Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ဟေဗြဲ 2

ကြီးမြတ်သောကယ်တင်ခြင်း

ထို့ကြောင့် ငါရို့သည် လမ်းမလွဲစီခြင်းငှာ ငါရို့ကြားနာပြီးသော သမ္မာတရားကို သာ၍ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရမည်။ ကောင်းကင်တမန်ရို့က ငါရို့အဖိုး အဖီးရို့အား ပီးခသော ဗျာဒိတ်တော်သည် မှန်ကန်သည်ဖြစ်၍ ထိုဗျာဒိတ်တော်ကို ငြင်းပယ်သောသူ သို့မဟုတ် မလိုက်နာသောသူရို့သည် ထိုက်တန်သော အပြစ်စီရင်ခြင်းကို ခံကြရသည်ဖြစ်၍ ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။ ထိုနည်းတူ ဘုရားသခင်သည် အမှတ်လက္ခဏာများ၊ အံ့ဩဖွယ်သောရာများနှင့် အမျိုးမျိုးသော နိမိတ်လက္ခဏာများကို ဖော်ပြတော်မူခြင်းဖြင့်လည်းကောင်း မိမိအလိုတော်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများကို ဝီငှတော်မူခြင်းအားဖြင့်လည်းကောင်း သက်သီပြတော်မူခလေ၏။

ငါရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်သူ

ဘုရားသခင်သည် ငါရို့ ပြောဆိုနိန်ကြသော ပေါ်ထွန်းလာမည့် လောကသစ်ကို အုပ်စိုးသောသူတိ အဖြစ် ကောင်းကင်တမန်တိအား ခန့်အပ်တော်မမူ။ ကျမ်းချက် တစ်ချက်၌ ဆိုထားသည်မှာ၊

“အို၊ ဘုရားသခင် လူသားသည် ဇာပိုင်သူတိဖြစ်လို့

ကိုယ်တော်သည် သူ့အကြောင်းကို စဉ်းစားနိန်ပါလဲ။ သူ့ကို ဂရုစိုက်နိန်ရပါလဲ။

ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်ရို့အောက် ခေတ္တမျှ နိ့မ့်ကျ စီတော်မူပြီ။

ကိုယ်တော်သည် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်အသရေတော်အားဖြင့် သူ့ကို သရဖူ ဆောင်းစီတော်မူပြီး၊1

သူ့အား အရာခပ်သိမ်းကို အုပ်စိုးသူအဖြစ် ခန့်အပ်တော်မူပြီ” ဟု ဆိုထားသည်မှာ

လူသားအား “အရာခပ်သိမ်းကို အုပ်စိုးပိုင်ခွင့် ပီးထားသည်” ဟူ၍ ဖြစ်၏။ သို့သော်လည်း အဂုတွင် လူသားသည် အရာခပ်သိမ်းကို အုပ်စိုးသောသူအဖြစ် မတွိ့မြင်ရသိမ့်ပေ။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။ များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။

ကိုယ်တော်သည် လူတိကို အပြစ်မှ သန့်ယှင်းစင်ကြယ်တော်မူ၏။ ကိုယ်တော်နှင့် သန့်ယှင်းစင်ကြယ်ခြင်းကို ခံရသောသူအားလုံး၏ အဖသည် တစ်ဦးတည်း ဖြစ်သောကြောင့် ယေသျှုသည် သူရို့ကို မိမိ၏ညီအစ်ကို မောင်နှမတိဟု ခေါ်ရန် ရှက်တော်မမူ။ အသျှင်ယေသျှုက ဘုရားသခင်အား လျှောက်ထားသည်မှာ

“အကျွန်သည် ကိုယ်တော် ပြုတော်မူသောအမှုကို အကျွန်၏ ညီအစ်ကို မောင်နှမတိကို ပြောကြားပါမည်။

သူရို့၏ ဝတ်ပြုစည်းဝေးပွဲ၌ ကိုယ်တော့်ကို ချီးမွမ်းပါမည်” ဟု ဖြစ်၏။

တဖန် အသျှင်ယေသျှုက “ငါသည် ဘုရားသခင်ကို ကိုးစားပါမည်။ ဤအရပ်၌ ဘုရားသခင်သည် ငါ့အား ပီးအပ်ထားသော သားသမီးတိနှင့်အတူ ဟိပါ၏” ဟု လျှောက်ထားတော်မူ၏။

အသျှင်ယေသျှုက သားသမီးတိဟု ခေါ်သော သူရို့သည် အသွီးအသားနှင့် တည်ဆောက်ထားသော လူသားတိဖြစ်သောကြောင့် ယေသျှုကိုယ်တိုင် ထိုသူရို့ကဲ့သို့ လူ့ဇာတိကို ခံယူတော်မူခ၏။ ထိုသို့ပြုခြင်းမှာ သီခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်အား မိမိ၏အသီခံခြင်းအားဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်၏။ ထို့အပြင် ဤနည်းအားဖြင့် သီခြင်းတရားကို ကြောက်၍ ဘဝတလျှောက်လုံး ကျွန်ခံနိန်ကြရသော သူတိကို လွတ်မြောက်စီတော်မူ၏။ အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တိကို ကူညီမစ တော်မူသည် မဟုတ်၊ အာဗြဟံ၏ အမျိုးအနွယ်တိကို ကူညီ မစ တော်မူ၏။ အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။ ထို့အပြင် ကိုယ်တော်သည် မိမိကိုယ်တိုင် စုံစမ်းသွီးဆောင်ခြင်းနှင့် ဆင်းရဲဒုက္ခကို ခံခရသည်ဖြစ်၍ အဂုတွင် စုံစမ်းသွီးဆောင်ခြင်းခံရသော သူတိကို ကူညီနိုင်တော်မူ၏။

Source notes (1)
  1. Footnote များစွာသော လက်ရီးမူကျမ်းများ၌ ကိုယ်တော်သည် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်အသရေတော်အားဖြင့် သူ့ကို သရဖူ ဆောင်းစီတော်မူပြီး၊ ဟူ၍ ဖြည့်စွက် ရီးသားထား၏ (ရှု ဆာ ၈.၆ )။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.