Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

တမန်တော် 6

ကူညီသူ ခုနစ်ယောက်

ကာလအင်တန်ကြာပြီးနောက် တပည့်တော် အရီအတွက် များပြားလာသဖြင့် ဟေလသစကားကို ပြောသော ယုဒလူမျိုးတိနှင့် ဒေသခံ ယုဒလူမျိုးရို့ကြား အငြင်းပွားကြ၏။ ဟေလသစကားကို ပြောသော ယုဒလူမျိုးရို့က မိမိရို့၏ မုဆိုးမများသည် နိ့စဉ်အစားအသောက် ထောက်ပံ့မှု၌ လစ်လျူရှု ခံထားရသောကြောင့် ပြစ်တင်ပြောဆိုကြ၏။ ထို့ကြောင့် တစ်ကျိပ်နှစ်ပါးသော တမန်တော်ရို့သည် ယုံကြည်သူအားလုံးကို စုဝေးစီပြီးလျှင်၊ “ငါရို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော် ဟောပြောမှုကို ဂရုမထူဘဲ ငွီကြေးကိစ္စကို စီမံဆောင်ရွက်ရန်မသင့်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အထဲမှ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်း ပြည့်ဝပြီးလျှင် ဂုဏ်သရေဟိသော လူခုနစ်ယောက်ကို ရွီးချယ်ကြလော့။ ငါရို့သည် ထိုသူရို့ကို ဤတာဝန်အတွက် ခန့်ထားမည်။ ငါရို့ကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဟောပြောခြင်း အမှုကိုသာ အစဉ်တစိုက် ဆောင်ရွက်ကြမည်” ဟု ဆို၏။

တမန်တော်ရို့၏ စကားကို ယုံကြည်သူအားလုံးသည် နှစ်သက်ကြသဖြင့် သူရို့သည် ယုံကြည်ခြင်းနှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှ ယုဒဘာသာသို့ ပြောင်းလဲလာသော တစ်ပါးအမျိုးသားဖြစ်သူ နိကောလ ရို့ကို ရွီးချယ်ကြ၏။ ယုံကြည်သူများက ထိုသူရို့ကို တမန်တော်ရို့ရှိ့၌ ထားကြပြီးလျှင်၊ တမန်တော်ရို့က သူရို့ဂေါင်းထက်တွင် လက်ကိုတင်၍ ဆုတောင်းပီးကြ၏။

ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ဆက်လက်၍ ပြန့်နှံ့လေ၏။ ယေရုဆလင်မြို့၌ တပည့်တော် အရီအတွက်သည်လည်း အလွန်တိုးပွားလာပြီး များစွာသော ယဇ်ပုရောဟိတ်ရို့သည် ယုံကြည်လက်ခံလာကြ၏။

သတေဖန်ကို ဖမ်းဆီးခြင်း

သတေဖန်သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ကြွယ်ဝစွာ ခံစားရသောသူဖြစ်၍၊ တန်ခိုးတော်နှင့် ပြည့်ဝသူဖြစ်သောကြောင့် ကြီးမားသော အံ့ဩဖွယ်သောအမှုအရာများနှင့် နိမိတ်လက္ခဏာများကို လူတိကြားထဲ၌ ပြလေ၏။ သို့ရာတွင် လူတချို့သည် သူ့ကို အတိုက်အခံ ပြုကြ၏။ ထိုသူရို့ကား၊ ကုရေနေနှင့် အာလေဇန္ဒြိမြို့၌ဟိသော ယုဒလူမျိုးတိပါဝင်သော လွတ်လပ်သူများ1 (ဟုခေါ်သည့်) တရားဇရပ်အဖွဲ့ဝင်များ ဖြစ်ကြ၏။ ထိုသူရို့နှင့်တကွ ကိလိကိပြည်နှင့် အာယှိပြည်မှ ယုဒအမျိုးသားတချို့ရို့သည် သတေဖန်နှင့် စတင်ငြင်းခုံကြ၏။ သို့ရာတွင် သတေဖန်သည် ဝိညာဉ်တော်ကပီးသည့် အသိပညာနှင့် ဟောပြောသဖြင့် ထိုသူရို့ မချေပနိုင်ကြပေ။ ထို့ကြောင့် သူရို့သည် လူတချို့ကို လာဘ်ထိုး၍ “ဤသူသည် မောသျှေအား လည်းကောင်း၊ ဘုရားသခင်အားလည်းကောင်း စော်ကားပြောဆိုသည်ကို ငါရို့ကြားရယာ” ဟု ပြောစီကြ၏။ ဤသို့ဖြင့် သူရို့သည် လူများ၊ အကြီးအကဲများ၊ ကျမ်းပြုဆရာများကို နှိုးဆော်ပီးကြ၏။ သူရို့သည် သတေဖန်အား ဖမ်းဆီးကာ တရားလွှတ်တော်ရှိ့သို့ ခေါ်ဆောင်လားကြ၏။ ထို့နောက် သူရို့သည် သတေဖန်၏အကြောင်းကို မမှန်သော သက်သီထွက်ဆိုရန် လူတချို့ကိုခေါ်လာ၍ “ဤသူသည် သန့်ယှင်းသောဗိမာန်တော်နှင့် မောသျှေ၏ ပညတ်တော်ကို ဆန့်ကျင်သော စကားကို အစဉ်အမြဲ ပြောဆိုပါ၏။ ထိုစကားမှာ နာဇရက်မြို့သား ယေသျှုသည် ဗိမာန်တော်ကို ဖျက်ဆီးပြီးလျှင် မောသျှေက အကျွန်ရို့အား ပီးအပ်ခသော ထုံးတမ်းစဉ်လာတိကို ပြောင်းလဲစီလိမ့်မည် ဖြစ်ကြောင်း၊ ပြောဆိုသည်ကို အကျွန်ရို့ ကြားကြပါ၏” ဟု ထွက်ဆိုကြ၏။ တရားလွှတ်တော်တွင် ထိုင်နိန်ကြသော သူအပေါင်းရို့သည် သတေဖန်ကို စိ့စိ့ကြည့်ကြသောအခါ သူ၏မျက်နှာသည် ကောင်းကင်တမန်၏ မျက်နှာနှင့် တူသည်ကို တွိ့မြင်ရကြ၏။

Source notes (1)
  1. Footnote လွတ်လပ်သူများ၊ ယုဒလူရို့၏ ကျွန်ဖြစ်ခသော်လည်း သူရို့၏လွတ်လပ်ခွင့်ကို ဝယ်ယူခသည်။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.