပါဒ်ပြုရန် မှာထား၏။ ထိုသူရို့ကို အသီသတ်ရန် ထိုကျိုင်းကောင်ရို့အား ခွင့်မပြုထား။ သို့ပင်သျှောင်လည်း ငါးလမျှသာ ညှဉ်းဆဲပိုင်ခွင့် ဟိ၏။ ကျိုင်းကောင်အကိုက် ခံရသူရို့သည် ကင်းမီးကောက် အထိုးခံရသကဲ့သို့ နာကျင်စွာ ဝေဒနာခံရကြ၏။ ထိုငါးလအတွင်း လူရို့သည် သီခြင်းတရားကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွိ့ရကြ။ ထိုသူရို့သည် သီဖို့ရန် တောင့်တကြသော်လည်း သီမင်းသည် သူရို့ပါးမှ တိမ်းယှောင်နိန် လိမ့်မည်။

ထိုကျိုင်းကောင်များသည် စစ်ပွဲဝင်ရန် အသင့်ပျင်နိန်သော မြင်းတိနှင့်တူ ကြ၏။ သူရို့၏ ဦးဂေါင်းထက်မှာ ရွှီသရဖူဆောင်းထားသည်နှင့် တူ၏။ သူရို့၏ မျက်နှာသည်လည်း လူ့မျက်နှာနှင့် တူ၏။ သူရို့၏အမွီးသည် မိန်းမရို့၏ ဆံပင်နှင့်တူ၏။ သူရို့၏သွားသည် ခြင်္သေ့သွားနှင့် တူ၏။ သူရို့၏ ရင်၌ သံရင်အုပ်တန်ဆာ ကဲ့သို့သော ရင်အုပ်တန်ဆာ တပ်ဆင်ထားသည်နှင့် တူ၏။ သူရို့၏ အတောင်ခပ်သံသည် စစ်ပွဲဝင်ရန် မောင်းနှင်လာသော မြင်းများနှင့်လည်းကောင်း၊ မြင်းရထားများ၏ အသံနှင့်လည်းကောင်း တူ၏။ သူရို့၏ မတုံးသည် ကင်းမီးကောက်၏ မတုံးနှင့် တူ၍ ဆူးဟိ၏။ သူရို့မတုံး၌ လူရို့အား ငါးလတိုင်တိုင် ဘေးဥပါဒ်ရောက်စီနိုင်သော အစွမ်းဟိ၏။

သူရို့၏ ဘုရင်ကား တွင်းနက်ကြီးကို အုပ်စိုးသော ကောင်းကင်တမန်ဖြစ်၏။ သူ၏နာမည်ကား ဟေဗြဲဘာသာ စကားအားဖြင့် အဗဒ္ဒုန်ဟူ၍ လည်းကောင်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍ လည်းကောင်းဖြစ်၏။ အပေါလျုန်၏ အနက်မှာ “ဖျက်ဆီးသူ” ဟူ၍ ဖြစ်သတည်း။

အမင်္ဂလာတစ်ပါး ကုန်လွန်လားပြီးနောက် အခြားသော အမင်္ဂလာနှစ်ပါး လာဦးမည်။

ထို့နောက် ဆဋ္ဌမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှိ့တော်၌ ဟိသော ရွှီယဇ်ပလ္လင်၏ ထောင့်လေးထောင့်မှ ထွက်လာသောအသံကို ငါသည် ကြားရ၏။ ထိုအသံက “ဥဖရတ်မြစ်ကြီးအနားမှာ ချိုင်ထားသော ကောင်းကင်တမန်လေးပါးကို ဖြီရွှတ်လော့” ဟု ဆဋ္ဌမကောင်းကင်တမန်အား ဆို၏။ ထိုကောင်းကင်တမန် လေးပါးရို့သည် လွတ်မြောက်ကြ၏။ သူရို့သည် ဤမည်သော အချိန်နာရီ၊ နိ့ရက်၊ လ၊ နှစ်အဖို့ လူသားမျိုးနွယ်၏ လူဦးရေသုံးပုံတစ်ပုံကို သုတ်သင်ပစ်ရန် အတွက် အသင့်ဟိနိန်သူများ ဖြစ်ကြ၏။ မြင်းစီးသူရဲရို့၏ အရီအတွက်မှာ သန်းပေါင်း ၂၀၀ ဟိကြောင်းကို ငါသည် ကြားသိရ၏။ ထို့အတူ ငါ၏ဗျာဒိတ်ရူပါရုံ၌ မြင်းစီးသူရဲရို့သည် ကန့်ကဲ့သို့သော အဝါရောင်၊ နက်ပြာရောင်၊ မီးလျှံကဲ့သို့သော အနီရောင်ဟိသော ရင်အုပ်တန်ဆာတိကို ဝတ်ဆင်ထားကြသည်ကို ငါ မြင်ရ၏။ မြင်းများ၏ ဦးဂေါင်းများသည် ခြင်္သေ့ဦးဂေါင်းများနှင့် တူ၏။ သူရို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုး၊ ကန့်များ ထွက်လာ၏။ ထိုသို့ သူရို့၏ခံတွင်းမှ ထွက်လာသည့် မီးလျှံ၊ မီးခိုး၊ ကန့်တည်းဟူသော ကပ်သုံးပါးကြောင့် လူသားမျိုးနွယ်၏ လူဦးရေ သုံးပုံတစ်ပုံသည် သီဆုံးကြကုန်၏။ မြင်းများ၏ အစွမ်းသည် သူရို့၏ခံတွင်းနှင့် မတုံးများတွင် ဟိ၏။ သူရို့၏ မတုံးများသည် မြွီများ၏ ဦးဂေါင်းတိနှင့်တူ၏။ ထိုမတုံးများဖြင့် လူရို့အား အန္တရာယ်ပြုကြ၏။

ဤဘေးဒဏ်ဖြင့် မသီဘဲ ကျန်ဟိနိန်သော သူရို့သည် မိမိရို့၏ ဆိုးညစ်သော အကျင့်များမှ နောင်တရရန်နှင့် ဘုရားသခင်ထံသို့ ပြန်လှည့်ရန် ငြင်းပယ်ကြ၏။ ထိုသူရို့သည် နတ်မိစ္ဆာများကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မယှားနိုင်သော ရွှီ၊ ငွီ၊ ကြေး၊ ကျောက်၊ သစ်သားစသည်ဖြင့် ပြုလုပ်ထားသော ရုပ်တုများကိုလည်းကောင်း ကိုးကွယ်လျက်ပင် ဟိနိန်ကြသိမ့်၏။ သူရို့သည် လူ့အသက်ကို သတ်ခြင်း၊ ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များကို ပြုကြသော်လည်း နောင်တမရကြပေ။

Source notes (1)
  1. Footnote အနက်ဆုံးသောတွင်း၊ ဝိညာဉ်နတ်ဆိုးများကို နောက်ဆုံးသော ပြစ်ဒဏ်စီရင်မည့် နိ့ထိတိုင်အောင် ချုပ်နှောင်ထားရာ ကမ္ဘာမြီကြီး၏ အနက်ဆုံးသော နီရာ တစ်နီရာ။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.