ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
ဗျာဒိတ်တော် 1
ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော့်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှုခရစ်တော်၏ သက်သီခံတော်မူချက်တိကို မိမိမြင်တွိ့ရသည်အတိုင်း သက်သီခံလေ၏။ ကာလအချိန် နီးကပ်ပြီဖြစ်၍ ဤ ပရောဖက်ပြုဟောပြောထားသော စကားတိကို ဖတ်ရှုသောသူနှင့် ဤစကားတိကို ကြား၍ လိုက်နာကျင့်သုံးသောသူရို့သည် မင်္ဂလာဟိကြ၏။
အသင်းတော် ခုနစ်ပါးသို့ နှုတ်ဆက်ခြင်း
ငါ ယောဟန်ပါးမှ၊
အာယှိပြည်၌ဟိသော အသင်းတော် ခုနစ်ပါးသို့ စာရီးလိုက်ပါ၏၊
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ အစဉ်ဟိတော်မူသော ဘုရားသခင်ထံတော်မှ လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်ရှိ့၌ ဟိသော ဝိညာဉ်ခုနစ်ပါးထံမှ လည်းကောင်း၊ သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။
ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊ 2မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။ 3
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော့်ကို လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။ 4
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
ရူပါရုံအားဖြင့် ခရစ်တော်ကို မြင်ခြင်း
ငါ ယောဟန်သည်ကား သင်ရို့၏ အစ်ကိုဖြစ်ပြီး ယေသျှု၏နောက်လိုက် တစ်ယောက်ဖြစ်သည့်နည်းတူ နိုင်ငံတော်နှင့် စပ်ဆိုင်သောကြောင့် ခံရသည့် ဒုက္ခဆင်းရဲကို သင်ရို့နှင့်အတူ သည်းခံနိန်ရသောသူလည်း ဖြစ်၏။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှု ဖော်ပြသော သမ္မာတရားကို ဟောပြောကြေညာသည့်အတွက် ပတ်မုကျွန်းသို့ အပို့ခံရ၏။ သခင်ဘုရား၏ နိ့တွင် ငါသည် ဝိညာဉ်တော်ကို ခံရ၍ တံပိုးခရာသံနှင့်တူသော အသံကြီး တစ်ခုကို ငါ့နောက်၌ ကြားရ၏။ ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။
ထိုသို့ ငါ့အား ပြောနိန်သောအသံသည် ဇာသူ၏အသံ ဖြစ်ပါသနည်းဟု လှည့်၍ ငါ ကြည့်လိုက်သောအခါ ရွှီမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊ ထိုမီးခွက်တိအလယ်၌ လူသားနှင့်တူသော သူတစ်ဦးကိုလည်းကောင်း ငါတွိ့ရ၏။ ထိုသူသည် ဝတ်ရုံကို ခြီဖျားတိုင်အောင် ခြုံ၍ ရွှီရင်စည်းကို ဝတ်ဆင်ထား၏။ သူ၏ဆံပင်သည် မိုးပွင့်ကဲ့သို့ လည်းကောင်း၊ သိုးမွီးကဲ့သို့ လည်းကောင်း ဖြူ၏။ သူ၏မျက်လုံးများသည်လည်း မီးလျှံကဲ့သို့ တောက်ပလျက် နိန်၏။ သူ၏ခြီသည် မီးဖြင့် ချွတ်ထားသည့် တောက်ပသော ကြီးဝါနှင့် တူ၏။ သူ၏အသံမှာ ကြီးမားသော ရီတံခွန်၏ အသံနှင့် တူ၏။ သူသည် လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ထား၏။ သူ၏ခံတွင်းမှ ပြတ်သောသန်လျက် ထွက်လာ၏။ သူ၏မျက်နှာသည်လည်း တန်ခိုးနှင့် ထွန်းတောက်သည့် မွန်းတည့်နီ၏ အလင်းကဲ့သို့ ဖြစ်၏။ 5ထိုသူကို တွိ့သောအခါ ငါသည် သူ၏ခြီတော်ရင်း၌ လဲကျလားပြီး လူသီကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် ငါ့အထက်၌ လက်ယာလက်တော်ကို တင်တော်မူပြီးလျှင် “မကြောက်ကေ့၊ ငါသည် အစနှင့် အဆုံးဖြစ်၏။ ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။ သင် မြင်တွိ့ရသည့် အမှုအရာများမှာ အဂု ဖြစ်ပျက်နိန်သော အမှုအရာများနှင့် နောင်အခါ၌ ဖြစ်ပျက်မည့် အမှုအရာများသာ ဖြစ်၏။ ထိုအကြောင်းအရာများကို ရီးထားလော့။ ငါ၏ လက်ယာလက်တော်တွင် သင် မြင်တွိ့ရသည့် ကြယ်ခုနစ်လုံးနှင့် ရွှီမီးခွက် ခုနစ်လုံး၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်မှာ မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး ဖြစ်၍၊ ကြယ်ခုနစ်လုံးသည် ထိုအသင်းတော် ခုနစ်ပါး၏ ကောင်းကင်တမန်တိ ဖြစ်သတည်း” ဟု မိန့်တော်မူ၏။
Source notes (5)
- Cross-reference ဗျာ ၄.၅
- Cross-reference ဗျာ ၅.၁၀
- Cross-reference မ ၂၄.၃၀; မာ ၁၃.၂၆; လု ၂၁.၂၇; ၁ သက် ၄.၁၇; ယော ၁၉.၃၄,၃၇; မ ၂၄.၃၀
- Cross-reference ဗျာ ၂၂.၁၃
- Cross-reference ဗျာ ၂.၈; ၂၂.၁၃
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.