Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ဗျာဒိတ်တော် 3

သာဒိမြို့အသင်းတော်သို့ သတင်းစကား

“သာဒိမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။

“ဤသတင်းစကားသည် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးဟိသော သူထံမှ ဖြစ်၏။ သင်ပြုသောအမှုကို ငါသိ၏။ သင်သည် အသက်ရှင်ဟန် ဟိသော်လည်း သီလျက်နိန်၏။ သို့ဖြစ်၍ နိုးထလော့။ သင်၏ အသက်မချုပ်ငြိမ်းသိမ့်ခင် ကျန်ဟိနိန်သိမ့်သောအရာကို ပြုစုလော့။ သင်၏အပြုအမူသည် ငါ၏ဘုရားသခင်ရှိ့တော်၌ ပြည့်စုံခြင်း မဟိသိမ့်သည်ကို ငါတွိ့ရ၏။ 1ထို့ကြောင့် သင်သည် ကြားနာသမျှ၊ ခံယူထားသမျှ တရားကို အောက်မိ့သတိရလျက် နာခံလိုက်လျှောက်လော၊ နောင်တရလော့။ သင်သည် မနိုးထလျှင် သူခိုးလာသကဲ့သို့ ငါသည် သင့်ပါးသို့ လာမည်။ ငါလာမည့်အချိန်ကို သင် သိရလိမ့်မည် မဟုတ်။ သို့ရာတွင် သာဒိမြို့၌ မိမိရို့အဝတ်ကို အညစ်အကြေးနှင့် ကင်းစင်စီသောလူ အနည်းချေဟိသိမ့်၏။ ထိုသူရို့သည် ထိုက်တန်သူများဖြစ်သဖြင့် ဝတ်ဖြူစင်ကြယ်ကို ဝတ်၍ ငါနှင့်အတူ လားလာရကြလိမ့်မည်။ 2အောင်မြင်သော သူရို့သည် ဝတ်ဖြူစင်ကြယ်ကို ဝတ်ရလိမ့်မည်။ ငါသည် သူရို့၏နာမည်ကို အသက်စာစောင်မှ ဖျက်ပယ်မည် မဟုတ်။ ငါသည် သူရို့နာမည်ကို ငါ၏ခမည်းတော်နှင့် ကိုယ်တော်၏ ကောင်းကင်တမန်တိရှိ့တွင် ထုတ်ဖော်ဝန်ခံမည်။

“ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသမျှသောစကားများကို ကြားတတ်သော နားဟိသောသူရို့သည် ကြားကတ်စီ။

ဖိလဒေလဖိမြို့ အသင်းတော်အတွက် သတင်းစကား

“ဖိလဒေလဖိမြို့ အသင်းတော်၏ ကောင်းကင်တမန်သို့ ဤသို့ စာရီးပီးလိုက်လော့။

“ဤသတင်းစကားသည် မြင့်မြတ်သန့်ယှင်းပြီး ဖြောင့်မှန်သောသူထံပါးမှ ဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏ တန်းခါးသော့ကို ပိုင်တော်မူ၏။ ထိုတန်းခါးကို ကိုယ်တော်ဖွင့်တော်မူသောအခါ ဇာသူမျှ မပိတ်နိုင်ပေ။ ပိတ်တော်မူသောအခါလည်း ဇာသူမျှ မဖွင့်နိုင်ပေ။ သင် ပြုသည့်အမှုကို ငါသိ၏။ သင်သည် ခွန်အား အနည်းချေသာ ဟိသော်လည်း ငါ့နာမကို မငြင်းပယ်ဘဲ ငါ့သြဝါဒကို လိုက်နာစောင့်ထိန်းခကြောင်းကို ငါသိ၏။ သင်ရို့အတွက် တန်းခါးကို ငါဖွင့်ထားယာ။ ထိုတန်းခါးကို ဇာသူမျှ မပိတ်နိုင်ပေ။ နားထောင်လော့။ ကိုယ်တိုင် ယုဒလူမျိုး မဟုတ်ဘဲ ယုဒလူမျိုးဖြစ်သည်ဟု လိမ်လည်ပြောဆိုနိန်သောသူတည်းဟူသော စာတန်မာရ်နတ်၏ အဖွဲ့ဝင်ရို့အား သင်၏ခြီရင်းသို့ လာရောက်ပျပ်ဝပ်စီမည်။ သင့်အား ငါချစ်ကြောင်းကို သူရို့ သိကြလိမ့်မည်။ သင်သည် ငါမှာထားသည့်အတိုင်း စိတ်ရှည်သည်းခံလျက် နိန်ခ၏။ သို့ဖြစ်၍ လောကတစ်ခုလုံးကို စစ်ဆီးရန် ဒုက္ခဆင်းရဲ ကျရောက်လာချိန်၌ သင့်အား ငါ ကာကွယ်စောင့်ရှောက်မည်။ ငါသည် မကြာခင် ကြွလာမည်။ သင်၏ ဆုသရဖူကို ဇာသူမျှ မလုမယူနိုင်စီခြင်းငှာ သင် ရဟိထားသောအရာကို စွဲကိုင်လော့။ 3အောင်မြင်သော သူကို ငါ၏ဘုရားသခင်ဗိမာန်တော်တွင် တိုင်ဖြစ်စီမည်။ ထိုသူရို့သည် နောင်ဇာအခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါ၏ဘုရားသခင်ထံတော်မှ ထွက်၍ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ယေရုဆလင်မြို့သစ်တည်းဟူသော ငါ့ဘုရားသခင်၏ မြို့တော်နာမကိုလည်းကောင်း၊ ငါ၏ဘုရားသခင် နာမတော်ကိုလည်းကောင်း ငါသည် ထိုသူ၌ ကမ္ပည်းရီးထိုးမည်။ ငါ၏အသစ်သော နာမတော်ကိုလည်း ထိုသူ၌ ငါရီးထိုးမည်။

“ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသော စကားများကို ကြားတတ်သောနားဟိသောသူရို့ ကြားပါစီ။

လောဒိကိအသင်းတော်အတွက် သတင်းစကား

“လောဒိကိအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။

“ဤသတင်းစကားသည် ဘုရားသခင်ဖန်ဆင်းတော်မူသော အရာအပေါင်းရို့၏ အစမူလ4ဖြစ်တော်မူသော၊ သစ္စာဟိ၍ ဖြောင့်မှန်သော သက်သီခံဖြစ်တော်မူသော အာမင်၏ ထံပါးမှ ဖြစ်၏။ သင် ပြုခသည့်အမှုကို ငါသိ၏။ သင်သည် အပူလည်း မဟုတ်၊ အအီးလည်း မဟုတ်သည်ကို ငါသိ၏။ သင်သည် အပူဖြစ်စီ၊ အအီးဖြစ်စီ တစ်ခုခုဖြစ်ရန် ငါ အလိုဟိ၏။ သို့ရာတွင် သင်သည် မပူမအီးဘဲ နွီးရုံမျှသာ ဟိသဖြင့် သင့်အား ငါ၏ခံတွင်းမှ ထွီးထုတ်မည်။ ‘ငါသည် ချမ်းသာကြွယ်ဝ၏။ ငါလိုသမျှအားလုံး ငါ၌ ဟိ၏’ ဟု သင်ဆို၏။ သို့ရာတွင် မိမိ၌ ဇာလောက် အတိဒုက္ခဖြစ်ခြင်း၊ သနားစရာကောင်းခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း ဟိနိန်သည်ကို သင်သည် မသိပါတကား။ သို့ဖြစ်၍ သင်သည် ချမ်းသာကြွယ်ဝခြင်းငှာ ရွှီစင်ကို ငါ့ထံမှ ဝယ်ယူရန် ငါအကြံပီး၏။ ထို့အပြင် သင်၏ ရှက်စရာကောင်းသော အဝတ်ဗလာဖြစ်မှုကို ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက်စိအလင်းရစီရန် မျက်စဉ်းခတ်ဆီးကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့။ 5ငါသည် ငါချစ်သော သူအပေါင်းရို့အား ဆုံးမ၍ အပြစ်ဒဏ်ပီးတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်မှု ဟိလော့။ နောင်တ ရလော့။ နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်ထက်တွင် ခမည်းတော်နှင့်အတူ ထိုင်နိန်သကဲ့သို့ အောင်မြင်သောသူအား ငါ၏ ပလ္လင်ထက်တွင် ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပီးမည်။

“အသင်းတော်ရို့အား ဝိညာဉ်တော် မိန့်တော်မူသော စကားများကို ကြားတတ်သော နားဟိသောသူရို့ ကြားပါစီ။”

Source notes (5)
  1. Cross-reference မ ၂၄.၄၃,၄၄; လု ၁၂.၃၉,၄၀; ဗျာ ၁၆.၁၅
  2. Cross-reference ဗျာ ၂၀.၁၂; မ ၁၀.၃၂; လု ၁၂.၈
  3. Cross-reference ဗျာ ၂၁.၂
  4. Footnote အစမူလ၊ သို့မဟုတ် အုပ်ချုပ်သူ။
  5. Cross-reference ဟေ ၁၂.၆

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.