Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ဂလာတိ 2

ပေါလုနှင့် အခြားတမန်တော်များ

1

တစ်ဆယ့်လေးနှစ် ကြာပြီးနောက် ငါသည် တိတုကို ခေါ်၍ ဗာနဗနှင့်အတူ ယေရုဆလင်မြို့သို့ ပြန်တက်လားကြ၏။ အကြောင်းမူကား ငါသည် ဘုရားသခင်၏ ဗျာဒိတ်တော်အတိုင်း ဤသို့ လားရခြင်းဖြစ်၏။ ငါသည် ခေါင်းဆောင်တိနှင့် သီးသန့် တွိ့ဆုံပြီး တခြားလူမျိုးရို့အား ငါဟောပြောထားသည့် သတင်းကောင်းကို တင်ပြ၏။ ဤသို့ တင်ပြရခြင်းမှာ ငါသည် အယင်က လုပ်ခသည့် အရာများသည် လည်းကောင်း၊ အဂု လုပ်နိန်သည့် အရာများသည် လည်းကောင်း အချည်းနှီး မဖြစ်စီလိုသောကြောင့် ဖြစ်၏။ ငါ၏ အပေါင်းဖော်ဖြစ်သော တိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရီဖျားလှီးခြင်းကိုခံရန် အတင်းအကြပ် မခံယူစီ။ ဤသို့ ဆိုရခြင်းမှာ ယုံကြည်သူအဖြစ် အယောင်ဆောင်သူ တချို့သည် လျှို့ဝှက်စွာ ဝင်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသူရို့သည် ငါရို့အား ကျွန်ပြုလို၍ ခရစ်တော် ယေသျှုအားဖြင့် ငါရို့ရဟိသော လွတ်လပ်မှုကို စုံစမ်းရန် ငါရို့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။ သို့သော်လည်း စစ်မှန်သော သတင်းကောင်းသည် သင်ရို့အတွက် လုံခြုံစွာ တည်ဟိနိုင်မည်အကြောင်း ငါရို့သည် သူရို့အား တစ်ခဏမျှပင် မလိုက်လျောခပေ။

ခေါင်းဆောင်တိဟု ထင်မှတ်ရသော သူရို့သည် အယင်က ဇာပိုင်လူမျိုးပင် ဖြစ်ပါစီ ငါ့အတွက် ခြားနားခြင်းမဟိ။ ဘုရားသခင်သည် အပြင်ပန်းသဏ္ဌာန်အားဖြင့် လူတိအား အကဲဖြတ်တော်မမူ။ ဇာကြောင့်ဆိုသော် သူရို့သည် ငါဟောပြောသော သတင်းကောင်းတရား၌ ဇာတစ်ခုကိုလေ့ မဖြည့်စွက်ခပေ။ ထိုသို့ ဖြည့်စွပ်ပီးမည့်အစား ဘုရားသခင်သည် ပေတရုအား သတင်းကောင်းကို ယုဒလူမျိုးရို့ကို ဟောပြောရန် ယုံကြည် အပ်နှံတော်မူသကဲ့သို့ ငါ့ကိုလည်း တခြားလူမျိုးတိပါးသို့ သတင်းကောင်းကို ဟောပြောရန် တာဝန်ပီးတော်မူကြောင်း သူရို့သည် သိမြင်ကြလေ၏။ ဇာကြောင့်ဆိုသော် ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ပေတရုအား ယုဒလူမျိုးတိအတွက် တမန်တော်အဖြစ် ခန့်ထားတော်မူသကဲ့သို့ ငါ့ကိုလည်း အခြားလူမျိုးတိအတွက် တမန်တော်အဖြစ် ခန့်ထားတော်မူသောကြောင့် ဖြစ်၏။ ခေါင်းဆောင်တိဖြစ်ကြသည့် ယာကုပ်၊ ပေတရုနှင့် ယောဟန်ရို့က ငါ့အား ဘုရားသခင်ပီးတော်မူသော အခွင့်ထူးကို အသိမှတ်ပြုကြ၏။ ထို့ကြောင့် ငါရို့အားလုံးသည် လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည့်အနိန်ဖြင့် သူရို့သည် ဗာနဗနှင့် ငါ့အား လက်ဆွဲနုတ်ဆက်ကြ၏။ သူရို့သည် ယုဒလူမျိုးကြား၌ လည်းကောင်း၊ ဗာနဗနှင့် ငါ့အား တခြားလူမျိုးတိကြား၌ လည်းကောင်း လုပ်ဆောင်ကြရန် ငါရို့သဘောတူကြ၏။ ငါရို့သည် ဆင်းရဲသားရို့ကို အောက်မိ့စီခြင်းငှာ သူရို့က မှာကြားခ၏။ ထိုအမှုကိုပြုရန် ငါလည်း စိတ်အားထက်သန်ခြင်း ဟိခ၏2။

အန္တိအုတ်မြို့၌ ပေါလုသည် ပေတရုအား ပြစ်တင်ပြောဆိုခြင်း

သို့ရာတွင် အန္တိအုတ်မြို့သို့ ပေတရု ရောက်လာသောအခါ သူ၏အပြုအမူသည် ထင်ရှားစွာ မှားယွင်းနိန်သောကြောင့် ငါသည် သူ့အား လူတိရှိ့၌ ပြစ်တင်ပြောဆို၏။ ယာကုပ် စီရွှတ်လိုက်သော လူတချို့မရောက်ခင် ပေတရုသည် လူမျိုးခြား ယုံကြည်သူတိနှင့်အတူ စားသောက်လျက်နိန်၏။ ယေဒါလည်း ထိုသူရို့ ရောက်လာသောအခါကား လူမျိုးခြား ယုံကြည်သူတိနှင့် ပေါင်းဖော်စားသောက်ခြင်းကို မပြုယာ။ ဇာကြောင့်ဆိုသော် သူသည် အရီဖျားလှီးခြင်းမင်္ဂလာကို ခံသော သူရို့အား ကြောက်သောကြောင့် ဖြစ်၏။ အခြားသော ယုဒလူမျိုး ယုံကြည်သူ ညီအစ်ကို မောင်နှမရို့သည်လည်း ပေတရုကဲ့သို့ သူတော်ကောင်းယောင်ဆောင်သော အပြုအမူတိကို ပြုလာသဖြင့် ဗာနဗသည်ပင်လျှင် သူရို့၏ ပြုမူခြင်းသို့ လိုက်ပါလား၏။ သို့ရာတွင် သူရို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ လျှောက်လှမ်းမှုမဟိသည်ကို ငါမြင်သောအခါ သူရို့အားလုံးရှိ့တွင် ပေတရုအား “သင်သည် ယုဒအမျိုးသားဖြစ်လျက်ပင် ယုဒလူမျိုးကဲ့သို့ မဟုတ်ဘဲ တခြားလူမျိုးကဲ့သို့ ပြုမူနီထိုင်လျက်ဟိ၏။ သို့သော်လည်း တခြားလူမျိုးရို့အား ယုဒလူမျိုးကဲ့သို့ အသက်ရှင်နီထိုင်ရန် ဇာကြောင့် အတင်းအားဓမ္မ ပြုရပါသနည်း” ဟု မိန်း၏။

ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းရနိုင်ခြင်း

ငါရို့သည် ဇာတိအားဖြင့် ယုဒလူမျိုးဖြစ်ပြီး၊ “အပြစ်ကျူးလွန်သော တခြားလူမျိုးများ” မဟုတ်ကြပေ။ 3သို့သော်လည်း လူသည် ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိုင်၊ ယေသျှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ရနိုင်ကြောင်းကို ငါရို့သိကြ၏။ ငါရို့ကလည်း ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၏။ ဇာကြောင့်ဆိုသော် ပညတ်တရား၏ အကျင့်အားဖြင့် တစ်ယောက်မျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်သောကြောင့် ဖြစ်၏။ သို့ရာတွင် ငါရို့သည် ခရစ်တော်၌ ဖြောင့်မတ်ရာသို့ ရောက်နိုင်ရန် ကြိုးစားကြရာတွင် တခြားလူမျိုးတိနည်းတူ အပြစ်သားတိဖြစ်ကြောင်း တွိ့ရ၏။ သို့ရာတွင် ခရစ်တော်သည် အပြစ်တရားကို ဖြစ်စီသောသူဟု ဆိုနိုင်သလော။ လုံးဝ မဆိုနိုင်။ အကယ်၍ ငါကိုယ်တိုင် ဖြိုဖျက်ခသောအရာကို ပြန်လည် တည်ဆောက်မည်ဆိုလျှင် ငါသည် ပညတ်တရားကို ချိုးဖောက်သူဖြစ်ကြောင်း ပြသရာရောက်၏။ ဇာကြောင့်ဆိုသော် ပညတ်တရားသည် ငါ့ကို သီဆုံးစီသည်ဖြစ်သောကြောင့် ပညတ်တရားနှင့်ပတ်သတ်လျှင် ငါသည် လူသီဖြစ်၏။ သို့မှသာ ဘုရားသခင်အတွက် အသက်ရှင်နိုင်မည်ဖြစ်၏။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါသည် မငြင်းပယ်။ သို့သော်လည်း လူအပေါင်းရို့သည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရနိုင်ကြလျှင် ခရစ်တော်၏ အသီခံခြင်းသည် အချည်းနှီး ဖြစ်တော်မူ၏။

Source notes (3)
  1. Cross-reference တ ၁၁.၃၀; ၁၅.၂
  2. Footnote ဟိခ၏၊ သို့မဟုတ် ဟိခသည်။
  3. Cross-reference ရော ၃.၂၀; ၃.၂၂

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.