ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
ဖိလိပ္ပိ 2:3
Verse 3 is marked below, with the whole chapter around it. Read from the start
ခရစ်တော်၏ နှိမ့်ချခြင်းနှင့် ကြီးမြတ်ခြင်း
ထို့ကြောင့် သင်ရို့သည် ခရစ်တော်၌ တိုက်တွန်းခွန်အားပီးခြင်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် နှစ်သိမ့်ခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယ ဖွဲ့ခြင်းကို ရဟိကြ၏။1 သင်ရို့တွင် အချင်းချင်း သနားကြင်နာစိတ် ဟိကြ၏။ သို့ဖြစ်၍ သင်ရို့သည် တစ်စိတ်တစ်ဝမ်းတည်း ဟိခြင်း၊ အချင်းချင်း ချစ်ခြင်း၊ စိတ်သဘောတညီတညွတ်တည်း ဟိခြင်းအားဖြင့် ငါ့အား ဝမ်းမြောက်စရာအကြောင်းကို စုံလင်စီကြလော့။ ဝါကြွားလိုသောစိတ်၊ တစ်ကိုယ်ကောင်းဆန်သော စိတ်တိဖြင့် ဇာအမှုကိုမျှ မပြုကတ်ကေ့။ သူတစ်ပါးသည် မိမိထက်သာသည်ဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။ မိမိ၏အကျိုးကိုသာ မရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြလော့။ ခရစ်တော်ယေသျှု၌ ဟိသောစိတ်သဘောမျိုးကို သင်ရို့၌လည်း ဟိစီကြလော့။
ကိုယ်တော်သည် ဘုရားဇာတိတော်နှင့် အစဉ်အမြဲ ပြည့်စုံတော်မူ၏။
သို့သော် အဓမ္မနည်းဖြင့် ဘုရားသခင်နှင့်
တန်းတူဖြစ်စီခြင်းငှာ2 ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
ထိုသို့ ပြုမည့်အစား မိမိ၌
ဟိသမျှသော ဘုန်းတော်ကို အလိုအလျောက် စွန့်၍ အခိုင်းအစီတစ်ယောက်၏ သဏ္ဌာန်ကို ခံယူတော်မူ၏။
ကိုယ်တော်သည် လူ့သဏ္ဌာန်ကို ဆောင်၍ လူကဲ့သို့သော အဖြစ်ကို ခံယူတော်မူ၏။
မိမိကိုယ်ကို နှိမ့်ချပြီး လက်ဝါးကပ်တိုင်ထက်တွင်
အသီခံသည့်တိုင်အောင် နာခံ၍ လိုက်လျှောက်တော်မူ၏။
ဤအကြောင်းကြောင့် ဘုရားသခင်သည်
ကိုယ်တော့်ကို အမြင့်ဆုံးသောအရာ၌ ချီးမြှောက်တော်မူ၍၊
ဘွဲ့နာမတကာရို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပီးသနားတော်မူ၏။
ထို့ကြောင့် ကောင်းကင်အရပ်၊ မြီကြီးအရပ်၊ မြီကြီးအောက်အရပ်3၌ ဟိသော သက်ဟိအပေါင်းရို့သည်
ယေသျှု၏ နာမတော်ကို ဒူးထောက်လျက်၊
ယေသျှုခရစ်တော်သည် အသျှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံ၍၊
ခမည်းတော်ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစီကြလိမ့်မည်။
လောက၌ အလင်းများကဲ့သို့ ထွန်းလင်းတောက်ပခြင်း
သို့ဖြစ်၍ အဆွီရို့၊ ငါသည် သင်ရို့နှင့်အတူ ဟိစဉ် သင်ရို့သည် ငါ့စကားကို အစဉ်အမြဲ နားထောင်ခကြသည်နည်းတူ အဂုလည်း ငါသည် သင်ရို့နှင့် ဝီးကွာလျက် ဟိသောအခါ၌လည်း ငါ့စကားကို နားထောင်ခြင်းငှာ ပို၍ပင် အရေးကြီးပေ၏။ သင်ရို့၏ ကယ်တင်ခြင်း ပြည့်စုံစီခြင်းငှာ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် လုပ်ဆောင်လျက် နိန်ကြလော့။ အကြောင်းမူကား၊ မိမိ၏အကြံအစည်အတိုင်း သင်ရို့အထဲ၌ နာခံလိုက်လျှောက်စီရန်နှင့် စိတ်ဆန္ဒဟိစီခြင်းငှာ အစဉ်လုပ်ဆောင်သော သူသည် ဘုရားသခင် ဖြစ်၏။
သင်ရို့ လုပ်ဆောင်စရာဟိသမျှကို ငြီးငြူခြင်း၊ ငြင်းခုံခြင်းမဟိဘဲ လုပ်ဆောင်ကြလော့။ သို့မှသာ သင်ရို့သည် ပျက်စီးယိုယွင်းပြီး ဒုစရိုက်အပြစ်နှင့် ပြည့်နိန်သော လူများ နီထိုင်ရာ ဤလောကတွင် ဘုရားသခင်၏ ပြည့်စုံသော သာသားသမီးများကဲ့သို့ သန့်ယှင်းလျက်၊ အပြစ်နှင့်ကင်းသူများ ဖြစ်ကြလိမ့်မည်။ သင်ရို့သည် ထာဝရအသက်နှင့်ဆိုင်သော တရားတော်ကို ဟောပြောစဉ်၊ ထိုသူရို့အလယ်တွင် ကြယ်များသဖွယ် ထွန်းလင်းတောက်ပ ကြရမည်။ ဤသို့ ပြုကြမည်ဆိုပါက ငါ၏ ကြိုးစားလုပ်ဆောင်ခသမျှသည် အချည်းနှီးမဖြစ်သဖြင့် ခရစ်တော်၏ နိ့ရက်တွင် ငါ၌ ဂုဏ်ယူဝါကြွားစရာ အကြောင်းဟိလိမ့်မည်။
သင်ရို့၏ယုံကြည်ခြင်းကို ဘုရားသခင်အား ပူဇော်သော ယဇ်ထက်တွင် ငါ့ကို သွန်းလောင်းပူဇော်သော်လည်း ငါသည် ဝမ်းမြောက်၏။ ထိုသို့ ပြုလုပ်ရမည်ဆိုလျှင်လည်း ငါသည် သင်ရို့နှင့်အတူ ဝမ်းမြောက်၏။ ထိုနည်းတူ သင်ရို့သည်လည်း ဝမ်းမြောက်ခြင်းဟိ၍၊ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။
တိမောသေနှင့် ဧပဖြောဒိတ်
ငါသည် သင်ရို့၏အကြောင်းကို ကြားရသောအခါ စိတ်သက်သာခြင်းငှာ အသျှင်ယေသျှု အလိုတော်ဟိလျှင် တိမောသေကို သင်ရို့ပါးသို့ များမကြာခင် စီရွှတ်နိုင်လိမ့်မည်ဟု ငါ မျှော်လင့်ပါ၏။ ထိုသူ တစ်ဦးတည်းသာလျှင် ငါနှင့်သဘောချင်းတူ၍ သင်ရို့၏အကျိုးကို လိုလားသူ အမှန်ဖြစ်၏။ အခြားသောသူ အပေါင်းရို့သည်ကား ယေသျှုခရစ်တော်၏ အကျိုးကို မရှာ၊ ကိုယ့်အကျိုးကိုသာ ရှာကြ၏၊ တိမောသေနှင့် ငါသည် သားဖသဖွယ် သတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော်ကို အတူတကွ ဇာပိုင် လုပ်ဆောင်ခကြကြောင်းကို သင်ရို့ သိကြ၏။ ထို့ကြောင့် ငါ့အမှုကိစ္စသည် ဇာပိုင်ဖြစ်မည်ကို ငါ သိသောခါ သူ့အား ချက်ချင်း သင်ရို့ပါးသို့ စီရွှတ်နိုင် မည်ဟု ငါ မျှော်လင့်၏။ သခင်ဘုရားကို ယုံကြည်ကိုးစားလျက် ငါကိုယ်တိုင်ပင် မကြာမီ သင်ရို့ပါးသို့ လာနိုင်လိမ့်မည်။
ငါ၏လုပ်ဖော်ဆောင်ဖက်၊ ငါနှင့်အတူ တိုက်ပွဲဝင်ခသူ၊ ငါ့အား ပြုစုခြင်းငှာ သင်ရို့ စီရွှတ်လိုက်သောသူ၊ ငါရို့၏ညီ ဧပဖြောဒိတ်ကို သင်ရို့ပါးသို့ စီရွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။ သူသည် သင်ရို့အပေါင်းကို လွမ်းဆွတ်လျက် နိန်၏။ သူ၏ဖျားနာနိန်သည့်သတင်းကို သင်ရို့ကြား သောကြောင့် သူသည် စိတ်မချမ်းမသာ ဖြစ်လျက်နိန်၏။ သူသည် သီလုနီးပါး ဖျားနာခသည်မှာ အမှန်ပင်ဖြစ်၏။ သို့ရာတွင် ဘုရားသခင်သည် သူ့ကို သနားတော်မူလေယာ။ ထိုသူ့ကိုသာလျှင် သနားတော်မူသည် မဟုတ်၊ ငါ့ကိုလည်း ထပ်ဆင့်ဝမ်းနည်းမှုနှင့် မကြုံတွိ့စီခြင်းငှာ သနားတော်မူ၏။ ထို့ကြောင့် သင်ရို့သည် သူ့ကို တဖန် တွိ့မြင်ရသဖြင့် ဝမ်းမြောက်ကြစီခြင်းငှာ လည်းကောင်း၊ ငါ၏ ဝမ်းနည်းမှုကိုလည်း သက်သာစီခြင်းငှာ လည်းကောင်း သူ့အား သင်ရို့ပါးသို့ စီရွှတ်ရန် ငါသည် သာ၍ စိတ်အားထက်သန်လျက် ဟိ၏။ သင်ရို့သည် သခင်ဘုရား၌ သူ့အား ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ထိုသူကဲ့သို့ သူရို့ကိုလည်း ရိုသီလေးစားကြလော့။ သူသည် သင်ရို့ကိုယ်တိုင် မပီးနိုင်သည့် အကူအညီကို ငါ့အား ပီးနိုင်စီခြင်းငှာ ခရစ်တော်၏အမှုတော်ကို သီလုနီးသည်တိုင်အောင် အသက်စွန့်၍ လုပ်ဆောင်ခပေ၏။
Source notes (3)
- Footnote ဝိညာဉ်တော်နှင့် မိတ်သဟာယ ဖွဲ့ခြင်းကို ရဟိကြ၏၊ သို့မဟုတ် ဝိညာဉ်တော်သည် သင်ရို့အား အချင်းချင်း မိတ်သာဟာရ ဖွဲ့ခြင်းသို့ ပို့ဆောင်တော်မူ၏။
- Footnote တန်းတူ၊ သို့မဟုတ် ဖြစ်လာသည်။
- Footnote မြီကြီးအောက်အရပ်၊ ဤသည်ကား သီကျလားပြီးသောသူရို့သည် ကမ္ဘာမြီကြီးအောက်၌ဟိသော အမှောင်ကမ္ဘာ၌ ဆက်လက်၍ ရှင်သန်ရသောနီရာဖြစ်၏။
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.